Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တစ်လအတွင်း တိုက်ပွဲလေးကြိမ်ဖော်ဆောင်ပြီး စစ်ကောင်စီတပ်သား ၄၀ကျော်သုတ်သင်ခဲ့ဟု ထားဝယ်ခရိုင် PDFတပ်ရင်း(၁) ပြော

ထားဝယ်မြို့နယ်တွင်း တိုက်ပွဲများတွင် ပကာရီရဲကင်းတိုက်ခိုက်မှု၌ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရဘဲ ယင်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် PDF တပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

တစ်လအတွင်း တိုက်ပွဲလေးကြိမ်ဖော်ဆောင်ပြီး စစ်ကောင်စီတပ်သား ၄၀ကျော်သုတ်သင်ခဲ့ဟု ထားဝယ်ခရိုင် PDFတပ်ရင်း(၁) ပြော
တစ်လအတွင်း တိုက်ပွဲလေးကြိမ်ဖော်ဆောင်ပြီး စစ်ကောင်စီတပ်သား ၄၀ကျော်သုတ်သင်ခဲ့ဟု ထားဝယ်ခရိုင် PDFတပ်ရင်း(၁) ပြော

တနင်္သာရီတိုင်း ထားဝယ်ခရိုင်တွင် ဖေဖော်ဝါရီတစ်လအတွင်း တိုက်ပွဲပေါင်းလေးကြိမ် ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်မတော်(PDF) ထားဝယ်ခရိုင်တပ်ရင်း(၁)က People’s Spring သတင်းဌာနသို့ ပြောသည်။

အဆိုပါ တိုက်ပွဲများအနက် ထားဝယ်မြို့နယ်အတွင်း ဖေဖော်ဝါရီ ၁၀ရက်က ပကာရီရဲကင်းအား တိုက်ခိုက်မှု၊ ၁၇ ရက်တွင် ကွာလီတောင်ထိပ် သင်္ကန်းတုံးကျေးရွာတိုက်ခိုက်မှုနှင့် ဖေဖော်ဝါရီ ၂၀ ရက် သဗျားရွာနှင့် မဲချောင်းရွာကြားတိုက်ခိုက်မှုအပါအဝင် တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထားဝယ်မြို့နယ်တွင်း တိုက်ပွဲများတွင် ပကာရီရဲကင်းတိုက်ခိုက်မှု၌ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရဘဲ ယင်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် PDF တပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အလားတူ ကွာလီတောင်နှင့် သဗျား၊ မဲချောင်း တိုက်ပွဲများတွင် ပြည်သူ့ရဲဘော်တစ်ဦး ထပ်မံကျဆုံးပြီး စစ်ကောင်စီတပ်ဘက်မှ ကွာလီတောင်တိုက်ပွဲတွင် ၂၃ဦးသေ၊ ၁၀ဦး ဒဏ်ရာရကာ သဗျားနှင့် မဲချောင်းကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ဦး ထပ်မံသေဆုံးကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

ထို့အပြင် ဖေဖော်ဝါရီ ၂၂ ရက် သရက်ချောင်းမြို့နယ် စော်ဖျားရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရရှိသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များ ထိခိုက်ကျဆုံး မရှိခဲ့ပေ။

အထက်ပါတိုက်ပွဲများကို ထားဝယ်ခရိုင် PDF တပ်ရင်း (၁)နှင့် ဥသြစစ်ကြောင်းတို့ ပူးပေါင်း၍ တိုက်ပွဲများဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ဒီထက်မကထပ်ကြိုးစားရင်း နောက်ထပ်စစ်ရေးလှုပ်ရှားမှုတွေကို အခါသင့်သလို ချပြသွားမှာပဲဖြစ်ပါတယ်”ဟု ထားဝယ်ခရိုင် PDFတပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက သတင်းစကားပါးသည်။

ထားဝယ်ခရိုင် တပ်ရင်း(၁)သည် ၎င်းတို့၏စစ်ရေးလှုပ်ရှားမှုများကို လတစ်လ၏နောက်ဆုံးရက်မှသာ စုပေါင်းထုတ်ပြန်လေ့ရှိခဲ့ရာ ယခုမတ်လမှစပြီး စစ်ရေးလှုပ်ရှားမှုဆောင်ရွက်ချက်များအား စစ်ဆင်ရေးတစ်ခုပြုလုပ်ပြီးတိုင်း အချိန်အခါနှင့်လိုက်လျောညီစွာ တရားဝင်ထုတ်ပြန်ပေးသွားမည်ဟု အသိပေးထားသည်။

You May Also Like

သတင်း

ဒိုက်ဦးမြို့အနီး ခမရ (၄၄၀)တပ်ဂိတ်နှင့် ဒိုက်ဦးမှ အမြန်လမ်းမကြီးသို့သွားရာလမ်းတွင်ရှိသည့် (၇၂)မိုင် စစ်ဆေးရေးဂိတ်များကို ဖေဖော်ဝါရီ ၂၆ ရက် ည ၈နာရီက မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

သတင်း

မီးရှို့ခံရသည့် ဒေသများမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း နှင့် ချင်းပြည်နယ်တို့ဖြစ်ပြီး စစ်ကိုင်းတိုင်းမှ အိမ်ခြေ ၆,၆၀၀ ကျော်ဖြင့် အများဆုံးဖြစ်သည်။

သတင်း

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း သုံးခုဖြင့် ဖေဖော်ဝါရီ ၂၆ရက်မှစတင်ကာ ဝက်လက်နယ် အနောက်ခြမ်း၊ ရွှေဘိုဘက်နှင့် လှတောကျေးရွာများဘက်မှ စစ်ကြောင်းထိုးနေသည်။

သတင်း

ကသာနှင့်ထီးချိုင့်နယ်စပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၏ ‌ခြေလျင်တပ်ရင်း(၃၀၁)က ဒေသခံအမျိုးသား ၁၁ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဟု ဆိုသည်။