Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ လက်ရွေးစင်ဘောလုံးအသင်း နိုင်ငံတကာခြေစမ်းပွဲ ထပ်ရှုံးပြီး ရှုံးပွဲစံချိန်ထပ်တင်

​ဘောလုံးပွဲများကို နှစ်ခြိုက်စွာအား​ပေးတက်ကြ​သောမြန်မာပြည်သူအများစုကလည်း စစ်​ကောင်စီလက်​အောက်တွင်ယှဥ်ပြိုင်​နေ​သော​ ဘောလုံးအသင်း ရှုံးပွဲကြုံလျှင် ဝမ်း​သာ​ကျေနပ်​နေကြသည်။

ဓာတ်ပုံ - MFF
ဓာတ်ပုံ - MFF

စစ်ကောင်စီ လက်အောက်မှ မြန်မာဘောလုံးအသင်းသည် ယနေ့(မတ်လ ၂၂) ညနေပိုင်းတွင် နိုင်ငံတကာခြေစမ်းပွဲအဖြစ် အိန္ဒိယအသင်းနှင့်ယှဥ်ပြိုင်ရာ တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီး ရှုံးပွဲများ ဆက်နေခဲ့သည်။

ယင်းပွဲတွင် မြန်မာအသင်းကို ဂျာမနီလူမျိုးနည်းပြသစ် မိုက်ကယ် ဖိုက်တန်ဘန်နာက ဦးဆောင်ခဲ့ပြီးပြန်လည်ရွေးချယ်ခံရသည့် တိုက်စစ်မှူး အောင်သူ၊ သန်းပိုင်တို့ ပါဝင်လာခဲ့သော်လည်း အိမ်ရှင် အိန္ဒိယအသင်းကို မယှဥ်နိုင်ဘဲတစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် အိန္ဒိယဘောလုံးအဖွဲ့ချုပ် ဖိတ်ကြားချက်အရ Hero Tri-Nation Friendly Tournament ခြေစမ်းပွဲအဖြစ် သွားရောက်ယှဥ်ပြိုင်ခြင်းဖြစ်ပြီး လာမည့်မတ်လ ၂၅ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိန္ဒိယနိုင်ငံ အင်ဖာမြို့၌ ဆက်လက်ကစားရမည် ဖြစ်သည်။

စစ်ကောင်စီ လက်ရွေးစင်ဘောလုံးအသင်းသည် အာဏာသိမ်းခံရပြီးနောက်ပိုင်း ၂၀၂၁ မေလမှ ယနေ့အထိ နိုင်ငံတကာ ပြိုင်ပွဲနှင့် ခြေစမ်းပွဲ ၁၉ပွဲ ယှဉ်ပြိုင်ရာ ၁၆ပွဲအထိ ရှုံးနိမ့်ထားပြီး ၁ပွဲသာ အနိုင်ရကာ ၂ပွဲသရေ ရလဒ်ထွက်ထားသည်။

ထို့အပြင် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်သည့်ပွဲစဉ်တွင် ဂျပန်အသင်းကို ၁၀ ဂိုး- ဂိုးမရှိ၊ ကာဂျစ်စ္စတန်အသင်းကို ၈ ဂိုး- ၁ဂိုးတို့ဖြင့် အရှက်တကွဲ ရှုံးနိမ့်ထားသည်။

​ဘောလုံးပွဲများကို နှစ်ခြိုက်စွာအား​ပေးတက်ကြ​သောမြန်မာပြည်သူအများစုကလည်း စစ်​ကောင်စီလက်​အောက်တွင်ယှဥ်ပြိုင်​နေ​သော​ ဘောလုံးအသင်း ရှုံးပွဲကြုံလျှင် ဝမ်း​သာ​ကျေနပ်​နေကြသည်။

You May Also Like

သတင်း

"စစ်ကောင်စီဘက်က အလောင်းတွေကို တာလပတ်နဲ့ အုပ်ပြီးကို မြစ်ထဲမျှောချသွားတာ။မနေ့ကလည်း ရွှေကျင်အစပ် ရာဘာတောမှာတိုက်ပွဲဖြစ် သွားသေဘတယ်။စကစက ရာဘာတောမီးရှို့ပြီး ပြန်ဆုတ်သွားရတယ်"ဟု ရွှေကျင်မြို့ခံတစ်ဦးက ပြောသည်။

သတင်း

ယနေ့ (မတ်လ ၂၃ ရက်)နံနက်ပိုင်းမှာပင် ကမြောကင်းတံတားအနီး မြစ်ကြောင်းအတွင်း စစ်ကောင်စီတပ်များ ကင်းပတ်နေသည့်အပြင် ထားဝယ်-လောင်းလုံးလမ်းမကြီးတလျှောက်ကင်းပုန်းများချကာ ကင်းပတ်ခြင်းများလည်း ရှိနေကြောင်း သိရသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီ တပ်မ-၄၄ လက်အောက်ခံ ခမရ-၂၀၇၊ ခလရ-၂၊ ခမရ-၂၊ အမတ- ၆၀၂ နှင့် အမတ-၃၁၀ တပ်ရင်းများမှ လက်နက်ကြီး မကြာခဏပစ်ခတ်လေ့ရှိကြောင်း KNUက ထုတ်ပြန်သည်။

သတင်း

ယမန်နေ့ (မတ်လ ၂၁ ရက်) နံနက် ၁၀ နာရီခွဲခန့်က ပုလောနယ် ပဝတ်ဖျားနှင့် မင်းထိန်ကျေး ရွာကြားတွင် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို KNDO၊ ပုလော (ပ.က.ဖ)၊ KPDF၊ KRDF နှင့် မြိတ်ခရိုင် တပ်ရင်း (၁)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း...