Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နွားထိုးကြီး နွားစျေးသို့လိုင်းကြေးလာတောင်းသည့် ရဲနှစ်ဦး ပစ်ခတ်ခံရ၊ လက်နက်နှင့် ကျည်များပါ သိမ်းဆည်းရမိ

ယနေ့ (ဇန်နဝါရီ ၁၄ ရက်)နံနက် ၉နာရီဝန်းကျင်က နွားထိုးကြီးမြို့၊ နွားစျေးကွင်းတွင် လိုင်းကြေးလာကောက်သော နယ်ထိန်းရဲတပ်ကြပ်သန်းဇော်မင်းဆိုသူနှင့် ၎င်း၏တပည့်ရဲတပ်သား အောင်ကျော်ဖြိုးတို့အား NPDF အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ရာ နှစ်ဦးလုံး ပွဲချင်းပြီးသေဆုံးသွားကြောင်း NPDFအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရဲနှစ်ဦးထံမှ သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-NPDF
ရဲနှစ်ဦးထံမှ သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-NPDF

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် နွားစျေးသို့ လိုင်းကြေးလာကောက်သည့် ရဲနှစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်နက်နှင့်ကျည်များ သိမ်းဆည်းရမိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း Natogyi People Defence Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၁၄ ရက်)နံနက် ၉နာရီဝန်းကျင်က နွားထိုးကြီးမြို့၊ နွားစျေးကွင်းတွင် လိုင်းကြေးလာကောက်သော နယ်ထိန်းရဲတပ်ကြပ်သန်းဇော်မင်းဆိုသူနှင့် ၎င်း၏တပည့်ရဲတပ်သား အောင်ကျော်ဖြိုးတို့အား NPDF အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ရာ နှစ်ဦးလုံး ပွဲချင်းပြီးသေဆုံးသွားကြောင်း NPDFအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

၎င်းတို့ထံမှ အူစီ ၁ လက်၊ ကျည်ဘောက်၂ခု၊ (9MM) ကျည် ၁၅၆တောင့်နှင့် ဖုန်းတစ်လုံးတို့အား သိမ်းဆည်းနိုင်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

“သူတို့ဘက်က ပြန်ပစ်နိုင်တဲ့ အခြေအနေမျိုးမရှိဘူး။ လာတာကလည်း ဆိုင်ကယ်နဲ့နှစ်ယောက်တည်းလာတယ်။ နွားစျေးကွင်းမှာ ဆပ်ကြေးကောက်တယ်။ ဂျင်ဝိုင်းတွေ ဆပ်ကြေးကောက်တယ်။ အဲဒါကို နွားစျေးကွင်းမှာ ရှင်းလိုက်နိုင်တာ။”ဟု NPDF အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ အလောင်းနှစ်လောင်းအား ၁၅မိနစ်အကြာတွင် အင်အားအများအပြားဖြင့် လာရောက် သယ်ယူသွားကြောင်း သိရသည်။

နယ်ထိန်းနှင့် ရဲအပေါင်းအပါများသည် နွားထိုးကြီးမြို့နယ်အတွင်းရှိ ပြည်သူများထံမှ ခြိမ်းခြောက်၍ ငွေတောင်းခံခြင်း၊ လောင်းကစားသမားများထံမှ လိုင်းကြေးကောက်ခံခြင်း၊ နိူင်ငံရေးပုဒ်မဖြင့် ချိတ်ပိတ်ခံထားရသည့် ပစ္စည်းများ ခိုးယူလုယက်ခြင်းများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သောကြောင့် သုတ်သင်ရှင်းလင်းခဲ့ရခြင်း ဖြစ်ကြောင်း NPDFက အသိပေးသည်။

You May Also Like

သတင်း

ယနေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက် ၆ နာရီ မိနစ် ၄ဝခန့်က ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ ခမရ(၁၂)မှ လာသော စစ်ကောင်စီတပ်သည် ရွှေဘိုမြို့နယ် မောင်းတက်ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဇန်နဝါရီ ၁ဝရက်ကလည်း မြင်းခြံခရိုင် မြင်းခြံ - မြို့သာလမ်းတွင် စစ်ကောင်စီယာဥ်သုံးစီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

သတင်း

ဇန်နဝါရီ ၆ရက်က ခလရ (၂၆၆)တပ်ရင်းမှပြည်သူ့ဘက်တော်သား ၁ဦး MA1 သေနတ် ၁လက် ၊ ကျည်များနှင့်အတူ လာရောက်ပူးပေါင်းလာခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

သတင်း

လက်နက်အပ်ခဲ့သည့် မောင်မင်းမင်းစိုးအပါ အဝင်မိသားစုဝင်များကို ဘေးကင်းလုံးခြုံစွာ စောင့်ရှောက်ကူညီပေးထားကြောင်းလည်း အသိပေးသည်။