Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်တွင်​နွေဦး​တော်လှန်​ရေး၌ကျဆုံးခဲ့​သောPDFများအတွက်NUG​ထောက်ပံ့​ငွေ​ပေးအပ်

မြောင်လူငယ်ကွန်ရက် -YFC မှဦးဆောင်ကာ ကျဆုံးပြည်သူ့ရဲဘော်များ၏ မိသားစုဝင်များထံ ပေးအပ်ထောက်ပံ့ခဲ့​ခြင်းဖြစ်သည်။

(စစ်​ဘေး​ရှောင်၊ မီး​ဘေးသင့်ပြည်သူများကိုကူညီ​နေစဥ်။ ဓါတ်ပုံ-CDSOM)
(စစ်​ဘေး​ရှောင်၊ မီး​ဘေးသင့်ပြည်သူများကိုကူညီ​နေစဥ်။ ဓါတ်ပုံ-CDSOM)

စစ်အာဏာရှင်အား တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့သော မြောင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၈ဦးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တစ်ဦးလျှင်ကျပ်တစ်သိန်းစီ ထောက်ပံ့ခဲ့သည်။

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သော ရဲဘော်များအတွက် ထောက်ပံ့ငွေကိုအမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအစီအစဥ်ဖြင့် ဇန်နဝါရီ ၁၁ရက်က ပေးအပ်ခြင်းဖြစ်သည်။

“မြောင်နယ်မှာကျဆုံးတဲ့စစ်သည်တွေအတွက်NUGက ထောက်ပံ့ငွေကို မိသားစုဝင်တွေလက်ထဲ ပေးအပ်ခဲ့ပါတယ်” ဟု ​မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM တာဝန်ခံ ကိုနွေဦးကပြောသည်။

Public Service Announcement
Public Service Announcement

မြောင်လူငယ်ကွန်ရက် -YFC မှဦးဆောင်ကာ ကျဆုံးပြည်သူ့ရဲဘော်များ၏ မိသားစုဝင်များထံ ပေးအပ်ထောက်ပံ့ခဲ့​ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသည်မြောင်မြို့နယ်အပြင် အခြားဒေသများမှ တော်လှန်ရေးကာလအတွင်း ကျဆုံးပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် စစ်ဘေးရှောင်ပြည်သူများကိုလည်းထောက်ပံ့နေသည်။

ထို့အပြင် စစ်ကိုင်းမြို့ ဒီပဲယင်းကွဲကျေးရွာတွင် ဇန်နဝါရီလ ၆ရက်က ဖြစ်ခဲ့သော တိုက်ပွဲအတွင်း ကျဆုံးခဲ့သော ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးနှင့် အရပ်သားသုံးဦးအတွက်လည်းတစ်ဦးလျှင်တစ်သိန်းစီး ထောက်ပံ့ခဲ့ကြောင်းသိရသည်။

You May Also Like

သတင်း

တောပုရွာပျူများနှင့် ဒေသကာကွယ်ရေးအဖွဲ့များ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

သတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနသည် အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ကာ ပြည်သူ့ဘက်ရပ်တည်လာသော ပြည်သူ့စစ်သား၊ရဲသားများနှင့် နွေဦးတော်လှန်ရေး အောင်မြင်ရန် စဥ်ဆက်မပြတ် လက်တွဲလုပ်ဆောင်နေသည်ဟု အသိပေးသည်။

သတင်း

ဂန့်ဂေါမြို့နယ် နေရာအများစုတွင်လည်း စစ်ကောင်စီ၏ ကင်းထောက်လေယာဥ်များ ယခင်ကထက် အကြိမ်ရေများစွာ ပျံသန်းနေသည်ဟု Saw PDF တပ်ရင်း(၂) -YRPA ပြန်ကြားရေးတာဝန်ခံကလည်းပြောသည်။

သတင်း

ရေစကြို လဝက ရုံးဟာ မနက် ၁ နာရီလောက်မှာ မီးလောင်ခဲ့တာဖြစ်ပြီး လဝက ရုံးကို ပြာချပေးခဲ့တယ်လို့ ရေစကြို ပ.က.ဖ က သတင်းထုတ်ပြန်ပါတယ်။