Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျုံပျော်မြို့နယ်မှ အုပ်ချုပ်ရေးမှူးတစ်ဦးကို နန်းထိုက်အောင်စစ်ဆင်ရေးအရ ရှင်းလင်း

“ မကြာခင်ကမှ အုပ်ချုပ်ရေးမှုး ခန့်ထားတာ။ အင်ဖျားနဲ့ လိန်ကုန်းရွာကြားက နတ်စင်နားမှာ သေနတ်နဲ့ အနီးကပ်ပစ်ရှင်းခဲ့တာ။” ဟု မတ်လ ၂၂ ရက် ညနေ၆ နာရီခန့်တွင် ပြုလုပ်ခဲ့သည့်စစ်ဆင်ရေး နှင့်ပတ်သက်၍ ပြောသည်။

နန်းထိုက်အောင်စစ်ဆင်ရေး
နန်းထိုက်အောင်စစ်ဆင်ရေး

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် အင်းဖျားအုပ်စုမှ အုပ်ချုပ်ရေးမှူးတစ်ဦးကို နန်းထိုက်အောင်စစ်ဆင်ရေးအနေဖြင့် ရှင်းလင်းခဲ့ကြောင်း အဆိုပါမြို့ပြပြောက်ကျား (KSTF) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ မကြာခင်ကမှ အုပ်ချုပ်ရေးမှုး ခန့်ထားတာ။ အင်ဖျားနဲ့ လိန်ကုန်းရွာကြားက နတ်စင်နားမှာ သေနတ်နဲ့ အနီးကပ်ပစ်ရှင်းခဲ့တာ။” ဟု မတ်လ ၂၂ ရက် ညနေ၆ နာရီခန့်တွင် ပြုလုပ်ခဲ့သည့်စစ်ဆင်ရေး နှင့်ပတ်သက်၍ ပြောသည်။

အဆိုပါအုပ်ချုပ်ရေးမှူးသည် ၂၀၂၁ ဇွန်လက ပြည်သူ ၁၇ ဦးအထိသေဆုံးခဲ့ကာ ပြည်သူ နှစ်ထောင်ကျော် စစ်ဘေးရှောင်ခဲ့ရသည့် လှေဆွဲရွာဖြစ်စဉ် ဖြစ်လာစေရန် သတင်းပေးတိုင်ကြားခဲ့သူဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ ဆန္ဒပြလူငယ်တွေ တတ်ကြွလှုပ်ရှားတွေကိုစောင့်ကြည့်ပြီး မြို့ကိုသတင်းပေးတယ်။သူ့ကြောင့် ခဏခဏ ခေါ်အစစ်ခံရတယ်။ တစ်ခုခုဆို လာဖမ်းခိုင်းမှာလို့ ခြိမ်းခြောက်သေးတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

You May Also Like

သတင်း

မတ်လ ၁၂ရက် နံနက်မှာ နဂါးစေတီတောင်သို့ စစ်ကောင်စီတပ် ပြန်ဆုတ်ခွာသွားရာ နေ့လည်ပိုင်း၌ KNDF နှင့် ပအိုဝ်းတပ် PNDF အပါအဝင် ကာကွယ်ရေးတပ်များ ရွာအတွင်း ဝင်ရောက်ခဲ့သည်ဟုဆိုသည်။

သတင်း

စစ်​ကောင်စီနှင့်ပူး​ပေါင်း၍ ​ဈေးအတွင်းဆက်​ကြေး​ကောက်​နေ​၍ ပြည်သူများကိုဒုက္ခ​ပေး​နေ​သောသကုန်းကျေးရွာမှ ပျူစောထီးခေါင်းဆောင် တင်မြင့်ကိုမတ်လ ၁၀ ရက် နံနက် ၇ နာရီခွဲတွင် သရက်ကုန်းဈေးအတွင်း သေနတ်ဖြင့်ပစ်၍ရှင်းလင်းခဲ့ကြောင်း ပဲခူးတိုင်း PDF ကသတင်းထုတ်ပြန်သည်။

သတင်း

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ မှ ၁၇ ရက် အထိပြုလုပ်မည်ဖြစ်သောကြောင့် ယင်းရက်အတွင်း မန္တလေးမြို့၌ စစ်​ကောင်စီပစ်မှတ်များကိုတိုက်ခိုက်မှုများ ပြုလုပ်မည်မဟုတ်ကြောင်း မြနန္ဒာစစ်ဆင်ရေးက သတင်းထုတ်ပြန်ထားသည်။

သတင်း

၂၀၂၂ ဒီဇင်ဘာ ၂၉ရက်မှစ၍ Tilim Oreration ကို စတင်ခဲ့ရာ ဇန်နဝါရီ ၁ရက် တွင် စစ်ကောင်စီတပ်နေရာယူထားသည့် ထန်တလန် ရဲစခန်းအတွင်းရှိ အိမ် ၅လုံးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ဇန်နဝါရီ ၂ရက်တွင် ရဲစခန်းရှိ အိမ် ၂လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးနိုင်ခဲ့ဟု ဖော်ပြသည်။