Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမှာ လူဦးရေစာရင်းကောက်ယူတဲ့နေရာတွေ ၁၀ ကြိမ်ထက်မနည်းတိုက်ခိုက်ခံရ

တိုက်ခိုက်မှု မှာပါဝင်ခဲ့တဲ့ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ ဖြစ်တဲ့ NMD က ပထမအဆင့်အနေနဲ့ သတိပေး ဖောက်ခွဲတာဖြစ်တယ်လို့ ဆိုထားပါတယ်။

ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူနေစဉ်
ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူနေစဉ်

ရွေးကောက်ပွဲအတွက် စစ်ကောင်စီက မန္တလေးမြို့ပေါ်မှာ လူဦးရေစာရင်းကောက်ယူတဲ့ ရက်ကစတင်ပြီး ၁၄ ရက်တာကာလအတွင်း ၁၀ ကြိမ်ထက်မနည်းတိုက်ခိုက်ခံလိုက်ရပါတယ်။

တိုက်ခိုက်မှုတွေကို မြို့ပြပြောက်ကျားအဖွဲ့တွေက မန္တလေးမြို့ပေါ်မြို့နယ်တွေဖြစ်တဲ့ မဟာအောင်မြေ ၊ ချမ်းမြသာစည် ၊ ပြည်ကြီးတံခွန် ၊ အမရပူရ ၊ အောင်မြေသာစံ ၊ချမ်းအေးသာစံ မြို့နယ်တွေ အတွင်းဆောင်ရွက်ခဲ့တာလို့သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ နေရာတွေဟာ မဲစာရင်းကောက်ယူတဲ့နေရာတွေ ၊ရပ်ကွက်ရုံး ၊ လဝက ရုံး၊ထွေအုပ် ရုံး နေရာတွေဖြစ်တာတွေ့ရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာတွေ ဗုံးကိုအသုံးပြုပြီး အသံဗုံးလည်း ပါကာ လူထိခိုက်သေဆုံးမှု မရှိဘူးလို့သိရပါတယ်။

တိုက်ခိုက်မှု မှာပါဝင်ခဲ့တဲ့ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ ဖြစ်တဲ့ NMD က ပထမအဆင့်အနေနဲ့ သတိပေး ဖောက်ခွဲတာဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူတာကို ရန်ကုန် ၊မန္တလေးမြို့ကြီးတွေအပါအဝင် နိုင်ငံအနှံမှာ ဇန်နဝါရီလ ၉ ရက်ကစတင်ပြီး ဇန်နဝါရီလကုန်ထိ ကောက်ယူနေတာပါ။

စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်တာမို့ လူဦးရေမဲစာရင်းကောက်ယူတဲ့အခါ မပူးပေါင်းကြဖို့ ၊ စာရင်းကောက်ယူသူတွေကို အကြမ်းဖက်ဥပဒေနဲ့ အရေးယူမယ်လို့ NUG က တရားဝင် ထုတ်ပြောထားပါတယ်။

You May Also Like

သတင်း

အဆိုပါတိုက်ခိုက်မှုသည် ဇန်နဝါရီလ ၂၁ရက် ညနေ ၄နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမည်သည့်အဖွဲ့ကပစ်ခတ်သည် တိုက်ခိုက်သည်ကိုမူ မသိရသေးပေ။

သတင်း

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အနည်းဆုံးတစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ပကဖရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း အင်းတော် PDFက ပြောသည်။

သတင်း

ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများ ဝိုင်းဝန်းဖမ်းဆီးပေးမှုကြောင့် UG တစ်ဦး ဖမ်းဆီးခံရကာ သတ်ဖြတ်ခံခဲ့ရပြီး တစ်ဦးမှာ လွတ်မြောက်ခဲ့ကြောင်း ယင်းအဖွဲ့က ပြောသည်။

နိုင်ငံတကာ

နိုဝင်ဘာ ၁၈ နဲ့ ၁၉ ရက်က ရိုက်ကူးထားတယ်ဆိုတဲ့ ဓာတ်ပုံတွေမှာ မြောက်ကိုရီးယားက ပြန်ထွက်လာတဲ့ ရုရှား ရထားတွဲတွေဟာ ပခုံးထမ်း လောင်ချာနဲ့ ဒုံးကျည်တွေ တင်ဆောင်လာတာကို တွေ့ရပါတယ်။