Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီအား ပိတ်ဆို့အရေးယူအသစ်များ မကြာမီရက်ပိုင်းအတွင်း ကြေညာမည်ဟု အမေရိကန် အကြီးတန်းအရာရှိပြော

၂၀၂၁ တွင် ရွေးကောက်ခံအစိုးရကို မြန်မာစစ်တပ်က ဖြုတ်ချခဲ့ချိန်မှစ၍ သဘောကွဲလွဲသူများကို သတ်ဖြတ်ဖြိုခွင်းခဲ့ပြီး တိုင်းပြည်သည် ဖရိုဖရဲဖြစ်ကာ ပိတ်မိနေသည်။

(မြို့တော်ဝါရှင်တန်ရှိ NUG နိုင်ငံခြားရေးရုံး၌ ဒဲရက်ရှိုလက်နှင့် NUG ဝန်ကြီးများကို မတ်လ ၁၄ ရက်က တွေ့ရစဥ်။ဓာတ်ပုံ - Derek Chollet/Twitter)
(မြို့တော်ဝါရှင်တန်ရှိ NUG နိုင်ငံခြားရေးရုံး၌ ဒဲရက်ရှိုလက်နှင့် NUG ဝန်ကြီးများကို မတ်လ ၁၄ ရက်က တွေ့ရစဥ်။ဓာတ်ပုံ - Derek Chollet/Twitter)

အမေရိကန်အစိုးရသည် မြန်မာစစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များကို မကြာမီရက်ပိုင်းအတွင်း ကြေညာမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိက ယနေ့ ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ၌ သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်ပြီး စစ်လက်နက်များဝယ်ယူရန် မြန်မာစစ်ကောင်စီရရှိနေသော ငွေကြေးစီးဝင်မှု ပိုမိုခက်ခဲစေရေး ပိတ်ဆို့အရေးယူမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရက်ရှိုလက်က ပြောသည်။

“စစ်ကောင်စီအပေါ် ပိုမိုဖိအားပေး၊ တင်းကြပ်ဖို့ ကျွန်တော်တို့ ကတိကဝတ်ပြုထားပါတယ်။ နောက်ပြီး စစ်ကောင်စီရဲ့ စစ်ယန္တရားလည်ပတ်စေဖို့ အားဖြည့်ပေးနေတဲ့ ငွေကြေးစီးဝင်မှုကို ပိုမိုခက်ခဲအောင်လုပ်ဆောင်မှာပါ” ဟု ဒဲရက်ရှိုလက်က ဆိုသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ကျရှုံးနိုင်ငံ(failed state)ဖြစ်နိုင်မည့် လမ်းကြောင်းပေါ် ရောက်ရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံက ပြောသည်။

၂၀၂၁ တွင် ရွေးကောက်ခံအစိုးရကို မြန်မာစစ်တပ်က ဖြုတ်ချခဲ့ချိန်မှစ၍ သဘောကွဲလွဲသူများကို သတ်ဖြတ်ဖြိုခွင်းခဲ့ပြီး တိုင်းပြည်သည် ဖရိုဖရဲဖြစ်ကာ ပိတ်မိနေသည်။

အမေရိကန်နှင့် အခြားအနောက်နိုင်ငံများက စစ်ကောင်စီအဖွဲ့ဝင်များ၊ စစ်အစိုးရ၏ အေဂျင်စီများ၊ စစ်တပ်ပိုင် ကုမ္ပဏီများကို ပစ်မှတ်ထားကာ ၎င်းတို့၏ ဝင်ငွေရရှိမှုကို ထိန်းချုပ်ရန် ပိတ်ဆို့အရေးယူမှု အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

ယနေ့ အထိ အမေရိကန်သည် နိုင်ငံအတွင်းရှိ လူပုဂ္ဂိုလ် ၈၀ ဦးနှင့် အဖွဲ့အစည်း ၃၀ ကျော်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများ လုပ်ဆောင်ထားကြောင်း ရှိုလက်က ပြောသည်။

မြန်မာ့ပဋိပက္ခကို အဖြေရှာရန် ရုရှားအနေဖြင့် စစ်တပ်ကို စစ်လက်နက်ပစ္စည်းပံ့ပိုးခြင်းကို ရပ်တန့်ရမည်ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် အာဆီယံသည် ၎င်း၏အစည်းအဝေးများအားလုံးတွင် မြန်မာစစ်ကောင်စီကို နိုင်ငံရေးအရကိုယ်စားပြုမှုကို ဖယ်ထုတ်ထားရန် တောင်းဆိုခဲ့သည်။

ကိုးကား – Reuters

You May Also Like

သတင်း

ယမန်နေ့တိုက်ပွဲ၌ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်(၁)ဦး ကျဆုံးခဲ့ပြီး ၂ဦး ဒဏ်ရာရခဲ့ကြောင်း၊ ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲအရှေ့ခြမ်းနှင့် သံလွင်မြစ်အရှေ့ဘက်ခြမ်းတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ကရင်နီစစ်ဘက်က အသိပေးထားသည်။

သတင်း

ကမ္ဘာ့ရွေဈေးမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးမြင့်တက်လာပြီးနောက် စစ်ကောင်စီ၏ဗဟိုဘဏ်နှင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းတို့က​ရွှေ​ဈေးကျ​စေရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

သတင်း

မတ်လ ၁၄ရက်ကလည်း မတူပီ - ပလက်၀လမ်း ၀လံပီ နှင့် ကလားကြားတွင် စစ်ကောင်စီတပ်ကို မတူပီ CDFက မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု မတူပီ CDFက အသိပေးထားသည်။

သတင်း

စစ်ကောင်စီ၏ ဗိုလ်ကြီးအဆင့်အပါအဝင် တပ်သား ၁၀ဦးထက်မနည်းသေဆုံးသည့် တိုက်ပွဲမှာ ဒီးမော့ဆိုအရှေ့ခြမ်း ဒေါစဲကျေးရွာအနီး၌ ဖြစ်သည်။