Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်က ကျေးရွာအချို့ကို စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ အမျိုးသမီးအပါအဝင် နှစ်ဦးထိခိုက်

မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုဟာကလေးက လတ်တလောအခြေအနေနှင့်ပတ်သက် ၍ ဒေသခံပြည်သူလူထုအား အောက်ပါအတိုင်း အသ်ိပေးထားသည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လူနေအိမ် များ ပျက်စီးနေစဉ်၊ ဓာတ်ပုံ - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လူနေအိမ် များ ပျက်စီးနေစဉ်၊ ဓာတ်ပုံ - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

ချင်းပြည်နယ် မင်းတပ်မြို့နယ် စွန်တောင်ကျေးရွာအနီးရှိ လူနေအိမ်များကို အကြမ်းဖက် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့၍ လူထိခိုက်မှုရှိပြီး နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ သတင်းထုတ်ပြန်သည်။

စွန်တောင်ကျေးရွာအနီးရှိ လူနေအိမ်အဆောက် အဦးများကို ဇန်နဝါရီ ၂၁ရက် ည ၁၂နာရီခန့်တွင် တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး အမျိူးသားတစ်ဦး အမျိုးသမီးတစ်ဦးဒဏ်ရာ ရခဲ့ကြောင်း ထုတ်ပြန်သည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လူနေအိမ် များ ပျက်စီးနေစဉ်၊ ဓာတ်ပုံ - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လူနေအိမ် များ ပျက်စီးနေစဉ်၊ ဓာတ်ပုံ – မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

စစ်ကောင်စီတပ်သည် ယနေ့ နံနက် ၁၁ နာရီခန့်တွင်လည်း မင်းတပ်မြို့ပေါ်တွင် တပ်ဆင်ထားသော ဟောင်ဝစ်ဇာ ‌(Howitzer) လက်နက်ကြီးများဖြင့် မင်းတပ်မြို့နယ် ၀မ္မသူးကျေးရွာသို့ ငါးချက်ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းပစ်ခတ်မှု၌ ထိခိုက်ဒဏ်ရာရသူ အနည်းငယ် ရှိခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်က ကျေးရွာများသို့ အကြောင်းမဲ့ ဗုံးကြဲခြင်း၊ လက်နက်ကြီးများရမ်းသမ်း ပစ်ခတ် ခြင်းတို့ကြောင့် ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွား​​ခြင်းမရှိဘဲ အရပ်သားများကိုယခုကဲ့သို့ ပစ်ခတ်နေပါက ပြင်းပြင်းထန်ထန်တုန့် ပြန်တိုက်ခိုက်သွားမည်ဟု မင်းတပ်CDFမှ ရဲဘော် တစ်ဦးက ပြောသည်။

မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုဟာကလေးက လတ်တလောအခြေအနေနှင့်ပတ်သက် ၍ ဒေသခံပြည်သူလူထုအား အောက်ပါအတိုင်း အသ်ိပေးထားသည်။

“အနီးနားရှိကျေးရွာများ ၊ မြို့စွန်တွင်နေထိုင်သော ပြည်သူများအထူးဂရုစိုက်ကြပါ။ စ…(စစ်ကောင်စီတပ်) လှုပ်ရှားသတင်းရပါက အခြင်းခြင်း သတင်းလက်ဆင့်ကမ်းပေးကြပါ”ဟု ကိုဟာကလေးက လူမှုကွန်ရက်မှတဆင့် အသိပေး ထားသည်။

စစ်ကောင်စီတပ်သည် ယခင်ကလည်း မင်းတပ် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လေကြောင်း တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့၍ အရပ်သား ပြည်သူများ သေဆုံးထိခိုက်မှုရှိခဲ့သည်။

You May Also Like

သတင်း

နေအိမ်​ပေါင် ၃၆၆၆၇ လုံးမီးရှို့ဖျက်ဆီးခံထားရပါတယ်။ မ​ကွေးတိုင်းမှာ ​နေအိမ် ၈၅၇၅လုံးနဲ့ ဒုတိယ ၊ ချင်းပြည်နယ်မှာ ၁၄၇၅ လုံးနဲ့ တတိယအများဆုံးမီးရှို့ဖျက်ဆီးခံထားရပါတယ်။

သတင်း

ဇန်နဝါရီ ၂၁ရက် နံနက်ပိုင်းတွင် မတူပီ - မင်းတပ် လမ်းရှိ စစ်ကောင်စီ၏ ရှေ့တန်းကာကင်းစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်ကူလာသည့် စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ရန်ကုန်မှာမနေ့က တရုတ်သံရုံးက ပြုလုပ်တဲ့ တရုတ်နှစ်ကူးပွဲ ကိုတက်ရောက်ခဲ့တဲ့ စစ်ကောင်စီ ခေါင်းဆောင်က တရုတ်နိုင်ငံကိုအသိပေးလိုက်တာလည်းဖြစ်ပါတယ်။

သတင်း

"ဒီစစ်ကြောင်းက အတော်ဆိုးတယ်ဗျ။ပိတ်မိသမျှ ပြည်သူတွေ အကုန်သတ်တာ။ သတ်သေသွားတဲ့သူကလည်း ဘယ်လောက်နှိပ်စက်ခံထားရလဲဆိုတာ သူပဲသိမှာကိုး။"ဟု အထက်ပါအဖွဲ့ဝင်က ပြောသည်။