Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကယားပြည်နယ်နေ့အခမ်းအနား တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့်ပစ်ခတ်နေ

ယနေ့(ဇန်နဝါရီ ၁၅ ရက်) နံနက်ပိုင်းက စတင်ကျင်းပခဲ့သော ကယားဒေးအခမ်းအနားကို ဗုံးရှစ် လုံးထက်မနည်းတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးများဖြင့် လွိုင်ကော်မြို့နှင့် ဒီးမော့ဆို အနောက်ဘက်ခြမ်းသို့ စစ်ကောင်စီက ဦးတည်ပစ်ခတ်နေခြင်းဟု ဆိုသည်။

(လွိုင်ကော်မြို့တွင် စစ်ကောင်စီအသုံးပြုတိုက်ခိုက်နေသည့် တိုက်လေယာဉ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

ကယားပြည်နယ်နေ့ အခမ်းအနား တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီးအပါအဝင် တိုက်လေယာဥ်ဖြင့်ပါ ရမ်းသမ်းပစ်ခတ်နေကြောင်း လွိုင်ကော်မြို့ခံများက လူထုနွေဦးသတင်းဌာနသို့ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၅ ရက်) နံနက်ပိုင်းက စတင်ကျင်းပခဲ့သော ကယားဒေးအခမ်းအနားကို ဗုံးရှစ် လုံးထက်မနည်းတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးများဖြင့် လွိုင်ကော်မြို့နှင့် ဒီးမော့ဆို အနောက်ဘက်ခြမ်းသို့ စစ်ကောင်စီက ဦးတည်ပစ်ခတ်နေခြင်းဟု ဆိုသည်။

“လွိုင်ကော်မီးသတ်ကုန်းလမ်းကြားထဲက အိမ်နားစကစရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ပြည်သူတစ်ဦး အစထိမှန်ခဲ့ပြီး သေဆုံးထားတယ်။တခြားထိခိုက်မှုအခြေအနေတော့မသိရသေးဘူး”ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။

အလားတူ နံနက် ၁၀နာရီခန့်ကစ၍ ကင်းထောက် နှင့် တိုက်လေယာဥ်များအသုံးပြု၍ စစ်ကောင်စီက ထောက်လှမ်းပစ်ခတ်နေကြောင်းလည်း ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

“လက်နက်ကြီးတွေက ဒီးမော့ဆိုအနောက်ဘက် ခြမ်းကို အတွဲလိုက်ကျနေတယ်။လေယာဥ်တွေက လည်း ပျံနေတုန်းပဲ။ရမ်းသမ်းပစ်ခတ်ပြီးအရပ်သားတွေထိခိုက် နိုင်လို့ စိတ်ပူရတယ်”ဟု ၎င်းက ရှင်းပြသည်။

ယနေ့နံနက်ပိုင်းက ကယားပြည်နယ်နေ့အခမ်း အနားပြုလုပ်သည့် ပြည်နယ်ခန်းမ၌ စစ်ကောင်စီ နှင့်ဆက်စပ်သည့် ထိခိုက်သူသုံးဦးထက်မနည်းရှိခဲ့ကြောင်းလည်း အဆိုပါအခမ်းအနားနှင့်နီးစပ် သူက ပြောသည်။

ထို့အပြင် ဗုံးပေါက်ကွဲပြီးနောက် အခမ်းအနားလာရောက်သူများကိုပါ စစ်ကောင်စီက ခန်းမအတွင်းမှ ပေးမပြန်သဖြင့် ရုန်းရင်းဆန်ခတ်မှုများရှိခဲ့ကြောင်းလည်း သိရသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီက ပြုလုပ်သည့် ကယားပြည်နယ်နေ့ ပွဲတော်(ကယားဒေးပွဲ) အပါအဝင် ပွဲနှင့်ဆက်စပ်သည့် လူစုလူဝေးရှိရာ နေရာများကိုသွားရောက်ခြင်း မပြုကြရန် PDF Loikaw က ယခုလ ၁၃ ရက်တွင် သတိပေးသည်။

You May Also Like

သတင်း

မီးရှို့ဖျက်ဆီးခံရ၍ ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် ၄၈၄၆၃ လုံးအနက် စစ်ကိုင်းတိုင်းရှိ ကျေးရွာများမှ နေအိမ် ၃၆၆၆၇ လုံးပါဝင်ပြီး မကွေးတိုင်းမှ အိမ်ခြေ ၈၅၀၀ ကျော်ပါဝင်သည်။

သတင်း

MNDAAနှင့် စစ်ကောင်စီတပ်သည် ရှမ်းမြောက် သိန္နီ၊ လားရှိုး၊ မုံးကိုးနှင့် ချင်းရွှေဟော်ဒေသများ၌ တိုက်ပွဲများမကြာခဏဖြစ်ခဲ့သည်။

သတင်း

ယနေ့(ဇန်နဝါရီ ၁၅ ရက်) နံနက်ပိုင်းကစတင်ကျင်းပခဲ့သော ကယားဒေးအခမ်းအနားကို ဗုံးဖြင့်ရှစ်လုံးထက်မနည်း ဖောက်ခွဲတိုက်ခိုက်ခံရသည်ဟု ဆိုသည်။

သတင်း

လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအိမ် လေးလုံးထက်မနည်းပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် စပါးကျီ (၂)လုံးလည်းပျက်စီးခဲ့ရသည်ဟု ဆိုသည်။