Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာစစ်တပ်က နိုင်ငံကိုအကျပ်အတည်းအတွင်း ကျဆင်းစေဟု ဗြိတိန်ဝန်ကြီးပြော

ဗြိတိန် အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များနှင့် ယမန်နေ့(မတ်လ ၂၀ရက်)တွေ့ဆုံမှုအပြီး ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

(ဝန်ကြီးဒေါက်တာဝင်းမြတ်အေး နှင့်အတူ UK NUG ကိုယ်စားလှယ်များအားတွေ့ရစဥ်။ ဓာတ်ပုံ - NUG Representatives Office - United Kingdom)
(ဝန်ကြီးဒေါက်တာဝင်းမြတ်အေး နှင့်အတူ UK NUG ကိုယ်စားလှယ်များအားတွေ့ရစဥ်။ ဓာတ်ပုံ - NUG Representatives Office - United Kingdom)

▪️လူသားချင်းစာနာမှုအကူအညီများတိုက်ရိုက်ပေးရန် ERO ခေါင်းဆောင်များ၊ NUG ဝန်ကြီးတို့ကို ဗြိတိန်တွေ့ဆုံဆွေးနွေး

မြန်မာစစ်တပ်သည် နိုင်ငံကို အကျပ်အတည်းအတွင်း ကျဆင်းစေပြီး သန်းနှင့်ချီသော မြန်မာပြည်သူများသည်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများလိုအပ်နေကြောင်း ဗြိတိန် အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီးက ပြောကြားသည်။

ဗြိတိန် အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များနှင့် ယမန်နေ့(မတ်လ ၂၀ရက်)တွေ့ဆုံမှုအပြီး ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီကနေ့ ကျွန်မ NUGမှ ဦးဝင်းမြတ်အေးနဲ့ တိုင်းရင်းသားခေါင်းဆောင်များကို တွေ့ဆုံခဲ့ပြီး ကာကွယ်မှုအလိုအပ်ဆုံးသောပြည်သူများအတွက် ကျွန်မတို့အနေနဲ့ ထောက်ပံ့ကူညီသွားမှာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူလူထုနဲ့အတူ ကျွန်မတို့ ရပ်တည်ပါတယ်” ဟု ဝန်ကြီး Anne-Marie Trevelyan က ပြောသည်။

ဗြိတိန် အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီးနှင့်တွေ့ဆုံစဥ် ကချင်၊ ကရင်၊ ကရင်နီနှင့် ချင်း တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များက အွန်လိုင်းမှ တက်ရောက်ခဲ့ပြီး လန်ဒန်သို့ ရောက်ရှိသော ဒေါက်တာဝင်းမြတ်အေးနှင့် ကိုယ်စားလှယ်အဖွဲ့က လူကိုယ်တိုင်တက်ရောက်ကြောင်း ဗြိတိန်ဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက ထုတ်ပြန်သည်။

ယင်းအစည်းအဝေး၌ ဗြိတိန်နှင့် နိုင်ငံတကာမှလူသားချင်းစာနာသော အကူအညီများ၊ ကျန်းမာရေးအကူအညီများ အမှန်တကယ်ဒုက္ခရောက်နေသော ပြည်သူများ အလျှင်အမြန် ချောမောစွာရောက်ရှိရေး၊ လက်တွေ့အကောင်အထည်ဖေါ်နိုင်မည့်နည်းလမ်းများ နှင့် ကြိုတင်ပြင်ဆင်ထားမှုများကို အဓိကထား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြောင်း ဖော်ပြသည်။

ထို့အပြင် ဆွေးနွေးမှုများသည် အာစီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား၏ လူသားချင်းစာနာမှုအကူအညီပေးခြင်းဆိုင်ရာ Inclusive mechanism နှင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ Inclusive humanitarian forum ဖြစ်မြောက်ရေးတို့နှင့်လည်း ချိတ်ဆက်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း NUG ကိုယ်စားလှယ်ရုံးက အသိပေးသည်။

You May Also Like

သတင်း

ဖန်များစွာ ပစ်ခတ်ခဲ့သည်။ အလားတူ ၂၀၂၂ ဒီဇင်ဘာ ၁၃ ရက်ကလည်း ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် အဆိုပါလက်နက်ကြီးအချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု JFM က ဖော်ပြသည်။

ဆောင်းပါး

ဒီလမှာတော့ အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေက ဂျကာတာမှာ အစည်းအဝေး ကျင်းပတဲ့အခါ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေးကို ဆက်လက် အားပေး ထောက်ခံနေတဲ့တိုင် ဘာတိုးတက်မှုမှ ရှိမလာတဲ့ အခြေအနေ အတွက်လည်း စိတ်ပျက်တယ်လို့ သဘောထား ဖော်ပြခဲ့ကြပါတယ်။

သတင်း

(ယခင်နှစ်​တွေကပြုလုပ်ခဲ့တဲ့ Cobra Gold ပူး​ပေါင်းစစ်​ရေး​လေ့ကျင့်​မှု ။ဓါတ်ပုံ-EPA၊ AP၊ Bangkok Post၊ US Marines)

သတင်း

အခြေခံ သဘောထားတွေကို မပြောင်းလဲဘဲ မြဲမြဲမြံမြံ ရပ်တည်ပေးနေတဲ့ စင်ကာပူ အစိုးရကိုရော၊ မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ကြောင်း ပြသခဲ့တဲ့ ဝန်ကြီး ဘာလက်ခ်ရစ်ရှ်န်ကိုပါ NUGက လေးလေးနက်နက် ကျေးဇူးတင်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။