Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လှိုင်မြို့နယ်တွင် အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ဆေးရုံသို့တင်ပို့ထားရသူ ၁၇ဦးရှိ

မီးသတ်တပ်ဖွဲ့ နှင့်အတူ ရန်ကုန်မြို့ရှိ လူမှုကူညီရေး အသင်းများကကူညီကယ်ဆယ် ရေးများလုပ်ဆောင်ပေးခဲ့ရကြောင်း ဒေသခံများကပြောသည်။

ဓာတ်ပုံ - မင်္ဂလာတောင်ညွှန့်လူငယ်လူမှူကယ်ဆယ်ရေးအသင်း
ဓာတ်ပုံ - မင်္ဂလာတောင်ညွှန့်လူငယ်လူမှူကယ်ဆယ်ရေးအသင်း

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင်ဖြစ်ခဲ့သော အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် အသက်ရှုကြပ် မေ့လဲသူ ၂၀ဦးထက်မနည်းရှိပြီး ဆေးရုံသို့တင်ပို့ထားရသူ ၁၇ ဦးရှိကြောင်း မင်္ဂလာတောင်ညွှန့်လူငယ်လူမှူကယ်ဆယ်ရေးအသင်းက အသိပေးထားသည်။

“အမိုးနီးယားဂတ်စ်အိုးယိုစိမ့်မှုကြောင့် အသက်ရှုကြပ်မေ့လဲသူ (၂ဝ) ဦးထက်မနည်းရှိ လက်ရှိတွင် အင်းစိန်ဆေးရုံသို့ အမျိုးသား(၇) ဦးနှင့် အမျိုးသမီး(၉) ဦး၊ ပေါင်း(၁၆) ဦး နှင့် မြောက်ဥက္ကလာဆေးရုံသို့ အမျိုးသမီး(၁) ဦးအား ဆေးကုသရန် ပို့ဆောင်ထားပြီး စိုးရိမ်ရသည့်အခြေအနေမျိုး မရှိတော့ကြောင်း သိရသည်။ “ဟု အဆိုပါ အသင်းက ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၁၂ ရက် ည ၉ နာရီခန့်တွင် လှိုင်မြို့နယ် (၁၆) ရပ်ကွက် မာလာမြိုင် (၂)လမ်းရှိ ရတနာစုကုမ္ပဏီပိုင် ရေခဲစက်မှ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ခဲ့သောကြောင့် အနီးပတ်ဝန်းကျင်မှ ပြည်သူများအသက်ရှူကြပ်ခြင်း ၊ မျက်လုံးစပ်ခြင်း စသည့် လက္ခဏာများအပါအဝင်မေ့လဲသူများရှိခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

ထို့ကြောင့် မီးသတ်တပ်ဖွဲ့ နှင့်အတူ ရန်ကုန်မြို့ရှိ လူမှုကူညီရေး အသင်းများကကူညီကယ်ဆယ် ရေးများလုပ်ဆောင်ပေးခဲ့ရကြောင်း ဒေသခံများကပြောသည်။

အနီးပတ်ဝန်းကျင်၌ ပြန့်နှံ့နေ‌သော ဓာတ်ငွေ့များကို လေမှုတ်စက်များဖြင့် ရှင်းလင်းပေးခဲ့ပြီး ည ၁၀ နာရီ ၄၇ မိနစ်တွင် ဓာတ်ငွေ့များကို ရှင်းလင်းနိုင်ခဲ့သည်ဟု မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

You May Also Like

သတင်း

အမိုးနီးယား ယိုစိမ့်မှုကြောင့် မူးလဲသွားသည့် ပြည်သူများကို လူမှုကူညီရေးအဖွဲ့များ ရောက်ရှိကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးနေကြောင်း လှိုင်မြို့နယ် ပရဟိတလူငယ်များအသင်းက ဆိုသည်။

သတင်း

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်က အခင်းဖြစ်နေရာ ဗဟိုလမ်းအားပိတ်ဆို့စစ်ဆေးနေပြီး ပါရမီလမ်းတစ်လျှောက်ကင်းပုန်းများပါချထားကြောင်းလည်း မျက်မြင်တွေ့ရှိသူများက အသိပေးသည်။

သတင်း

လှိုင်မြို့နယ်၊ လျှပ်စစ်မီတာရုံးသည် မကြာခဏဗုံးပစ်ခံရပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်က စစ်ကောင်စီဝင်များ၏ ဘန်ကာကို ​ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အစောင့်စစ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း

ယနေ့(စက်တင်ဘာ ၁၇ ရက်) နံနက် ၈နာရီခန့်တွင် လှိုင်မြို့နယ် (၁၃)ရပ်ကွက် ရတနာလမ်း ပေါ်တွင် ရာအိမ်မှူးအောင်စိုးမှာ သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခံရခြင်းဟု ဆိုသည်။