Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို – ကျောက်မြောင်းလမ်း၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပစ်ခတ်နေ၍ ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် သတိပေး

ယနေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက် ၆ နာရီ မိနစ် ၄ဝခန့်က ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ ခမရ(၁၂)မှ လာသော စစ်ကောင်စီတပ်သည် ရွှေဘိုမြို့နယ် မောင်းတက်ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်နေကြောင်း ဒေသခံများက ပြောသည်။

(ဇန်နဝါရီ ၁၁ ရက်က ရွှေဘို-ကျောက်မြောင်းလမ်း၌ မိုင်းထိခဲ့သော စစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်)
(ဇန်နဝါရီ ၁၁ ရက်က ရွှေဘို-ကျောက်မြောင်းလမ်း၌ မိုင်းထိခဲ့သော စစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းဘေးရှိ ကျေးရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပစ်ခတ်ဝင်ရောက်နေ၍ ပြည်သူ များ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးသည်။

ယနေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက် ၆ နာရီ မိနစ် ၄ဝခန့်က ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ ခမရ(၁၂)မှ လာသော စစ်ကောင်စီတပ်သည် ရွှေဘိုမြို့နယ် မောင်းတက်ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်နေကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ကော့ကျေးရွာမှ စစ်ကောင်စီတပ်နှင့်ပျူများကလည်း တအုံကျေးရွာသို့ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ရွှေဘို- ကျောက်မြောင်းလမ်းပိုင်းအား သွားလာအသုံးမပြုရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီခန့်ကလည်း ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် စစ်ကား နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

ဇန်နဝါရီ ၁ဝရက်ကလည်း မြင်းခြံခရိုင် မြင်းခြံ - မြို့သာလမ်းတွင် စစ်ကောင်စီယာဥ်သုံးစီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

သတင်း

ဇန်နဝါရီ ၆ရက်က ခလရ (၂၆၆)တပ်ရင်းမှပြည်သူ့ဘက်တော်သား ၁ဦး MA1 သေနတ် ၁လက် ၊ ကျည်များနှင့်အတူ လာရောက်ပူးပေါင်းလာခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

သတင်း

တောပုရွာပျူများနှင့် ဒေသကာကွယ်ရေးအဖွဲ့များ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

သတင်း

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၆ရက်က စိုင်ပြင်မှတဆင့် မန်ကျည်းစောက်ကျေးရွာကို ဒုတိယအကြိမ်မြောက်ထပ်မံဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၉ လုံးမီးလောင်ပျက်စီးခဲ့သည်။