Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အမရပူရမြို့နယ်တရားရုံး ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အစောင့်ရဲတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရ

မတ်လ ၂၂ ရက် နေ့လည် ၁နာရီခန့်တွင် ယင်းစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့သားအားလုံးဘေးကင်းကြောင်း ဆိုသည်။

(အမရပူရမြို့နယ်တရားရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(အမရပူရမြို့နယ်တရားရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ပြည်သူများအား မတရားဖမ်းဆီးအမိန့်ချနေသည့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အမရပူရမြို့နယ်တရားရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ တရားရုံးအစောင့်ရဲတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း အောင်စည်တော်စစ်ဆင်ရေး မန္တလေး(AST-MDY)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ရုံးအတွင်း ကင်းချထားတဲ့ ဘန်ကာထဲ ပစ်သွင်းခဲ့ပါတယ်။ထိရောက်မှုကတော့ ကွက်တိပါပဲ” ဟု ယင်းစစ်ဆင်ရေးနှင့်ပတ်သက်၍ ၎င်းက ပြောသည်။

မတ်လ ၂၂ ရက် နေ့လည် ၁နာရီခန့်တွင် ယင်းစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့သားအားလုံးဘေးကင်းကြောင်း ဆိုသည်။

Public Service Announcement
Public Service Announcement

“ စကစနှင့် သက်ဆိုင်သည့်မည်သည့် နေရာမဆို ကျွန်ုပ်တို့အောင်စည်တော်စစ်ဆင်ရေး ရဲဘော်များမှ စစ်ဆင်ရေးပစ်မှတ်ထားကာ တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်သည်။” ဟု AST-MDY က သတင်းထုတ်ပြန်ထားသည်။

အောင်စည်တော်စစ်ဆင်ရေး‌အနေဖြင့် မတ်လ ၂၀ရက်ကလည်း ချမ်းအေးသာစံမြို့နယ်ရှိ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနရုံးကို တိုက်ခိုက်ခဲ့ရာ ဒုဦးစီးမှူးအပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့သည်။

You May Also Like

သတင်း

မတ်လ ၂၀ ရက် နေ့လည်တွင် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနရုံးအတွင်းသို့ အောင်စည်တော်စစ်ဆင်ရေး ရဲဘော်များက ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ဒုဦးစီးမှူးအပါအဝင်သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ‌AST -MDYက ထုတ်ပြန်ထားသည်။

သတင်း

စင်ကာပူအပြည်ပြည်ဆိုင်ရာအနုညာတစီရင်ဆုံးဖြတ်မှုဗဟိုသည် နိုင်ငံအချင်းချင်းစီးပွားရေးလုပ်ငန်းများ အငြင်းပွားရာတွင် ဆုံးဖြတ်ပေးသည့် ဗဟိုတရားရုံးတစ်ခုဖြစ်သည်။

သတင်း

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ရောက်ရှိလာကာ လှည်းကူးစုပေါင်းရုံး၊ လှည်းကူးစျေးနှင့် လှည်းကူးတာဆုံတို့တွင်ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက​ပြောသည်။

သတင်း

ပစ်ခတ်လိုက်သည့် ပေါက်ကွဲအားပြင်း လက်ပစ် ဗုံးသည် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ထောက်တိုင်များစုဝေးနေသည့်နေရာအနီးကျရောက် ပေါက်ကွဲခဲ့ပြီး မီးခိုးလုံးများထွက် လာပြီးနောက် အော်ဟစ်သံများပါကြားရကြောင်း YUF တာဝန်ရှိသူက ရှင်းပြသည်။