Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်သားတစ်ဦး KNLA တပ်မဟာ(၅) ထံ လက်နက်နှင့်အတူ အလင်းဝင်

တပ်သား ချစ်ကောင်းသည် ဇန်နဝါရီ ၁ရက် တွင် MA-1 တစ်လက်၊ ကျည်ဘောက်နှစ်ခု၊ ကျည်ဆံ များနှင့်အတူ လက်နက်ချအလင်းဝင် လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။

(အလင်းဝင်လာသော တပ်သား ချစ်ကောင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU-Mutraw News)
(အလင်းဝင်လာသော တပ်သား ချစ်ကောင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU-Mutraw News)

စစ်ကောင်စီစစ်တပ် (ခမရ – ၄၃၄)မှ တပ်သားချစ်ကောင်းသည် လက်နက်နှင့်အတူ အလင်းဝင် လာကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၅) က ယနေ့ သတင်းထုတ်ပြန်သည်။

တပ်သား ချစ်ကောင်းသည် ဇန်နဝါရီ ၁ရက် တွင် MA-1 တစ်လက်၊ ကျည်ဘောက်နှစ်ခု၊ ကျည်ဆံ များနှင့်အတူ လက်နက်ချအလင်းဝင် လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။

စစ်ကောင်စီ ခေါင်းဆောင်များနှင့် တပ်ဖွဲ့ဝင်များအားလုံးက ပြည်သူလူထု၏ အခွင့်အရေးကို ဆန့်ကျင်ချိုးဖောက်နေခြင်းကြောင့် KNLAတပ်မဟာ(၅)ထံ လက်နက်ချခဲ့ခြင်းဖြစ်သည်ဟု တပ်သားချစ်ကောင်း၏ ပြောကြားချက်ကို ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီခေါင်းဆောင်ပိုင်းက ငယ်သားများအပေါ် အနိုင့်ကျင့်ခြင်း၊အပြင်သွားလာခွင့်မပြုခြင်း၊ စားသောက်ရေး၌ အခက်အခဲကြုံရခြင်းများ ရှိသည်ဟု အဆိုပါ တပ်သားက ပြောကြားသည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို ကောင်းမွန်စွာကြိုဆိုလက်ခံခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ပေးခဲ့ကြောင်း KNLA တပ်မဟာ(၅) က ထုတ်ပြန်သည်။

You May Also Like

သတင်း

ရေဦးမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရွှေဘိုခရိုင်၊ တပ်ရင်း(၁၄) ရဲဘော် များက မိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည့်သတင်းကို အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခြင်းဖြစ်သည်။

သတင်း

KNDF တပ်ရင်း-၁၀ တပ်ရင်းမှ လက်နက်နှင့်အတူ CDM ပြုလုပ်သည့်တပ်သားကို ဂုဏ်ပြုငွေ ကျပ်သိန်း ၃၀ပေးအပ်ချီးမြင့်ထားကြောင်းလည်း သိရသည်။

သတင်း

ကုလသမဂ္ဂဌာနချုပ်၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် မြန်မာပြည်သူများနှင့်တစ်သားတည်းရပ်တည်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံသည့် အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက်နေရာရရှိထားသည်။

သတင်း

ပြည်သူများအနေဖြင့် စစ်ကြောင်းထွက်ပြီးနောက်ရဲဘော်များရှင်းလင်းရေးဝင်ပြီးမှသာရွာထဲသို့ပြန်ဝင်ကြရန် ဒေသတွင်း တော်လှန်ရေးအင်အားစုများက တိုက်တွန်းသည်။