Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

CDM မပြုလုပ်နိုင်ရေး စစ်အုပ်စုက နည်းမျိုးစုံအသုံးပြုပုံဖျက်နေဟု ကရင်နီပြည်သူ့ရင်ခွင် ပြော

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း (၂)နှစ်ကျော်အတွင်း ကရင်နီပြည်နယ်၌ CDM ပြုလုပ်ထားသည့် ရဲတပ်ဖွဲ့ဝင် ၃၀၀ကျော်ရှိပြီး စစ်ကောင်စီတပ်သား ၁၃၀ခန့်ရှိကြောင်း ကရင်နီပြည်သူ့ရင်ခွင်၏ အချက်အလက်များအရ သိရသည်။

(ကရင်နီပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းတိုက်ခိုက်နေသည့် CDM စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF CDM)
(ကရင်နီပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းတိုက်ခိုက်နေသည့် CDM စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF CDM)

စစ်ကောင်စီတပ်သားများ CDM မပြုလုပ်နိုင်ရေး စစ်အုပ်စုက နည်းမျိုးစုံအသုံးပြု ပုံဖျက်ရန်ကြိုးပမ်းနေကြောင်း ကရင်နီပြည်သူ့ရင်ခွင် တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

CDM ပြုလုပ်မည်အယောင်ဆောင်ကာ ဖုန်းခေါ်ခြင်း၊ နေရာချိန်းဆိုခြင်းနှင့် တော်လှန်ရေးအင်အားစုများ၏ သတင်းအချက်အလက်များကို ခိုးယူခြင်းတို့ဖြင့် စစ်ကောင်စီက ကြိုးပမ်းနေသည်ဟု ဆိုသည်။

“ တစ်ဖက်လှည့်နဲ့ ကျွန်တော်တို့ မခေါ်နိုင်အောင် နည်းမျိုးစုံနဲ့ လှည့်စားနေတာ။နံပါတ် တစ်က ဒီ CDM စစ်သားတွေကို မခေါ်နိုင်အောင် အတုအယောင် ပုံစံနဲ့ကျွန် တော်တို့ကိုဆက်သွယ်ပြီး မလာတာ မျိုးလုပ်တယ်။နောက် စောင့်နေတယ်လာခေါ်ပါဆိုပြီး။ အကြောင်းအမျိုးမျိုးပြပြီး ပျောက်သွားတာမျိုးနဲ့ ကျွန်တော်တို့ စိတ်ဓာတ်ကျအောင်လုပ်တာပေါ့။CDM ဆိုတာ မယုံကြည်အောင် ကျွန်တော်တို့ကို နည်းမျိုးစုံနဲ့ လုပ်နေတယ်” ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

၎င်းက ဆက်လက်ပြီး “ နံပါတ် သုံးကတော့ ကျွန်တော်တို့ဆီက သတင်းအချက်အလက်တွေကို လုတယ်။နေရာ၊လူအင်အား အပါအဝင် တချို့ဆို အရေးကြီးတဲ့အချက်အလက်ယူ သွားတာမျိုးလုပ်တယ်” ဟု ပြောသည်။

ယခု စစ်ကောင်စီက ကြိုးပမ်းနေသည့် မဟာဗျူဟာမှာ ကရင်နီတော်လှန်ရေးအင်အားစုများဘက်မှ CDMများထပ်မခေါ်ရန် ဆောင်ရွက်နေခြင်းဟု ၎င်းက သုံးသပ်သည်။

“ တော်လှန်ရေးမှာ စစ်ကောင်စီက ဗျူဟာအမျိုးမျိုးကို လုပ်လိမ့်မယ်။ဒါတွေက ကြိုတွက်ထားပြီးသားပါ။ကျန်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ပြောချင်တာက ရဲရဲသာထွက်လာခဲ့ဖို့ပါ။အမြဲတမ်းကြိုဆိုနေ တယ်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း (၂)နှစ်ကျော်အတွင်း ကရင်နီပြည်နယ်၌ CDM ပြုလုပ်ထားသည့် ရဲတပ်ဖွဲ့ဝင် ၃၀၀ကျော်ရှိပြီး စစ်ကောင်စီတပ်သား ၁၃၀ခန့်ရှိကြောင်း ကရင်နီပြည်သူ့ရင်ခွင်၏ အချက်အလက်များအရ သိရသည်။

ထို့အပြင် စိစစ်ဆဲ( CDMဟု မသတ်မှတ်နိုင်သေးသူ) စစ်ကောင်စီတပ်သား ၂၀ဦးခန့်မှာလည်း ကရင်နီပြည်သူ့ရင်ခွင်၏ စီစဥ်မှုအောက်တွင်ရှိနေသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်၏ ပစ်မှတ်ထားတိုက်ခိုက်မှုများတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ချင်းပြည်နယ်တို့ပါဝင်ပြီး CDM သူနာပြု ကျန်းမာရေးဝန်ထမ်းနှစ်ဦးအား အကြမ်းဖက်သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

ကော်မတီအနေဖြင့် တော်လှန်ရေးအခြေအနေအရ ဆက်လက်အကောင်အထည်ဖော်သင့်သည့်ကိစ္စများကို ဆွေးနွေးလုပ်ဆောင်ကြရန်လည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မှာကြားသည်။

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်းရှိ တက္ကသိုလ် ၈ခုက CDM တက္ကသိုလ် ဆရာ၊ ဆရာမများပူးပေါင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်မှတဆင့် ပညာရပ်စုံ တက္ကသိုလ်ကို တည်ထောင်ထားခြင်းဖြစ်သည်။

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ကျဆုံးရဲဘော်နှင့် ပြည်သူစုစုပေါင်း ၂၅၀နီးပါး ရှိလာပြီဖြစ်ပြီး ဒေသခံတစ်သောင်းခွဲကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။