Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နေပြည်တော်အပါအဝင် ရန်ကုန်၊ မန္တလေးမြို့သို့ ဓာတ်အားပို့လွှတ်နေသည့် တီကျစ်မဟာဓာတ်အားလိုင်း မိုင်းခွဲဖျက်ဆီးခံရ

ယမန်နှစ်ကလည်း လောပိတဓာတ်အားစက်ရုံမှ ချိတ်ဆက်သည့် မဟာဓာတ်အားလိုင်းများဖောက်ခွဲခံရပြီး ရန်ကုန်အပါအဝင်မြို့ကြီးအချို့ ၌ အချိန်ကြာမြင့်စွာ ဓာတ်အားပြတ်တောက်မှုရှိခဲ့သည်။

(ယမန်နေ့ညပိုင်းက ဖောက်ခွဲဖျက်စီးခံရသော မဟာဓာတ်အားလိုင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - UKSY)
(ယမန်နေ့ညပိုင်းက ဖောက်ခွဲဖျက်စီးခံရသော မဟာဓာတ်အားလိုင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - UKSY)

နေပြည်တော်အပါအဝင် ရန်ကုန်၊ မန္တလေးမြို့သို့ ဓာတ်အားပို့လွှတ်နေသည့် တီကျစ်မဟာဓာတ်အားလိုင်း မိုင်းခွဲဖျက်ဆီးခံရကြောင်း ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၁ ရက်)ညပိုင်းက မဟာဓာတ် အားလိုင်းမှူးရုံး(လွိုင်ကော်)မှ တာဝန်ယူထိန်းသိမ်းရသော ဆော်ဒီဒေါကျေးရွာအနီးရှိ ၁၃၂ကေဗွီ ဘီလူးချောင်း(၂)-တီကျစ်မဟာ ဓာတ်အားလိုင်းမှ ဓာတ်အားပို့လွှတ်မှုပြတ်တောက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“အခု ဖောက်ခွဲခံရတဲ့ ဓာတ်အားလိုင်းလောပီတ အမှတ်(၁)စက်ရုံကနေပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးကို ဓာတ်အားပေးပို့နေတဲ့ဟာ “ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။

ယခု ဖောက်ခွဲခံရသည့် ဓာတ်အားလိုင်းနှင့်ဆက် စပ်၍မည်သည့်အဖွဲ့အစည်းက ဆောင်ရွက်ခဲ့သည်ကို အတည်ပြုမရသေးပေ။

ယမန်နှစ်ကလည်း လောပိတဓာတ်အားစက်ရုံမှ ချိတ်ဆက်သည့် မဟာဓာတ်အားလိုင်းများဖောက်ခွဲခံရပြီး ရန်ကုန်အပါအဝင်မြို့ကြီးအချို့ ၌ အချိန်ကြာမြင့်စွာ ဓာတ်အားပြတ်တောက်မှုရှိခဲ့သည်။

You May Also Like

သတင်း

တိုက်ခိုက်မှု မှာပါဝင်ခဲ့တဲ့ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ ဖြစ်တဲ့ NMD က ပထမအဆင့်အနေနဲ့ သတိပေး ဖောက်ခွဲတာဖြစ်တယ်လို့ ဆိုထားပါတယ်။

သတင်း

မန္တလေး PDF တွင် တပ်ရင်း ၅ရင်းရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီး ဌာနလက်အောက်ခံ တပ်ရင်းများဖြစ်သည်။

သတင်း

စစ်တပ်အာဏာသိမ်းနောက် ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ လုယက်တာတွေ ၊ ဓားပြတိုက်တာ တွေ ခပ်စိတ်စိတ်ဖြစ်ပွားနေတာပါ။

သတင်း

အိမ်ဖျက်ရာမှာ စစ်သား ၊ရဲ ၊အုပ်ချုပ်ရေးအဖွဲ့ တွေက အင်အားသုံးပြီးအိမ်အလုံး ၂၀၀ လောက် ဖျက်သွားတာလို့သိရပါတယ်။