Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူ – မြိုင် ကားလမ်းအနီး စစ်အုပ်စုယာဥ်တန်းအား ဒေသကာကွယ်ရေးတပ်များ မိုင်းဆွဲတိုက်ခိုက်

ကား သုံးစီးအနက် တစ်စီးမှာမြောက်တက်သည်အထိ ဖြစ်ခဲ့ပြီး မတ်တူးကားပေါ်ပါလာသော စစ်ကောင်စီတပ် သားများ အပြင်းအထန်ဒဏ်ရာရပြီး နှစ်ဦးသေဆုံးသည်ဟု YoungForce (UG)အဖွဲ့က ဆိုသည်။

YoungForce (UG)အဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ-YoungForce (UG)
YoungForce (UG)အဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ-YoungForce (UG)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-မြိုင် ကားလမ်းမကြီးအနီးတွင် စစ်အုပ်စု၏ မော်တော်ယာဥ်တန်းအား မျှားခေါ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း YoungForce (UG)အဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၁နာရီဝန်းကျင်က ပခုက္ကူ-မြိုင် ကားလမ်းမကြီးအနီးတွင် စစ်ကောင်စီတပ်သား၊ ရဲနှင့် ပျူစောထီးများအား ကာကွယ်‌ ရေးတပ်ဖွဲ့ရဲဘော်များက အယောင်ပြမျှားခေါ်ပြီးနောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း YoungForce (UG)အဖွဲ့က အသိပေးသည်။

ကား သုံးစီးအနက် တစ်စီးမှာမြောက်တက်သည်အထိ ဖြစ်ခဲ့ပြီး မတ်တူးကားပေါ်ပါလာသော စစ်ကောင်စီတပ် သားများ အပြင်းအထန်ဒဏ်ရာရပြီး နှစ်ဦးသေဆုံးသည်ဟု YoungForce (UG)အဖွဲ့က ဆိုသည်။

ပစ်ခတ်တိုက်ခိုက်ရန် အစီအစဥ်ဆွဲထားသော်လည်း လက်နက်နှင့် လူအင်အား မမျှခြင်း၊ စစ်ကူများ အလျင်မြန် ရောက်လာခြင်းများကြောင့် ရဲဘော်များ ဆုတ်ခွာခဲ့သည်ဟု ၎င်းအဖွဲ့က အသိပေးသည်။

ကျန်ကားတစ်စီးမှာ လုံးဝပျက်စီးသွားပြီး ကားနှင့်ပြန်ဆွဲကာ ဒဏ်ရာရစစ်သားများအား လာရောက် သယ်သွားပြီး အနီးဝန်းကျင်ကို လက်နက်ကြီး ငါးချက်ထက်မနည်း ပစ်ခတ်သွားကြောင်း YoungForce (UG)အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ စစ်ဆင်ရေးကို BraveEaglesYGN(UG)၊သံမဏိသိန်းငှက် (မြိုင်) ၊ PeopleSafeArmy၊

ThuRain(TR)တပ်ခွဲ၊ ပခုက္ကူမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ YoungForce(UG) တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ YoungForce (UG)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

You May Also Like

သတင်း

အဆိုပါ စစ်ဆင်ရေးကို မြိုင်(ပကဖ)ရင်း -၁ နှင့် Anonymous Special Task Force ပူးပေါင်းအဖွဲ့သားများက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

ပခုက္ကူမြို့တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်တစ်စီး လူနှစ်ယောက်မစီးရန်နှင့် ညနေ ၆နာရီမှ နံနက် ၈ နာရီအတွင်း ဆိုင်ကယ်မစီးရအမိန့်ကို အဓမ္မ ထုတ်ပြန်ထားသည်။

သတင်း

ဇန်နဝါရီ ၁ဝရက်ကလည်း မြင်းခြံခရိုင် မြင်းခြံ - မြို့သာလမ်းတွင် စစ်ကောင်စီယာဥ်သုံးစီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

သတင်း

ယနေ့ နေ့လယ် ၂ နာရီ ၄၅မိနစ်ခန့်က တာမွေမြို့နယ် က+ခ ရပ်ကွက်၊ ၁၆၂ လမ်းအတွင်း လူဦးရေစာရင်းလိုက်ကောက်နေသည့် စစ်ကောင်စီလက်အောက်ခံ လူအုပ်စုအား လက်ပစ်ဗုံးတစ်လုံးပစ်ခတ်၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။