Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်မြို့နယ်တွင် မိုင်းလာရှင်းသည့် စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်

အဆိုပါ စစ်ဆင်ရေးကို မြိုင်(ပကဖ)ရင်း -၁ နှင့် Anonymous Special Task Force ပူးပေါင်းအဖွဲ့သားများက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ဆင်ရေးတွင်တွေ့ရသည့် ရဲဘော်များ၊ ဓာတ်ပုံ-ASTF-Pauk
စစ်ဆင်ရေးတွင်တွေ့ရသည့် ရဲဘော်များ၊ ဓာတ်ပုံ-ASTF-Pauk

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် မိုင်းလာရှင်းသည့် စစ်ကောင်စီတပ်နှင့်ပျုစောထီးများအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောကြားသည်။

ယမန်နေ့(ဇန်နဝါရီ ၁၂ ရက်)မွန်းလွဲ ၁၂နာရီခွဲခန့်က ပေါက်မြို့နယ်ရှိ ပျူစောထီးကြီးစိုးရာ ကုက္ကိုစုကျေးရွာမှ ပျူနှင့် စစ်ကောင်စီတပ်သားများ ပူးပေါင်းပြီး လယ်ဘဲ့ကျေးရွာဘက်သို့ဦးတည်ကာ ကင်းပတ်ထွက်လာခဲ့သည်။

ထိုအချိန်တွင် PDFအဖွဲ့များထောင်ထားသောမိုင်းများအား ဖျက်ဆီးရန်ရောက်လာစဥ် မိုင်းထိသွားခဲ့ကြောင်း၊ ထို့အပြင် အသင့်စောင့်နေသော ရဲဘော်များက ပီပါမိုင်းဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့်ပျူ စုစုပေါင်း လေးဦး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောသည်။

Public Service Announcement
Public Service Announcement

“လေးယောက်မှာ နှစ်ကောင်သေ၊ နှစ်ကောင်ဆေးကုနေတယ်လို့ ထပ်မံသိရတယ်။”ဟု ကိုလယျာ်က ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို မြိုင်(ပကဖ)ရင်း -၁ နှင့် Anonymous Special Task Force ပူးပေါင်းအဖွဲ့သားများက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက် ညနေ ၃ နာရီခန့်ကလည်း ကုက္ကိုစုရွာရှိ စစ်ကောင်စီတပ်နှင့် ပျူများကင်းပတ်ထွက်လာချိန် Anonymous Special Task Force -Pauk ရဲဘော်များက

Rocket (၆)လုံး၊ လက်နက်ကြီး(၁၁)လုံးနှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်မှုများ ရှိခဲ့သည်။

You May Also Like

သတင်း

ဇန်နဝါရီ ၁ဝရက်ကလည်း မြင်းခြံခရိုင် မြင်းခြံ - မြို့သာလမ်းတွင် စစ်ကောင်စီယာဥ်သုံးစီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

သတင်း

ယနေ့ နေ့လယ် ၂ နာရီ ၄၅မိနစ်ခန့်က တာမွေမြို့နယ် က+ခ ရပ်ကွက်၊ ၁၆၂ လမ်းအတွင်း လူဦးရေစာရင်းလိုက်ကောက်နေသည့် စစ်ကောင်စီလက်အောက်ခံ လူအုပ်စုအား လက်ပစ်ဗုံးတစ်လုံးပစ်ခတ်၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

ထိုစစ်ဆင်ရေးများကို မြိုင်မြို့နယ်ပြည်သူ့ကွာကွယ်ရေးတပ်ဖွဲ့ ( မြိုင်-ပကဖ) တပ်ရင်း( ၁ ) တပ်ခွဲ - ၁ နှင့် တပ်ခွဲ - ၂ ( ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဝက်လက်မြို့နယ်၊ ရွှေဘို - မန္တလေးလမ်းမကြီးပေါ်၊ စိုင်နိုင်ကွေ့ရှိ စစ်ကောင်စီတပ်များသည် PDF အယောင်ဆောင်၍ပါ ပြည်သူများအား ခြိမ်းခြောက်စစ်ဆေးငွေတောင်းလေ့ရှိကြောင်း ဒေသခံများက ပြောသည်။