Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

Grand Royal မီးလောင်မှု အချိန် ၅နာရီကျော်ကြာမြင့်ပြီး မီးသတ်တပ်ဖွဲ့ဝင် ၁၀ဦးကျော်ဒ​ဏ်ရာရ

Grand Royal အရက်ချက်စက်ရုံ မီးလောင်ကျွမ်းနေရာ မီးငြှိမ်းသတ်မှု အဆင့်(၃) သတ်မှတ်ခဲ့ရပြီး ည ၈နာရီ ၃၇ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့​ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - MFSD ၊ သုခကာရီလူမှု ကယ်ဆယ်ရေးအသင်း
ဓာတ်ပုံ - MFSD ၊ သုခကာရီလူမှု ကယ်ဆယ်ရေးအသင်း

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် လိပ်ပုတ်ကျေးရွာအုပ်စု၊ အမှတ် (၄)လမ်းမကြီးရှိ Grand Royal အရက်ချက်စက်ရုံသည် ယနေ့ ညနေ ၃နာရီကျော်က စတင်လောင်ကျွမ်းခဲ့ရာ ည ၈နာရီခွဲကျော်မှသာ မီးထိန်းနိုင်ခဲ့​ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ အချိန် ၅ နာရီကျော် ကြာမြင့်ခဲ့ပြီး အရက်ချက်စက်ရုံအတွင်းရှိ အရက်ပေပါအချို့ ပေါက်ကွဲမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင်နှင့် လူမှုကူညီရေးအဖွဲ့ဝင် စုစုပေါင်း ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပရဟိတအဖွဲ့က ဆိုသည်။

” အရက်ချက်စက်ရုံ အတွင်းပိုင်းက ပေါက်ကွဲမှုကြောင့်ရော၊ မီးခိုးမွှန်ပြီး အသက်ရှုကြပ်တာတွေ ကြောင့် ၁၀ ဦးကျော်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေ များပါတယ်။ သူတို့ အားလုံးကို ဆေးရုံကိုပို့ပြီး ကုသမှုခံယူနေကြပါတယ်။ ဒဏ်ရာအခြေအနေကိုတော့ သေချာမသိရသေးပါဘူး “ဟု ၎င်းက ပြောသည်။

Grand Royal အရက်ချက်စက်ရုံ မီးလောင်ကျွမ်းနေရာ မီးငြှိမ်းသတ်မှု အဆင့်(၃) သတ်မှတ်ခဲ့ရပြီး ည ၈နာရီ ၃၇ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့​ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိတွင် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားသည့် အကြောင်းအရင်းကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

You May Also Like

သတင်း

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်းရှိ Grand Royal အရက်ချက်စက်ရုံ မီးလောင်​ကျွမ်းနေရာမီးအားများသဖြင့်အဆင့်၃ ( Level 3) အဆင့် ဖြင့်မီးငြိမ်းသတ်လျက် ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။ ​မှော်ဘီမြို့နယ် လိပ်ပုတ်ကျေးရွာအုပ်စု၊ အမှတ် ၄လမ်းမကြီးရှိ​သောနာမည်ကြီး အရက်စက်ရုံမှာယနေ့ (ဇန်နဝါရီ ၁၃) ညနေ ၃ နာရီခွဲခန့်က...

ဗီဒီယို

ဟိုတယ်ရဲ့ ဖွဲ့စည်းပုံအရ စင်္ကြန်လမ်းတွေက ကျဉ်းမြောင်းပြီး ရှုပ်ထွေးတာကြောင့်လည်း ဧည့်သည်တွေ လွတ်မြောက်အောင် ထွက်ပြေးရာမှာ အခက်အခဲတွေ ရှိခဲ့တယ်လို့ ယုံကြည်ရကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိတွေက မှတ်ချက် ပေးထားပါတယ်။

သတင်း

မူးကြီးကျေးရွာသည် နေအိမ် ၄၀၀ ဝန်းကျင်ရှိပြီး ခန့်မှန်းခြေ နေအိမ် ၁၅၀ခန့်မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ အဘွားအိုတစ်ဦးမှာ ထွက်မပြေးနိုင်၍ မီး​လောင်သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

သတင်း

"ဝန်သိုက ၁၁ယောက်ကတော့ ဘယ်သူတွေက ဖမ်းသွားလဲ မသိရသေးဘူး။ ကသာမှာတုန်းကတော့ တစ်ယောက်တည်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းသွားတာ။ နောက်နေ့ ပြန်လွှတ်ပေးတယ်" ဟု ကသာမြို့ခံတစ်ဦးကပြောသည်။