Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတူပီ – ပလက်ဝလမ်းတွင် စစ်တပ်ရိက္ခာပို့ယာဉ်တန်းကို CDF တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးသေဟုဆို

မတ်လ ၁၄ရက်ကလည်း မတူပီ – ပလက်၀လမ်း ၀လံပီ နှင့် ကလားကြားတွင် စစ်ကောင်စီတပ်ကို မတူပီ CDFက မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု မတူပီ CDFက အသိပေးထားသည်။

(မတူပီCDF မှတပ်ဖွဲ့ဝင်တစ်ဦး စစ်​ရေး​လေ့ကျင့်​နေစဥ်။ ဓါတ်ပုံ-CDF-မတူပီ)
(မတူပီCDF မှတပ်ဖွဲ့ဝင်တစ်ဦး စစ်​ရေး​လေ့ကျင့်​နေစဥ်။ ဓါတ်ပုံ-CDF-မတူပီ)

ချင်းပြည်နယ် မတူပီ – ပလက်၀လမ်းတွင် စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲံကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်(CDF)မှတာဝန်ရှိသူက​ပြောသည်။

ခလရ(၃၀၄) တပ်မှ မတူပီ – ပလက်၀ လမ်းပေါ်ရှိ ထယ်ဘွေးတပ်စခန်းသို့ စားနပ်ရိက္ခာနှင့် တပ်အင်အားဖြည့်ရန်လာသည့် ကား ၃စီးကို မတ်လ ၂၀ ရက်နှင့် မတ်လ ၂၁ရက်တို့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“မတ်၂၀ ရက်မှာ မတူပီမြိုကနေထယ်ဘွေးစခန်းကို စစ်ကား၃စီးနှင့် စကစအင်းအား၈၀ ခန့်ထွက်သွားကြတယ်။

မတူပီမှ ၇မိုင်အကွာမှာ ကျွန်တော်တိုနဲ့ ၁ကြိမ်ထိတွေ့ပြီးကျွန်တော်တို ပြန်လည်ဆုတ်ပေးတယ်။ ပြီးတော့ ၉ မိုင်မှာ တစ်ကြိမ်ပြန်လည်ထိတွေ့မှူရှိတယ်။ အဲညမှာဘဲ စကစတွေက ၉မိုင်မှာ ညအိပ်တယ် မတ်၂၁ရက်မှာကြတော့ ၁၂မိုင်(တွီးရှစ်)ရွာအဝင်မှာ ပြန်လည်ထိတွေ့မှုဖြစ်တယ်။”ဟု ချင်းပြည်ကာကွယ်ရေးတပ်-CDF-မတူပီတာဝန်ရှိသူကPeople’s Spring သတင်းဌာနသို့ပြောသည်။

ဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်က ၁၂ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းCDF-မတူပီက ထုတ်ပြန်သည်။

စစ်ကားတန်းမှ ဆက်လက်ထွက်ခွာဦးမည်ဖြစ်ပြီး စစ်​ရေးတင်းမာ​နေဆဲဖြစ်​ကြောင်းလည်း အထက်ပါတာဝန်ရှိသူက​ပြောသည်။

“ဖုန်းလိုင်း အဆင်မပြေတာကြောင့် သတင်းက ချက်ချင်းရနိုင်ဖို့ မလွယ်ဘူး”ဟု ၎င်းကဆက်ပြောသည်။

မတူပီ – ဟားခါးလမ်းတွင် တပ်ချထားသော ဗျူဟာ တပ်စခန်းမှ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်ခဲ့၍ မတူပီ -ပလက်၀ လမ်းပေါ်ရှိ ၀လီပီရွာ၌ လက်နက်ကြီးကျည်များ ပေါက်ကွဲခဲ့ကြောင်း၊ မတူပီ CDF ရဲဘော်များနှင့် ပြည်သူများ ထိခိုက်မှုမရှိကြောင်း ဖော်ပြသည်။

မတူပီ CDF အနေဖြင့် တော်လှန်ရေးအောင်မြင်သည်အထိ တိုက်ပွဲများ ဆက်လက် ဝင်နိုင်ရန် အတွက် လိုအပ်သည့် လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဝယ်ယူနိုင်ရန် ပြည်သူများ တက်နိုင်သည့်ဘက်မှ ဆက်လက်ပါဝင်လှူဒါန်းပေးကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

မတ်လ ၁၄ရက်ကလည်း မတူပီ – ပလက်၀လမ်း ၀လံပီ နှင့် ကလားကြားတွင် စစ်ကောင်စီတပ်ကို မတူပီ CDFက မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု မတူပီ CDFက အသိပေးထားသည်။

You May Also Like

သတင်း

ယနေ့ (မတ်လ ၂၂ ရက်)နံနက် ၇နာရီခွဲခန့်တွင်လည်း ရေစကြိုမြို့ပေါ်မှ အင်အား ၂၀ ခန့်ဖြင့်ထွက်လာသော စစ်ကောင်စီတပ်အား ပေကုန်းရေတံခါးအနီးအရောက်တွင် ပဒေသာမိုင်း သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်း သေဆုံးနိုင်​ကြောင်း ပကဖအဖွဲ့က ပြောသည်။

သတင်း

၂၀၂၁ တွင် ရွေးကောက်ခံအစိုးရကို မြန်မာစစ်တပ်က ဖြုတ်ချခဲ့ချိန်မှစ၍ သဘောကွဲလွဲသူများကို သတ်ဖြတ်ဖြိုခွင်းခဲ့ပြီး တိုင်းပြည်သည် ဖရိုဖရဲဖြစ်ကာ ပိတ်မိနေသည်။

သတင်း

ကိုင်းတောမရဲစခန်းနှင့် စက်မှု(၂)ကြားတွင် မြိုင်မှထွက်လာသော စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာတွင် ကင်းပုန်း၏ အငိုက်ဖမ်းပစ်ခက်မှုကြောင့် တပ်ရင်း၁ မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း မြိုင်(ပကဖ)ခေါင်းဆောင်က ပြောသည်။

သတင်း

စစ်ကောင်စီတပ် ယာဉ်တန်းလုံခြုံရေးယူရန်လာသည့်စစ်ကောင်စီတပ်များနှင့်စစ်ကောင်စီယာဉ်တန်းအား KIAနှင့်KPDFတပ်ဖွဲ့များမှ မတ်လ၂၀ရက်နှင့်၂၁ရက် တို့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။