Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မူဆယ်မြို့တွင် ရဲတပ်ကြပ်တစ်ဦး အသတ်ခံရ

မူဆယ်မြို့တွင် အခြေစိုက်သော ပြည်သူ့လုံခြုံ‌ ရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ PSDA ကို ဖျက်သိမ်းပြီးနောက် မူဆယ်ဗျုဟာ( TACTIC OF MUSE)ကို တော်လှန်ရေးအင်အားစုများက ဖေဖော်ဝါရီ ၁၈ရက်က ဖွဲစည်းခဲ့သည်။

မူဆယ်မြို့လယ် တစ်နေရာအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
မူဆယ်မြို့လယ် တစ်နေရာအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့လယ်တနေရာတွင် စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့မှ တပ်ကြပ်တစ်ဦး ယနေ့နံနက်ပိုင်းက ပစ်ခတ်ရှင်းလင်းခံလိုက်ရသည်။

ဆိုင်ကယ်စီးလာသူနှစ်ဦးက ရဲတပ်ကြပ်အား မူဆယ်မြို့ ‌မြောက်ရပ်ကွက်လမ်း‌ဘေး တနေရာတွင် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ခြင်းဟု မြို့ခံများက ပြောသည်။

“မြောက်ရပ်ကွက် လမ်းပေါ်မှာ ပစ်သွားတာဗျ။ ရဲတပ်ကြပ်တခါတည်း သေသွားတာ။ ဆေးရုံကားလည်း တော်တော်ကြာမှလာတာ”ဟု မျက်မြင်တွေ့သူတစ်ဦးက‌ ပြောသည်။

ပစ်ခတ်ရှင်းလင်းခံရသော ရဲတပ်ကြပ်မှာ မူဆယ်မြို့မရဲစခန်းမှ ဖြစ်သည်။ သို့သော် မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို မသိရှိရသေးပေ။

မူဆယ်မြို့တွင် စစ်ကောာင်စီထောက်တိုင်များကို တော်လှန်ရေးအင်အားစုများက ပစ်ခတ်ရှင်းလင်းမှုသည် ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာ ၆ရက်က နောက်ဆုံးဖြစ်ခဲ့သည်။ မူဆယ်မြို့နယ်တရားသူကြီး ဦးရာဇာမင်းစိုးကို မူဆယ်မြို့၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်သည်။

မူဆယ်မြို့တွင် အခြေစိုက်သော ပြည်သူ့လုံခြုံ‌ ရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ PSDA ကို ဖျက်သိမ်းပြီးနောက် မူဆယ်ဗျုဟာ( TACTIC OF MUSE)ကို တော်လှန်ရေးအင်အားစုများက ဖေဖော်ဝါရီ ၁၈ရက်က ဖွဲစည်းခဲ့သည်။

ထိုသို့ဖွဲ့စည်းကြောင်း သတင်းထုတ်ပြန်ပြီးနောက် လေးရက်အကြာတွင် ရဲတပ်ကြပ်တဦး ပစ်ခတ်ရှင်းလင်းခံရခြင်းဖြစ်သည်။ ယခုဖြစ်ရပ်သည် မူဆယ်ဗျုဟာ( TACTIC OF MUSE)နှင့် ပတ်သက်မှုရှိမရှိ မသိရသေးပေ။

Facebook

You May Also Like

သတင်း

ထို့အပြင် လောင်းလုံးမြို့နယ်အတွင်းရှိ ပျူစောထီးများ၊ သတင်းပေးဒလန်များအနေဖြင့် စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းခြင်းမပြုဘဲ အမြန်ဆုံးရပ်တန်းကရပ်ကြရန် Dawei Defense Team - DDT က နောက်ဆုံးအကြိမ်အဖြစ် သတိပေးထားသည်။

သတင်း

ပစ်ခတ်ရှင်းလင်းခံလိုက်ရသော မြင့်ရီ(ခ)ပေါပီသည် စစ်ကောင်စီလက်အောက်တွင် ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် ပျူစောထီးများအား စစ်သင်တန်းပေးနေသူဖြစ်ပြီး ရင်ငြိမ်းရဲစခန်း၌ ညစဥ်လုံခြုံရေးကင်းစောင့်လေ့ရှိကြောင်း SOF က အသိပေးသည်။

သတင်း

ယမန်နေ့(ဇန်နဝါရီ ၂၉)ည ၁၁ နာရီ ၂၀မိနစ်ခန့်က မင်းလှမြို့နယ် ခွက်မကျေးရွာအုပ်စုမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ထွန်းဝင်းဆိုသူအား ငလှစမ်းကျေးရွာ၌ ဖဲရိုက်နေစဥ် သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။

သတင်း

ထို့အပြင် သေဆုံးသူ နှစ်ဦးထံမှ (၉)မမ ပစ္စတို(၂)လက်၊ ကျည်(၁၂)တောင့်၊ ယာဥ်လိုင်စင်နှင့် စာရွက်စာတမ်းအချို့အား သိမ်းဆည်းရရှိခဲ့ပြီး မော်တော်ယာဥ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။