Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်ကမီးရှို့ ဖျက်ဆီးတာ​ကြောင့်​နေအိမ်အများဆုံးပျက်စီးဆုံးရှုံးတဲ့မြို့နယ် ၂၀

နေအိမ်​ပေါင် ၃၆၆၆၇ လုံးမီးရှို့ဖျက်ဆီးခံထားရပါတယ်။ မ​ကွေးတိုင်းမှာ ​နေအိမ် ၈၅၇၅လုံးနဲ့ ဒုတိယ ၊ ချင်းပြည်နယ်မှာ ၁၄၇၅ လုံးနဲ့ တတိယအများဆုံးမီးရှို့ဖျက်ဆီးခံထားရပါတယ်။

စစ်​ကောင်စီတပ်ကမီးရှို့ ဖျက်ဆီးတာ​ကြောင့်​နေအိမ်အများဆုံးပျက်စီးဆုံးရှုံးတဲ့မြို့နယ် ၂၀
စစ်​ကောင်စီတပ်ကမီးရှို့ ဖျက်ဆီးတာ​ကြောင့်​နေအိမ်အများဆုံးပျက်စီးဆုံးရှုံးတဲ့မြို့နယ် ၂၀

စစ်​ကောင်စီက နိုင်ငံတစ်ဝန်းရှိပြည်သူ​တွေရဲ့​နေအိမ်​တွေကို မီးရှို့ဖျက်ဆီး​နေရာ Data for Myanmar စာရင်း​တွေအရ ၂၀၂၂ ဒီဇင်ဘာလကုန်အထိ့မီးရှို့ဖျက်ဆီးခံရတဲ့​နေအိမ်​ပေါင်း ငါးသောင်းခန့် (၄၈၄၆၃ လုံး)ရှိ​နေပါတယ်။ စစ်​ကောင်စီတပ်အများဆုံးဖျက်ဆီးအကြမ်းဖက်တဲ့​ဒေသက စစ်ကိုင်းတိုင်းဖြစ်ပါ​တယ် ။​နေအိမ်​ပေါင် ၃၆၆၆၇ လုံးမီးရှို့ဖျက်ဆီးခံထားရပါတယ်။ မ​ကွေးတိုင်းမှာ ​နေအိမ် ၈၅၇၅လုံးနဲ့ ဒုတိယ ၊ ချင်းပြည်နယ်မှာ ၁၄၇၅ လုံးနဲ့ တတိယအများဆုံးမီးရှို့ဖျက်ဆီးခံထားရပါတယ်။

မြို့နယ်အလိုက်ဆိုရင် ​​နေအိမ်​ပေါင်း ၄၄၃၄လုံးဖျက်ဆီးခံရတဲ့ဒီပဲယင်းမြို့နယ်က အများဆုံးဖြစ်ပါတယ်။ နေအိမ် ၃၃၈၉ မီးရှို့ လုံးဖျက်ဆီးခံရတဲ့တန့်ဆည်မြို့နယ်က ဒုတိယအများဆုံး ၊​နေအိမ် ၂၉၈၄ လုံးဖျက်ဆီးခံရတဲ့​ပေါက်မြို့နယ် ကတတိယ အများဆုံး မီးရှို့ပြာချခံထားရပါတယ်။ ဒါပြီးရင် ​နေအိမ်ပျက်စီးဆုံးရှုံးမှုစာရင်းမှာနေအိမ် ၂၆၂၂ လုံးနဲ့ကန့်ဘလူမြို့နယ် ၊​နေအိမ် ၂၄၇၀ လုံးဖျက်ဆီးခံရတဲ့ပုလဲမြို့နယ်တို့က အဆင့်​လေးနဲ့ ငါး​နေရာရပ်တည်​နေပါတယ်။

Public Service Announcement
Public Service Announcement

စစ်​ကောင်စီတပ်နဲ့​နောက်လိုက်​တွေကအကြမ်းဖက်မီးရှို့ဖျက်ဆီး​နေတဲ့ အချက်အလက်​တွေကို Data For Myanmar က စုစည်း​ပြီးမှတ်တမ်းတင်​ပေး​နေတာဖြစ်ပါတယ်။ ဒါ​တောင် အင်တာနက်နဲ့ဖုန်းလိုင်းဖြတ်​တောက်ထားလို့ ၊ဆက်သွယ်​ရေးခက်ခဲ့လို့သတင်းအချက်အလက်မရ​သေး

တဲ့​၊အတည်ပြုဖို့ခက်ခဲ​နေတဲ့ဒေသတွေ ၊အချက်အလက်​တွေကျန်​နိုင်​သေးပြီး​မြေပြင်မှာ တစ်ကယ်မီးရှို့ခံရတဲ့စာရင်းက အခုထက်​တောင်ပိုများနိုင်ပါတယ်။ ၂၀၂၂ ဒီဇင်ဘာလကုန်စာရင်း​တွေအရ နိုင်ငံတစ်ဝန်း ​နေအိမ်အများဆုံးမီးရှို့ဖျက်ဆီးခံရတဲ့ မြို့နယ် ၂၀ ကိုPeople’s Spring ကအင်ဖိုဂရပ်ဖစ်နဲ့​ဖော်ပြ​ပေးလိုက်ပါတယ်။ မြို့နယ် ၂၀ မှာ စစ်ကိုင်းတိုင်းက၁၅ မြို့နယ် ၊မ​ကွေးတိုင်းက ၄ မြို့နယ်နဲ့ ချင်းပြည်နယ်က ၁ မြို့နယ်ပါဝင်ပါတယ် ။

You May Also Like

သတင်း

ယမန်နေ့(ဇန်နဝါရီ ၂၁)ရက် နေ့လယ် ၂ နာရီခွဲခန့်က တကောင်းတိုက်နယ် (၄)မိုင်‌ကျေးရွာအနီး ပီလောပစ်‌ဘုန်းကြီးကျောင်း အထိုင်ချထားသော စစ်အုပ်စုမှ အင် အား (၄၀)ခန့်ကို ယာဉ်သုံးစီးဖြင့် ထွက်လာစဥ် ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

"စစ်​ကောင်စီကဖမ်းသွားပြီးပျောက်နေတာသုံးရက်လောက်ရှိပြီ။အခုရွှေညောင်ပင်ဆီဆိုင်နားမှာအလောင်းတွေတွေ့တယ်။ အလောင်းတွေကမကြည့်ရက်စရာပဲ" ဟု ဖားကန့်မြို့မှ ဒေသခံတစ်ဦးကပြောသည်။

သတင်း

ဇန်နဝါရီ ၂၁ရက် နံနက်ပိုင်းတွင် မတူပီ - မင်းတပ် လမ်းရှိ စစ်ကောင်စီ၏ ရှေ့တန်းကာကင်းစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်ကူလာသည့် စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုဟာကလေးက လတ်တလောအခြေအနေနှင့်ပတ်သက် ၍ ဒေသခံပြည်သူလူထုအား အောက်ပါအတိုင်း အသ်ိပေးထားသည်။