Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်တွင် စစ်ကောင်စီပြုလုပ်သည့် ကယား ပြည်နယ်နေ့အခမ်းအနား တိုက်ခိုက်ခံရ

ယနေ့(ဇန်နဝါရီ ၁၅ ရက်) နံနက်ပိုင်းကစတင်ကျင်းပခဲ့သော ကယားဒေးအခမ်းအနားကို ဗုံးဖြင့်ရှစ်လုံးထက်မနည်း ဖောက်ခွဲတိုက်ခိုက်ခံရသည်ဟု ဆိုသည်။

(ကယားပြည်နယ်နေ့အကြို လမ်းဖွင့်ပွဲကို စစ်ကောင်စီက ယခုလ ၁၁ ရက်က ပြုလုပ်ခဲ့သည်၊ ဓာတ်ပုံ - CJ)
(ကယားပြည်နယ်နေ့အကြို လမ်းဖွင့်ပွဲကို စစ်ကောင်စီက ယခုလ ၁၁ ရက်က ပြုလုပ်ခဲ့သည်၊ ဓာတ်ပုံ - CJ)

▪️လူထိခိုက်မှုရှိဟု ဒေသခံများပြော

လွိုင်ကော်မြို့တွင် စစ်ကောင်စီက ဦးစီးကျင်းပသည့် ကယားပြည်နယ်နေ့ အခမ်းအနားပြုလုပ်နေသော ပြည်နယ်ခန်းမ တိုက်ခိုက်ခံရပြီး ထိခိုက်သူများရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသတင်းဌာနသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၅ ရက်) နံနက်ပိုင်းကစတင်ကျင်းပခဲ့သော ကယားဒေးအခမ်းအနားကို ဗုံးဖြင့်ရှစ်လုံးထက်မနည်း ဖောက်ခွဲတိုက်ခိုက်ခံရသည်ဟု ဆိုသည်။

“သုံးယောက်လောက်အနည်းဆုံး ထိထားတယ်။ပြီးတော့လူကြီးကားမောင်းပေးတဲ့သူကတော်တော်များများထိထားတယ်ပြောတယ်”ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် အခမ်းအနားလာရောက်သူများအား စစ်ကောင်စီက ခန်းမအတွင်းမှ ပေးမပြန်သဖြင့် ရုန်းရင်းဆန်ခတ်မှုများရှိကြောင်းလည်း သိရသည်။

“အခုက ပြန်ချင်တယ်ဆိုတဲ့သူတွေရော၊ ထိတဲ့သူတွေပါ ခန်းမထဲကနေ ပေးမထွက်တော့ ပြဿနာ ဖြစ်နေတာကြားတယ်”ဟု အခမ်းအနား တက်ရောက်နေသူနှင့်နီးစပ်သူက ရှင်းပြသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီကပြုလုပ်သည့် ကယားပြည်နယ်နေ့ ပွဲတော် (ကယားဒေးပွဲ) အပါအဝင်ပွဲနှင့်ဆက်စပ်သည့် လူစုလူဝေးရှိရာ နေရာများကို သွားရောက်ခြင်းမပြုကြရန် PDF Loikaw က ယခုလ ၁၃ရက်တွင် သတိပေးသည်။

ထို့အပြင် စစ်ကောင်စီ အဖွဲ့ဝင်များရှိနေနိုင်သည့် နေရာများကိုလည်းသွားရောက်ချဉ်းကပ်ခြင်း မပြုရန် တိုက်တွန်းထားသည်။

You May Also Like

သတင်း

ယနေ့(ဇန်နဝါရီ ၁၅ ရက်) နံနက်ပိုင်းက စတင်ကျင်းပခဲ့သော ကယားဒေးအခမ်းအနားကို ဗုံးရှစ် လုံးထက်မနည်းတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးများဖြင့် လွိုင်ကော်မြို့နှင့် ဒီးမော့ဆို အနောက်ဘက်ခြမ်းသို့ စစ်ကောင်စီက ဦးတည်ပစ်ခတ်နေခြင်းဟု ဆိုသည်။

သတင်း

မီးရှို့ဖျက်ဆီးခံရ၍ ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် ၄၈၄၆၃ လုံးအနက် စစ်ကိုင်းတိုင်းရှိ ကျေးရွာများမှ နေအိမ် ၃၆၆၆၇ လုံးပါဝင်ပြီး မကွေးတိုင်းမှ အိမ်ခြေ ၈၅၀၀ ကျော်ပါဝင်သည်။

သတင်း

MNDAAနှင့် စစ်ကောင်စီတပ်သည် ရှမ်းမြောက် သိန္နီ၊ လားရှိုး၊ မုံးကိုးနှင့် ချင်းရွှေဟော်ဒေသများ၌ တိုက်ပွဲများမကြာခဏဖြစ်ခဲ့သည်။

နိုင်ငံတကာ

Ukroboronprom State Concern စက်မှု လုပ်ငန်းစုကြီးက အဲဒီ ဒရုန်းအသစ်ရဲ့ ဓာတ်ပုံကို ပထမဆုံးအကြိမ် ထုတ်ပြန် ပြသခဲ့ပါတယ်။ အဲဒီ ဒရုန်းကို လက်တွေ့ ပျံသန်းမှုတွေ စမ်းသပ် လုပ်ဆောင်ပြီးပြီလို့လည်း ဆိုပါတယ်။