Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏မုံရွာစည်ပင်ဒုဦးစီးအားပလဖ ကဖမ်းဆီးဖမ်းဆီစစ်ကောင်စီ၏မုံရွာစည်ပင်ဒုဦးစီးအားပလဖ ကဖမ်းဆီး

ဖမ်းဆီးထားသော စည်ပင်ဒုဦးစီးမှူးအား ဆက်လက်ဆောင်ရွက်မည့်အခြေအနေနှင့်ပတ်သက်၍ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

(ဖမ်းဆီးထားသည့် စည်ပင်ဒုဦးစီးမှူးအား တွေ့ရစဥ်။ ။ဓါတ်ပုံ-မုံရွာ ပလဖ)
(ဖမ်းဆီးထားသည့် စည်ပင်ဒုဦးစီးမှူးအား တွေ့ရစဥ်။ ။ဓါတ်ပုံ-မုံရွာ ပလဖ)

မုံရွာမြို့မှ စစ်​ကောင်စီ၏ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးမှူးဦးမိုးဇော်ဆိုသူအားဇန်နဝါရီလ ၂၀ ရက် ည ၇ နာရီခန့်တွင် မုံရွာ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ၎င်း၏နေအိမ်သို့ သွားရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများက ပြောသည်။

ထိုစည်ပင်ဒုဦးစီးမှုးသည် စစ်ကောင်စီ၏ ယန္တရားလည်ပတ်မှု ထောက်တိုင်ဖြစ်ခြင်း၊ ပြည်သူအပေါ် ဂုတ်သွေးစုပ်အမြတ်ထုတ်နေသည့် အရာရှိတစ်ဦးဖြစ်ခြင်း၊ မုံရွာမြို့နယ်၏ အမည်မည်းစာရင်း၀င်တစ်ဦးဖြစ်နေခြင်းတို့ကြောင့် မုံရွာမြို့နယ်(ပလဖ)ခေါင်းဆောင်လီယိုနှင့်မဟာမိတ်အဖွဲ့များက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ​အသိပေးသည်။

ဖမ်းဆီးထားသော စည်ပင်ဒုဦးစီးမှူးအား ဆက်လက်ဆောင်ရွက်မည့်အခြေအနေနှင့်ပတ်သက်၍ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

You May Also Like

သတင်း

ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများ ဝိုင်းဝန်းဖမ်းဆီးပေးမှုကြောင့် UG တစ်ဦး ဖမ်းဆီးခံရကာ သတ်ဖြတ်ခံခဲ့ရပြီး တစ်ဦးမှာ လွတ်မြောက်ခဲ့ကြောင်း ယင်းအဖွဲ့က ပြောသည်။

သတင်း

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ် ထုံးဘိုရွာအနီးရှိ နဂါးနီပြောက်ကျားတပ်ဖွဲ့နယ်မြေစခန်းစီးနင်းတိုက်ခိုက်ခံရပြီး PDF ရဲဘော်တစ်ဦးနှင့် ပြည်သူတစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

သတင်း

အင်းတော်မြို့နယ် ကြိမ်ချောင်းရွာနှင့် သစ်ပုံလွင်ရွာကြားတွင် ထီးချိုင့်မြို့မှ အင်းတော်ဘက်သို့ ဝင်လာသည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF၊ ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

သတင်း

အဆိုပါ ဗဟင်းတိုက်နယ်ဆေးရုံသည် စစ်​ကောင်စီဝန်ထမ်းများစွန့်ပစ်သွားသဖြင့် NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနကတာဝန်ယူဖွင့်လှစ်​ပေး​နေခြင်းဖြစ်သည်။