Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်ထိုရှိ တပ်မ(၄၄)ဌာနချုပ်နှင့် တပ်မမှူးနေအိမ်ကို KNLA ပူးပေါင်းတပ် ဒရုန်းဖြင့် တိုက်ခိုက်

“ ဒီမနက် ၁၀နာရီမှာ။ တပ်မ(၄၄)ဌာနချုပ်ကိုလည်း ဒရုန်းနဲ့ ပစ်တယ်။ တပ်မ(၄၄)ရဲ့ တပ်မမှူးအိမ်ကိုလည်း ဒရုန်းနဲ့ပစ်တယ်။ထိခိုက်မှုကတော့ လောလောဆယ်ဆယ်တော့ ဘာမှမသိရသေးဘူး” ဟု KNLA တပ်မှူးက ပြောသည်။

(တပ်မ (၄၄)ဌာနချုပ်ဝင်းအတွင်းနှင့် တပ်မမှူးနေအိမ် ဒရုန်းဖြင့် တိုက်ခိုက်ရန် ရဲဘော်များ ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - TPDF)
(တပ်မ (၄၄)ဌာနချုပ်ဝင်းအတွင်းနှင့် တပ်မမှူးနေအိမ် ဒရုန်းဖြင့် တိုက်ခိုက်ရန် ရဲဘော်များ ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - TPDF)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့ရှိ စစ်ကောင်စီ၏ တပ်မ (၄၄)ဌာနချုပ်ဝင်းအတွင်းနှင့် တပ်မမှူးနေအိမ်တို့ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း နယ်မြေခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မှူးက ပြောသည်။

“ ဒီမနက် ၁၀နာရီမှာ။ တပ်မ(၄၄)ဌာနချုပ်ကိုလည်း ဒရုန်းနဲ့ ပစ်တယ်။ တပ်မ(၄၄)ရဲ့ တပ်မမှူးအိမ်ကိုလည်း ဒရုန်းနဲ့ပစ်တယ်။ထိခိုက်မှုကတော့ လောလောဆယ်ဆယ်တော့ ဘာမှမသိရသေးဘူး” ဟု KNLA တပ်မှူးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA ၊PDF ၊KRF ပူးပေါင်းတပ်များနှင့် သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစု(TPDF)တို့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ကြောင်း TPDF က ထုတ်ပြန်သည်။

ယနေ့နံနက် တပ်မမှူး နေအိမ်နှင့် တပ်မဌာနချုပ်ရုံးတို့ကို ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့ရာ ပူးပေါင်းတပ်များ အထိအခိုက်မရှိကြောင်းနှင့် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးကို စုံစမ်းဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

“ မနေ့က သံတံတားဂိတ် တိုက်ခံရပြီးတော့ စစ်တပ်က လက်နက်ကြီးနဲ့ရမ်းပစ်တယ်။ပြည်သူနှစ်ဦးသေတယ်။ ၁၀ဦးဒဏ်ရာရတယ်။ပြီးတော့ ဒီနေ့လည်း လက်နက်ကြီးပစ်သံတွေ ကြားနေရတယ်” ဟု ကျိုက်ထို မြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့ကလည်း ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ စစ်ကောင်စီ၏ သံတံတားဂိတ်မှာ နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ယာဉ်တန်းများ၊ စစ်တပ်ဝင်းများနှင့် ဝေးဝေးမှနေပေးကြရန်လည်း TPDFက မေတ္တာရပ်ခံထားသည်။

You May Also Like

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် လက်တွဲတိုက်ပွဲဝင်နေခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် ကျောက်မှော်ရွာကို ယမန်နေ့က ပြန်ဝင်လာခဲ့ပြီး ဘုန်းကြီးကျောင်းကို အဝင်၊အထွက်ပိတ်ဆို့ကာ ထမင်းဝင်စားသွားကြောင်း၊ စစ်ကြောင်းတွင် အရပ်သား နှစ်ဦးကို လူသားဒိုင်းအနေဖြင့် ဖမ်းထားပြီး နောက်တစ်ဦး ထပ်မံဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

သတင်း

မျောက်ကုန်းနေရာမှအိမ်များကိုမတ်လ ၁၉ရက် ညနေ ၅ နာရီခန့်မှစတင်၍ စစ်ကောင်စီတပ် အင်အား၁၀၀ ခန့်က ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း

"စဥ့်ကူးမြို့နယ်အတွင်းက စစ်သားနဲ့ရဲတွေပါ။ ၄၀ လောက်ပါတယ်။ ရွှေလုပ်ကွက်ကိုလာကြည့်တဲ့သူတွေပါ။ သူတို့ပစ်လိုက်လို့ PDF တစ်ဦး ကျည်ထိတယ်ဆိုပြီး ပြည်သူတွေကို ပေါင်ပြခိုင်းပြီး စစ်ဆေးသွားသေးတယ်။"ဟု ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။