Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNUတပ်မဟာ(၃)နယ်မြေ မုန်းဒေသကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒေသခံအချို့သေဆုံး

လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအိမ် လေးလုံးထက်မနည်းပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် စပါးကျီ (၂)လုံးလည်းပျက်စီးခဲ့ရသည်ဟု ဆိုသည်။

ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံသားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံသားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

ဒေသခံ ၁,၆၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက် ကြီးပစ်ခတ်မှုပြုလုပ်ခဲ့၍ ဒေသခံအချို့ သေဆုံးပြီး နေအိမ်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရကြောင်း KNUဗဟိုက ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၁ရက် နေ့မှစ၍ ၁၃ရက်အတွင်း စစ်ကောင်စီတပ်က KNU မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီး (၃၈)လုံးခန့် ပစ်ခတ် ခဲ့သည့်အပြင် ဒရုန်းဖြင့်လည်း ဗုံးသီး လေးလုံးထက်မနည်းပစ်ချခဲ့ကြောင်း ဖော်ပြသည်။

ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံသားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံသားများအား တွေ့ရစဉ်၊ ဓာတ်ပုံ – KNU

စစ်ကောင်စီ၏ ခမရ(၃၅၁)/ခလရ(၆၀)တပ်မှ မုန်းဒေသရှိ နောင်ကုန်း၊ တမာခေါ၊ တောင်စု (ရှေ့,နောက်)၊ သပြေကုန်း၊ မျက်ရဲ(ဗမာ) ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဇန်နဝါရီ ၁၁ရက်တွင် ဒေသခံပြည်သူတစ်ဦး လက်နက်ကြီး ထိမှန် အသက်ဆုံးရှုံးခဲ့ရသည်ဟုထုတ်ပြန်သည်။ ထို့ပြင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ မျက်ရဲ(ဗမာ) ကျေးရွာအတွင်းသို့ ဝင်ရောက်ပစ်ခတ်ရာ ဒေသခံ ပြည်သူတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ရကြောင်းလည်း ဖော်ပြသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအိမ် လေးလုံးထက်မနည်းပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် စပါးကျီ (၂)လုံးလည်းပျက်စီးခဲ့ရသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ ဒေသတွင်းကျေးရွာများမှ အိမ်ခြေ ၂၈၇ အိမ်မှ လူဦးရေ စုစုပေါင်း ၁,၆၁၆ဦး ရှိခဲ့သည်ဟုဆိုသ်။ ယမန်နေ့တွင် ကျေးရွာအတွင်း ပြန်လည်နေထိုင်ကြသူများ လည်းရှိကြောင်း KNUက ထုတ်ပြန်သည်။

You May Also Like

သတင်း

ယနေ့(ဇန်နဝါရီ ၁၅ ရက်) နံနက်ပိုင်းက စတင်ကျင်းပခဲ့သော ကယားဒေးအခမ်းအနားကို ဗုံးရှစ် လုံးထက်မနည်းတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးများဖြင့် လွိုင်ကော်မြို့နှင့် ဒီးမော့ဆို အနောက်ဘက်ခြမ်းသို့ စစ်ကောင်စီက ဦးတည်ပစ်ခတ်နေခြင်းဟု ဆိုသည်။

သတင်း

ယနေ့ (ဇန်နဝါရီ ၁၄ ရက်)နံနက် ၉နာရီဝန်းကျင်က နွားထိုးကြီးမြို့၊ နွားစျေးကွင်းတွင် လိုင်းကြေးလာကောက်သော နယ်ထိန်းရဲတပ်ကြပ်သန်းဇော်မင်းဆိုသူနှင့် ၎င်း၏တပည့်ရဲတပ်သား အောင်ကျော်ဖြိုးတို့အား NPDF အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ရာ နှစ်ဦးလုံး ပွဲချင်းပြီးသေဆုံးသွားကြောင်း NPDFအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဒေသခံများ၏ နေအိမ်အများအပြား ကြေမွပျက်စီးခဲ့ပြီး နေအိမ်အများအပြား ဗုံးကျည်ဆံ ထိမှန် ပျက်စီးမှုရှိခဲ့ကြောင်း အသေးစိတ်ဖော်ပြထားသည်။

သတင်း

တိုက်ပွဲအတွင်း ၂ ဖက်အကျအဆုံးရှိခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဆီက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့သိရပါတယ်။