Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နွေဦး​တော်လှန်​ရေးမှလူငယ်​တွေရဲ့ ​စိတ်ဓါတ်ကိုပြသလိုက်တဲ့ဓါတ်ပုံ

ဓာတ်ပုံပါသူ လူငယ်နှစ်ဦးစလုံးမှာ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်ပြီး​နွေဦး​တော်လှန်​ရေးတွင် နှစ်ဦးစလုံးမှာခြေထောက်နှစ်ဖက် စလုံးစီဆုံးရှုံးထားသည်။

(ဒီ​မော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်နှစ်ဦး။ ဓါတ်ပုံ-Khun Jowani Lin)
(ဒီ​မော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်နှစ်ဦး။ ဓါတ်ပုံ-Khun Jowani Lin)

“ကျွန်​တော်နဲ့ကျွန်​တော့်အကို”ဟူသောစာ​လေးဖြင့် ​နွေဦး​တော်လှန်​ရေးတွင်​ခြေနှစ်ဖက်စီ ဆုံးရှုံးထားရ​သော်လည်းတက်ကြွစွာရယ်မောနေသည့်လူငယ်နှစ်ဦး၏ဓာတ်ပုံကဖေစ်ဘွခ်လူမှုကွန်ယက်တွင်မြင်​တွေ့ရသူအ​ပေါင်း၏ စိတ်နှလုံးကို ဆွဲကိုင်လှုပ်ယမ်းလိုက်သည်။

အထူးသဖြင့် အာဏာသိမ်းစစ်​ကောင်စီတပ်ကိုခုခံတော်လှန်နေသည့် မြန်မာလူငယ်များ၏ စိတ်ဓာတ်ကိုထိုဓာတ်ပုံက ပို၍ထင်သာမြင်သာရှိစေသည်။ ပြည်သူများကို ကာကွယ်​စောင့်​ရှောက်ရမည့်အများ နှစ် ၆၀ ​ကျော်ကြာဖန်တရာ​ထေ အ​ကြောင်းပြချက်မျိုးစုံဖြင့် ကိုယ်ကျိုးစီးပွားတစ်ခုတည်းအတွက် အကြိမ်ကြမ်အာဏာသိမ်းစစ်ကျွန်ပြု​နေ​သောစစ်ဗိုလ်ချုပ်နှင့် ၎င်း၏​နောက်လိုက်စစ်သားကို ဖြုတ်ချရန်​နွေဦး​တောိလှန်​ရေးတွင်လူငယ်များ၏ စွန့်လွတ်စွန့်စားမှုနှင့် စိတ်ဓါတ်ခိုင်ကျည်မြဲမြံမှုကို အဆိုပါလူငယ်နှစ်ဦးကိုကြည့်ရင်း​တွေ့မြင်နိုင်သည်။

ဓာတ်ပုံပါသူ လူငယ်နှစ်ဦးစလုံးမှာ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်ပြီး​နွေဦး​တော်လှန်​ရေးတွင် နှစ်ဦးစလုံးမှာခြေထောက်နှစ်ဖက် စလုံးစီဆုံးရှုံးထားသည်။

“ရဲဘော်နှစ်ဦးစလုံး အသက် တွေက ၂၀ တောင်မပြည့်ကြသေးဘူးလေ။ဒါပေမယ့် သူတို့အနာဂတ်တွေပုံပေးထားပြီးပါပြီ”ဟုဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူကPeople’s Springသို့ပြောသည်။

အနက်ရောင် ရောင်ဝတ်ဆင်ထားသည့် ရဲဘော်မှာ ၂၀၂၂ ခုနှစ် မေလအတွင်းဒီးမော့ဆိုမြို့နယ် တိုက် ပွဲ၌ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထို့အတူ အကျီအပြာရောင်ဝတ်ထားသည့် ရဲဘော် ခွန်းဂျိုးဝါးနီလင်းသည် ယခင်နှစ် ဒီဇင်ဘာ ၁ ရက်က ဒီးမော့ဆိုမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဥ် စစ်ကောင် စီထောင်ထား သည့် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။

“စွန့်လွှတ်နိုင်သူ၊စွန့်လွှတ်ရဲ့သူတွေက ပြုံးနိုင်ပေမယ့်မစွန့်လွှတ်နိုင်သူ၊မစွန့်လွှတ်ရဲသူတွေက မျက်နှာပူမိနေသလို လိပ်ပြာလုံလုံမပြုံးနိုင်ပါဘူး။အားလဲနာရတယ်။အမြဲ လေးစားဦးညွတ်နေတယ်။ ကျေးဇူးတရားတွေ မမေ့ပါဘူး”ဟု အဆိုပါဓာတ်ပုံအပေါ် ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။

ထို့အပြင် ကိုယ်လက်အဂါများ စွန့်လွှတ်ခဲ့ရသည့် ပြည်သူ့ ရဲဘော်များ၏ အနာဂတ်အတွက် ကြိုတင်စီစဥ် ရန်လည်း ပြည်သူအချို့က မှတ်ချက်ပြုသည်။

“အားနာလိုက်တာ ဗျာ။ တကယ်လဲ ရှက်မိပါတယ် ကိုယ့်ကိုယ်ကို” ဟုပြည်သူတစ်ဦးကမှတ်ချက်ပြုသည်။

You May Also Like

သတင်း

မြောင်လူငယ်ကွန်ရက် -YFC မှဦးဆောင်ကာ ကျဆုံးပြည်သူ့ရဲဘော်များ၏ မိသားစုဝင်များထံ ပေးအပ်ထောက်ပံ့ခဲ့​ခြင်းဖြစ်သည်။

သတင်း

ဘီယာဆိုင်ကိုဝိုင်းလိုက်ပြီး ဆိုင်မှာ ထိုင်နေတဲ့ လူငယ် ၅ ဦးကို ရိုက်နှက်ဖမ်းဆီးသလိုလူငယ်တွေ စီးလာတဲ့ ဆိုင်ကယ် ၂ စီးကိုလည်း သိမ်းသွားတယ်လို့သိရပါတယ်။

သတင်း

“တော်လှန်ရေးကို နိုင်မယ်ဆိုတာ ယုံကြည်လို ဝယ်ယူကြတာပါ”ဟု မြေကွက်ရောင်းချရေးအရောင်း ကိုယ်စားလှယ်တစ်ဦးကလည်းပြောသည်။

သတင်း

Spring Memorial Parkသည် မြန်မာနိုင်ငံသားများသည် နွေဦးတော်လှန်ရေးကို ပါဝင်ခဲ့ပုံ သမိုင်းမှတ်တိုင်များကို အစအဆုံးတွေမြင့်စေရမည်ဟုလည်းကတိပြုထားသည်။