Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုတွင် ဒေသခံများ၏ သီးနှံခင်းများအား အဓမ္မရိတ်သိမ်းနေသော ပျူများအား ဒရုန်းဖြင့်တိုက်ခိုက်

ယမန်နေ့(ဒီဇင်ဘာ၂၆ ရက်) နံနက် ၁၁နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ ရွာသာကျေးရွာရှိ ပျူစောထီးများအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ၁၀ဦးထက် မနည်း ပြင်းထန်ဒဏ်ရာရရှိကြောင်း SBFA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရွှေဘိုတွင် ဒေသခံများ၏ သီးနှံခင်းများအား အဓမ္မရိတ်သိမ်းနေသော ပျူများအား ဒရုန်းဖြင့်တိုက်ခိုက်
ရွှေဘိုတွင် ဒေသခံများ၏ သီးနှံခင်းများအား အဓမ္မရိတ်သိမ်းနေသော ပျူများအား ဒရုန်းဖြင့်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ဒေသခံပြည်သူများ ၏ သီးနှံအခင်းများအား အဓမ္မရိတ်သိမ်းနေသော ပျူစောထီးများအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ShweBo Federal Army – SBFA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ၂၆ ရက်) နံနက် ၁၁နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ ရွာသာကျေးရွာရှိ ပျူစောထီးများအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ၁၀ဦးထက် မနည်း ပြင်းထန်ဒဏ်ရာရရှိကြောင်း SBFA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကျေးရွာတောင်သူလယ်သမားများ၏ လယ်ယာခင်း၊ စပါးသီးနှံများကို ခိုးယူဖျက်ဆီးနေသည်ကို သတင်းရရှိ၍ သွားရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

“သီးနှံတွေ ရိတ်ပြီးနားတဲ့အချိန်မှာ ချခဲ့တာပါ။”ဟု SBFA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိခိုက်သေဆုံးမှုအခြေအနေကို ထပ်မံစုံစမ်းနေသည်ဟု ၎င်းက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို ShweBo Federal Army SBFA အဖွဲ့နှင့် တိုက်နယ်(၂)ညီနောင်များ၊ မဟာမိတ်ဖြစ်သော ဝက်လက်မြို့နယ် GHOST RIDER အဖွဲ့နှင့် တိုက်နယ် (၅) နယ်မြေခံ ရဲဘော်အင်အားစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ဒီဇင်ဘာ၂၅ရက် မွန်းလွဲ ၂ နာရီ ၄၀မိနစ်ခန့်ကလည်း တန့်ဆည်မြို့နယ်၊ ဆင်ငယ်ကျေးရွာတွင် တပ်စွဲထားသော ပျူစောထီးများသည် ဖလံချိုင် ရွာအနောက်ဘက်ရှိ ပြည်သူများစိုက်ပျိုးထားသောစပါးများကို ရိတ်စက်ဖြင့် အဓမ္မရိတ်သိမ်းနေချိန်တွင် ဒေသတွင်းPDFအဖွဲ့များက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။။

You May Also Like

သတင်း

စစ်ကောင်စီဘက်က အထိနာ၍ ထိခိုက်ကျဆုံးမှုရှိနိုင်ပြီး ထပ်မံစုံစမ်းနေကြောင်း၊ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အထက်ပါ တာဝန်ခံက ပြောသည်။

သတင်း

ညနေပိုင်း၌ လူသောမြို့နယ် ကူဒေးဒေသ တွင်လည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

လက်လုပ်များဖြင့် တိုက်ခိုက်နေရခြင်းဖြစ်ပြီး အဖူးတစ်ဖူးမှာ စစ်ကောင်စီတပ်များကိုကျော်ပြီး ရွာတစ်ရွာထဲသို့ ကျရောက်ခဲ့ကြောင်း၊ ပျက်စီးထိခိုက်မှုမရှိသော်လည်း ထိုကျေးရွာရှိပြည်သူများအား တောင်းပန်ကြောင်း ၎င်းက ပြောသည်။

သတင်း

စစ်ကောင်စီတပ်၏ ကျေးရွာများကိုလက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံအရပ်သားပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရရှိမှုများ ရှိခဲ့သလို နေအိမ်အများအပြားလည်း ထိမှန်ပျက်စီးခဲ့သည်ဟု ဒေသခံတွေက ပြောဆိုသည်။