Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလောမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၁၃ဦးခန့်သေဟု PDF ပြော

ယမန်နေ့ (မတ်လ ၂၁ ရက်) နံနက် ၁၀ နာရီခွဲခန့်က ပုလောနယ် ပဝတ်ဖျားနှင့် မင်းထိန်ကျေး ရွာကြားတွင် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို KNDO၊ ပုလော (ပ.က.ဖ)၊ KPDF၊ KRDF နှင့် မြိတ်ခရိုင် တပ်ရင်း (၁)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(မြိတ်ခရိုင် တပ်ရင်း (၁)နှင့် မဟာမိတ်ရဲဘော်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(မြိတ်ခရိုင် တပ်ရင်း (၁)နှင့် မဟာမိတ်ရဲဘော်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

တနင်္သာရီတိုင်း ပုလောမြို့နယ် ပဝတ်ဖျားကျေးရွာအနီး တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၁၃ဦးခန့်သေဆုံးကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၁) ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က People’s Springသို့ ပြောသည်။

ယမန်နေ့ (မတ်လ ၂၁ ရက်) နံနက် ၁၀ နာရီခွဲခန့်က ပုလောနယ် ပဝတ်ဖျားနှင့် မင်းထိန်ကျေး ရွာကြားတွင် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို KNDO၊ ပုလော (ပ.က.ဖ)၊ KPDF၊ KRDF နှင့် မြိတ်ခရိုင် တပ်ရင်း (၁)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် နှစ်ကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၁၃ဦးခန့်သေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ကာ PDF ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း တပ်ရင်း(၁)မှ တာဝန်ရှိသူက People’s Springသို့ အတည်ပြုသည်။

Public Service Announcement
Public Service Announcement

ထိတွေ့မှုနှစ်ကြိမ်တွင် စစ်တပ်ခြေကျင်စစ်ကြောင်းအား PDF ပူးပေါင်းတပ်က မိုင်းဖြင့် ကနဦးတိုက်ခိုက်ခဲ့ပြီး ယင်းနောက်တွင်မှ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

မတ်လ ၁၃ ရက် နေ့လည်ပိုင်းကလည်း မင်းထိန်ရွာဘက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်ဘက်မှ တောကြီးမြွေဟောက်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်သည့်အပြင် အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးခန့် သေဆုံးခဲ့သည်။

You May Also Like

သတင်း

အာဏာသိမ်းစစ်ကောင်စီ တပ်မ-၄၄ လက်အောက်ခံ ခမရ-၂၀၇၊ ခလရ-၂၊ ခမရ-၂၊ အမတ- ၆၀၂ နှင့် အမတ-၃၁၀ တပ်ရင်းများမှ လက်နက်ကြီး မကြာခဏပစ်ခတ်လေ့ရှိကြောင်း KNUက ထုတ်ပြန်သည်။

သတင်း

​ဘောလုံးပွဲများကို နှစ်ခြိုက်စွာအား​ပေးတက်ကြ​သောမြန်မာပြည်သူအများစုကလည်း စစ်​ကောင်စီလက်​အောက်တွင်ယှဥ်ပြိုင်​နေ​သော​ ဘောလုံးအသင်း ရှုံးပွဲကြုံလျှင် ဝမ်း​သာ​ကျေနပ်​နေကြသည်။

သတင်း

ရန်သူအကြမ်းဖက် စစ်ကောင်စီတပ် ရောက်ရှိရာနေရာနှင့် ကျန်ရှိသောရွာသားများ၏ အိမ်အကွာအဝေးမှာ မီတာ ၁၀၀ မှ ၅၀၀အကွာအဝေးအတွင်းသာ ရှိပြီး PNDF နှင့် ညီနောင်တပ်ရင်းတပ်ဖွဲ့များမှ ရန်သူ့အနီးတဝိုက်သို့ သတိကြီးစွာချဉ်းကပ်ကာ ရွာသား စုစုပေါင်း (၁၅) ဦးအား အန္တရာယ်ကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း အသိပေးသည်။

သတင်း

ယမန်နေ့တိုက်ပွဲ၌ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်(၁)ဦး ကျဆုံးခဲ့ပြီး ၂ဦး ဒဏ်ရာရခဲ့ကြောင်း၊ ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲအရှေ့ခြမ်းနှင့် သံလွင်မြစ်အရှေ့ဘက်ခြမ်းတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ကရင်နီစစ်ဘက်က အသိပေးထားသည်။