Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်မြို့အခြေစိုက်ဆေးတပ်(တဆရ) တပ်သားတစ်ဦး KDFထံ ခိုလှုံလာ

ယခုတပ်သားတစ်ဦးအပါအဝင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်သားရှစ်ဦးမှာ KRUထံ ခိုလှုံခဲ့ပြီး လေးဦးမှာ KRU လက်အောက်ခံ တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေသည်။

ခိုလှုံလာသည့် စစ်ကောင်စီ ဆေးတပ်သားအား KDF ရဲဘာ်များနှင့်အတူ တွေ့ရစဉ်၊ ဓာတ်ပုံ - KDF
ခိုလှုံလာသည့် စစ်ကောင်စီ ဆေးတပ်သားအား KDF ရဲဘာ်များနှင့်အတူ တွေ့ရစဉ်၊ ဓာတ်ပုံ - KDF

လွိုင်ကော်မြို့အခြေစိုက်ဆေးတပ်(တဆရ) တပ်မှ တပ်သားတစ်ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)က ယနေ့(ဒီဇင်ဘာ ၂၁ ရက်) ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်တစ်ခုဖြစ်သော လွိုင်ကော်အခြေစိုက်တပ် ဆေးတပ် (တဆရ)တပ်မှ တပ်သား မောင်ငြိမ်းချမ်း(ခ) ဖိုးလပြည့် ကိုယ်ပိုင်အမှတ် တ-၅၅၉၉၃၅ သည် KDF တပ်ဖွဲ့ထံ ခိုလှူံခွင့်တောင်ခံခဲ့သောကြောင့် သေချာ စိစစ်၍ ခိုလှူံခွင့်ပေးခဲ့ခြင်းဟု ဆိုသည်။

“သူက အရင်ကတည်းက တပ်တွင်း သတင်းတွေကို ကျွန်တော်တို့ဆီ အတိအကျ ပေးနေတဲ့ ဖရဲသီးတစ်ဦးပါ။တပ်တွင်းနေရတာ အဆင်မပြေတော့လို့ ကျွန်တော်တို့ဆီ ခိုလှုံခွင့်တောင်းတာပေါ့။ဒါပေမယ့် ဒီလ ၇ ရက်နေ့ကတည်းက သူတို့ရောက်တယ်။အဲဒါကို အသေးစိတ်စိစစ်ပြီးတော့မှ ဒီနေ့ ထုတ်ပြန်တာ”ဟု KRU တာဝန်ရှိသူက လူထုနွေဦးသို့ ရှင်းပြသည်။

ယခုတပ်သားတစ်ဦးအပါအဝင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်သားရှစ်ဦးမှာ KRUထံ ခိုလှုံခဲ့ပြီး လေးဦးမှာ KRU လက်အောက်ခံ တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေသည်။

စစ်ကောင်စီဘက်မှ ပြည်သူ့တပ်ဖွဲ့များထံ ခိုလှုံခြင်းသည် တော်လှန်ရေးအောင်မြင်နိုင်ရေး ထိ‌ရောက်မူရှိ‌ သောအကျိုးဖြစ်ကြောင်း နှင့် မည်သူကို မဆို သေချာစိစစ်၍ လက်ကမ်းကြိုနေမည်ဖြစ်ကြောင်းလည်း KDF က အသိပေးသည်။

You May Also Like

သတင်း

နိုဝင်ဘာ ၁၁ရက်တွင် စစ်ကောင်စီတပ်သား သုံးဦးသည် ပြည်သူ့ဘက်သို့ ပူးပေါင်းလာရာ MA1 တစ်လက် ၊ ကျည်များပါလာကြောင်း ဖော်ပြထားသည်။

သတင်း

လွန်ခဲ့သော လပိုင်းအတွင်းက မြို့ပြပြောက်ကျားရဲဘော်များ၏ ရှင်းလင်းခြင်းကို ခံလိုက်ရသည့် ဗိုလ်မှူးကြီးအုန်းသွင်၏ ရုပ်အလောင်းကိုလည်း ယင်းင်္သချိုင်းတွင် မြုပ်နှံထား​ကြောင်း YRF က ဆိုသည်။

သတင်း

ဒေါင်းမင်းသားမြို့ပြပြောက်ကျားတပ်ဖွဲ့(ရေတာရှည်)သည် တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃)အဖြစ် NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ခွဲတစ်ခုဖြစ်ပြီး တောင်ငူခရိုင် PDF နှင့် ပူးတွဲစစ်ဆင်ရေးများ ဆက်နွှဲလျှက်ရှိသည်။

သတင်း

နိုဝင်ဘာ ၂၀ရက်ကတည်းကစစ်ကတပ်ကလေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ ၂၂ရက်နေ့အထိသုံးရက်ဆက်လေကြောင်းတိုက်ခိုက်ခဲ့သည်ဟုသိရသည်။