Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်နယ်ရှိ ပျူစောထီးရွာကို ဒေသကာကွယ်ရေးအဖွဲ့များနှစ်ရက်ဆက် တိုက်ခိုက်

စစ်ဆင်ရေးကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)နှင့် ကိုအောင်ကြီး လက်နက်ကြီးတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ပြီး ည ၁၀နာရီခန့်တွင် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

(သရက်ကွ ပျူစောထီးကျေးရွာအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်နေစဥ်)
(သရက်ကွ ပျူစောထီးကျေးရွာအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်နေစဥ်)

▪️ပျူခေါင်းဆောင်နေအိမ်အပါအဝင် ပျူအိမ်များမီးလောင်

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ သရက်ကွ ပျူစောထီးကျေးရွာရှိ စခန်းကို နှစ်ရက်အတွင်း သုံးကြိမ်တိုက်ခိုက်ခဲ့​ရာ ပျူခေါင်းဆောင်နေအိမ်အပါအဝင်နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင်အဖွဲ့က ပြောသည်။

မတ်လ ၁၉ ရက် ညနေ ၃ နာရီမှ ၄နာရီခန့်အတွင်း မြိုင်မြို့နယ် သရက်ကွပျူကျေးရွာကို ဒရုန်းဖြင့် အီနာဂါဗုံးသီးများ၊မီးလောင်ဗုံးများ ချတိုက်ခိုက်ခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင်ခေါင်းဆောင် ဗိုလ်မီးပွားက ပြောသည်။

ပျူနေအိမ်များ မီးလောင်ပျက်စီးသွားသည်ကိုမြင်တွေ့ခဲ့ရပြီး ထိခိုက်မှုအခြေအနေ မသိရှိရသေးကြောင်း ဗိုလ်မီးပွားက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့- မြိုင်၊ BLACK CHEETAH PEOPLE’S DEFENSE FORCE၊ သူရိန်၊ Hero New G.Zတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုနေ့ည ၇ နာရီခန့်တွင်လည်း သရက်ကွရွာရှိ ပျူစခန်းအား (၈၀)မမ၊(၁၀၀) မမများဖြင့် အချက်ရေ ၃၀ခန့် ပစ်ခတ်ခဲ့ရာ ပျူများဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင်က အသိပေးသည်။

စစ်ဆင်ရေးကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)နှင့် ကိုအောင်ကြီး လက်နက်ကြီးတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ပြီး ည ၁၀နာရီခန့်တွင် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ (မတ်လ ၂၀ ရက်) နံနက် ၉နာရီခန့်တွင်လည်း သရက်ကွရွာပျူစခန်းကို ဒရုန်းများဖြင့် အီနာဂါ ဗုံးသီး (၁၀)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးနေအိမ်များနှင့် ပျူခေါင်းဆောင်တို့၏ နေအိမ်သို့ကျရောက်ပေါက်ကွဲခဲ့ပြီး ပျူနေအိမ် သုံးလုံးပျက်စီးသွားကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင်ခေါင်းဆောင် ဗိုလ်မီးပွားက ပြောသည်။

“ စစ်ဆင်ရေး သုံးခုလုံး သရက်ကွပျူရွာကိုပဲ တိုက်ခဲ့တာ။သရက်ကွက ပျူအင်အား ၃၀ဝန်းကျင်ရှိမယ်။ သူတို့ ရွာရဲ့ပတ်ချာလည်မှာ နင်းမိုင်းတွေထောင်ထားတယ်လို့သိရတယ်။” ဟု ဗိုလ်မီးပွားက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တပ်ရင်း ၁)၊ Thu Rain တပ်ဖွဲ့၊ Black Chretah တပ်ဖွဲ့၊ Myaing Warrios၊ Hero New GZ တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ထိခိုက်ဒဏ်ရာရသော ရဲဘော်များအတွက် လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင်က သတင်းထုတ်ပြန်သည်။

ယနေ့ (မတ်လ ၂၁ ရက်) နံနက်ပိုင်းကလည်း ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ ပျူစောထီးစခန်းအား MRDAနှင့် တော်လှန်ရေးမဟာမိတ်အင်အားစုများက သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ရဟတ်ယာဉ်ဖြင့်ပါ နာရီဝက်ခန့် ပစ်ခတ်သွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုများရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

You May Also Like

သတင်း

အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ဟားခါး စစ်ဗျူဟာသို့ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် မတ်လ ၇ရက်ကတည်းက ကလေးမြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး လမ်းခရီး၌ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုခံနေရခြင်းဖြစ်သည်။

သတင်း

ပုလဲမြို့နယ်တွင် ပြီးခဲ့သည့် ​ဖေဖော်ဝါရီ ၈ရက် ညက ဇီးဖြုကုန်းပျူစခန်းအပါအဝင် ပုလဲမြို့ပေါ်စခန်း၊ အင်မထီးပျူစခန်းနှင့် ကန့်ဒေါင့်ရဲစခန်းစသည့် နေရာ (၄)ခုအား တော်လှန်ရေးအင်အားစုများပူးပေါင်း၍ လက်နက်ကြီးများဖြင့် တပြိုင်တည်းပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

သတင်း

"ဒီမနက် ၁၀နာရီမှာ။ တပ်မ(၄၄)ဌာနချုပ်ကိုလည်း ဒရုန်းနဲ့ ပစ်တယ်။ တပ်မ(၄၄)ရဲ့ တပ်မမှူးအိမ်ကိုလည်း ဒရုန်းနဲ့ပစ်တယ်။ထိခိုက်မှုကတော့ လောလောဆယ်ဆယ်တော့ ဘာမှမသိရသေးဘူး"ဟု KNLA တပ်မှူးက ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် လက်တွဲတိုက်ပွဲဝင်နေခြင်းဖြစ်သည်။