Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်မ(၆၆)မှ တပ်သားတစ်ဦး အလင်းဝင်လာ

KNDF တပ်ရင်း-၁၀ တပ်ရင်းမှ လက်နက်နှင့်အတူ CDM ပြုလုပ်သည့်တပ်သားကို ဂုဏ်ပြုငွေ ကျပ်သိန်း ၃၀ပေးအပ်ချီးမြင့်ထားကြောင်းလည်း သိရသည်။

(ယနေ့ နံနက်ပိုင်းက အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား၊ ဓာတ်ပုံ - ကန္တရဝတီ)
(ယနေ့ နံနက်ပိုင်းက အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား၊ ဓာတ်ပုံ - ကန္တရဝတီ)

ဒိုက်ဦးမြို့ အခြေစိုက် ခလရ(၃၀)တပ်သား အများအပြားထွက်ပြေးနေဟု သတင်းထွက်ပေါ်

တပ်မ(၆၆)လက်အောက်ခံ ခလရ – ၁၀၂မှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်အပြည့်အစုံ ဖြင့် CDM ဝင်ရောက်လာကြောင်း ကရင်နီပြည်သူ့ရင်ခွင်မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၈ရက်)နံနက်ပိုင်းက အသက် (၂၃)နှစ်အရွယ် စစ်ကောင်စီတပ်သားစိုးဝင်းမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၀သို့ လက်နက်အပြည့် အစုံရောက်ရှိလာခဲ့ခြင်းဟု ဆိုသည်။

“ကျွန်တော်သိရသလောက် သူတို့တပ်တွင်းမှာလုံးဝ အဆင်မပြေတော့လို့ မနေ့ကညက ထွက် ပြေးလာတာလို့ လောလောဆယ်သိရတယ်။ကျန်တာတော့ တပ်ရင်းက စိစစ်နေဆဲပဲ”ဟု အထက် ပါတာဝန်ရှိသူက ရှင်းပြသည်။

ထို့အပြင် ၎င်းသည် ကရင်နီပြည်သို့ ရောက်ရှိလာသည်မှာ (၆)လရှိနေပြီး ယခင်တပ်တွင်း သုံးနှစ်ကျော်တာဝန်ထမ်းဆောင်သည့် ကာလအတွင်း ဖောက်ခွဲရေးတာဝန်ယူထားရကြောင်း ထွက်ဆိုထားသည်။

CDM ဝင်လာသည့် တပ်သားထံမှ MA-1 တစ်လက်၊ ကျည်ဘောက် ၄ဘောက်၊ ကျည်ဆံ ၂၆၀နှင့် လက်ပစ်ဗုံးတစ်လုံးပါရှိသည်။

KNDF တပ်ရင်း-၁၀ တပ်ရင်းမှ လက်နက်နှင့်အတူ CDM ပြုလုပ်သည့်တပ်သားကို ဂုဏ်ပြုငွေ ကျပ်သိန်း ၃၀ပေးအပ်ချီးမြင့်ထားကြောင်းလည်း သိရသည်။

ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် ခလရ (၁၀၂)တပ်ရင်းသည် ယမန်နှစ် စက်တင်ဘာ ၂၂ ရက်က တပ်တွင်းပြင်းထန်သည့်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ခလရ (၁၀၂)တပ်သည် ကရင်နီဒေသတွင်းတိုက်ပွဲများ၌ လက်နက်ကြီးပစ်ကူပေးနေသည့် တပ်စခန်းဖြစ်သည်။

ထို့အပြင် ပဲခူးတိုင်း၊ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောကျေးရွာ ခလရ(၃၀)တပ်ရင်းမှ ဗိုလ်မှူးကိုယ်တိုင်ဦးစီးသော စစ်သား(၄၀)ကျော်သည် လွန်ခဲ့သော ဇန်နဝါရီ ၁၄ ရက်ကစ၍ တပ်တွင်းမှ ပျောက်ဆုံးထွက်ပြေးမှုရှိခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်က အသိပေးသည်။

သို့သော် အဆိုပါသတင်းအချက်အလက်နှင့်ဆက်စပ်၍ လူထုနွေဦးမှ သီးခြားအတည်ပြု၍ မရသေးပေ။

You May Also Like

သတင်း

တပ်သား ချစ်ကောင်းသည် ဇန်နဝါရီ ၁ရက် တွင် MA-1 တစ်လက်၊ ကျည်ဘောက်နှစ်ခု၊ ကျည်ဆံ များနှင့်အတူ လက်နက်ချအလင်းဝင် လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။

သတင်း

ဇန်နဝါရီ ၁၅ရက်က စစ်ကောင်စီက ဦးစီးကျင်းပသည့် ကယားပြည်နယ်နေ့ အခမ်းအနားတိုက် ခိုက်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီးဖြင့် လွိုင်ကော်မြို့နှင့် နီးစပ်ရာများသို့ ပစ်ခတ်ခဲ့သည်။

သတင်း

CDM တပ်သား ကိုကျော်ငြိမ်းလင်းနှင့်အတူMA 11 ဂန်းတလက် ၊ ကျည်ဘောက် ၃ခု ၊ 5.56 ကျည်(၇၄)တောင့် ၊ဗုံးသီး တစ်လုံးနှင့် ကျည်ကာ တစ်ထည် ပါရှိခဲ့ကြောင်း အထက်ပါ တာဝန်ခံက ပြောသည်။

သတင်း

ရဲစခန်းဝင်ပေါက်နှင့် ဆိုင်းပုဒ်များကိုပါ ဆေးဖြူ များသုပ်သွားသည့်အပြင် ကင်းတဲ၊ ဘန်ကာများဖျက်ဆီးထားခဲ့ကြောင်းလည်း သိရသည်။