Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်တွင် သေဆုံးမှုများနေသည့် စစ်ကောင်စီတပ်က တောင်ကွဲစေတီ၌ ယတြာချေ

စစ်ကောင်စီ၏ ထိုးစစ်ဆင်နေသည့်ကာလအတွင်း ကရင်နီဒေသသို့ မတ်လ ၁၅ရက်က ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်း လာရောက်ခဲ့ပြီး ” တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တွေနဲ့ မဆုတ်မနစ် စစ်တိုက်ကြဖို့” ဟု မှာကြားမှုရှိသည်ဟု ဆိုသည်။

(ကရင်နီပြည်ရှိ တောင်ကွဲစေတီအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ကရင်နီပြည်ရှိ တောင်ကွဲစေတီအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

▪️စစ်ကောင်စီ၏ ဗေဒင်ယတြာအစီအမံမှာ ၎င်း၏ လက်ပါးစေများအား ကယ်တင်နိုင်မည်မဟုတ်ဟု ကရင်နီဒေသခံပြော

ကရင်နီ(ကယား)ပြည်နယ်တိုက်ပွဲများတွင် သေဆုံးမှုများနေသည့် စစ်ကောင်စီတပ်က တောင်ကွဲစေတီ၌ ဗေဒင်ယတြာအစီအမံပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(မတ်လ ၂၃ ရက်)နံနက်အစောပိုင်းက ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ ဗေဒင်ယတြာမှာ နေပြည်တော် တိုင်းစစ်ဌာနချုပ်ကတဆင့် ညွှန်ကြားခြင်းဟု ဆိုသည်။

“ လွိုင်ကော်က မြို့နယ်မှူးကိုယ်တိုင် တောင်ကွဲစေတီက ဂေါပကကို လာပြောတာ။ဒီမနက်ပဲ တောင်ကွဲစေတီရဲ့ ကျောက်တောင်အကုန်လုံးကို နေပြည်တော်ကနေ တကူးတက ပို့လာတဲ့ ပရိတ်ကြိုးတွေနဲ့ ပတ်သွားတာ” ဟု လွိုင်ကော် မြို့ခံတစ်ဦးက ပြောသည်။

ဗေဒင်ယတြာအားကိုးဖြင့် စစ်ကောင်စီ၏ ဗေဒင်ယတြာအစီအမံမှာ ၎င်း၏လက်ပါးစေများအား ကယ်တင်နိုင်မည်မဟုတ်ဟုလည်း ကရင်နီဒေသခံက ဆိုသည်။

Public Service Announcement
Public Service Announcement

“ ကြံရာမရတဲ့အဆုံး ယတြာအားကိုးနဲ့ မိုက်ဇာတ်ခင်းဖို့ ပြင်နေတယ်လို့ပဲ ပြောချင်တယ်။ဒါပေမဲ့ ဘာယတြာမှ ခင်‌ဗျားတို့ကို မကယ်နိုင်ဘူးဆိုတာ မြေပြင်မှာ စခ(စစ်ကောင်စီတပ်သား) သေဆုံး၊ထွက်ပြေး၊ပြုန်းတီး စာရင်းတွေက သက်သေတွေပဲ” ဟု ၎င်းက ရှင်းပြသည်။

စစ်ကောင်စီ၏ ထိုးစစ်ဆင်နေသည့်ကာလအတွင်း ကရင်နီဒေသသို့ မတ်လ ၁၅ရက်က ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်း လာရောက်ခဲ့ပြီး ” တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တွေနဲ့ မဆုတ်မနစ် စစ်တိုက်ကြဖို့” ဟု မှာကြားမှုရှိသည်ဟု ဆိုသည်။

သို့သော် လက်ရှိမြေပြင်တွင် စစ်ကောင်စီ၏ ဒုတပ်ရင်းမှူးအပါအဝင် ဗိုလ်ကြီးအဆင့်ရှိသူများနှင့် တပ်သား ၁၀၀ခန့်မှာ ကရင်နီဒေသတွင် အတုန်းအရုန်း သေဆုံးနေသည်။

ယခု လဆန်းပိုင်းကစ၍ ကရင်နီဒေသအနှံ့ ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်မှာ အထိနာ နေပြီး ဒီးမော့ဆို ၊ ဖယ်ခုံ ၊မိုးဗြဲနှင့် ပင်လောင်း တိုက်ပွဲများ၌ တပ်မ(၅၅) ၊(၆၆)၊ (၇၇)၊ (၉၉) နှင့် (၂၂) အပါအဝင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံတပ်ရင်းများဖြင့် အင်အား ၂,၀၀၀ ထက်မနည်း အသုံးပြုလျက်ရှိသည်။

You May Also Like

သတင်း

မတ်လ ၈ရက်တွင် ကလေးမြို့မှ ထွက်လာသည့် တင့်ကား နှစ်စီးပါ စစ်ကောင်စီယာဉ် ၃၀ခန့်သည် ပြီးခဲ့သည့် ရက်ပိုင်းတွင် ဖလမ်းမြို့သို့ ရောက်လာခြင်းဖြစ်ပြီး ဖလမ်းမှ ဟားခါးမြို့သို့ ဆက်လက် ထွက်ခွာစဉ် ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကလည်း ကာကွယ်ရေးတာဝန်၊ စစ်ဘက်ရေးရာကိစ္စရပ်များ တာဝန်ယူထားရသည့် PDFများသည် အခွန်ကောက်ခံခွင့် ပေးမထားကြောင်း၊ အခွန်ကောက်ခံခွင့်ကို အရပ်ဘက် အုပ်ချုပ်ရေးပိုင်းက ဆောင်ရွက်ရန် စနစ်ဆောင်ရွက်နေကြောင်း အသိပေးထားသည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ ကင်းပုန်းဝပ်နေသည့်နေရာသို့ ကျရောက်ပေါက်ကွဲကာ နှစ်ဦးဒဏ်ရာအပြင်းအထန်ရသွားကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက အသိပေးသည်။

သတင်း

လက်ရှိစစ်ရေးအခြေအနေကြောင့် ဘောလခဲ-ဖားဆောင်း လမ်းမကြီးနှင့် ဘောလခဲ-ရွာသစ်လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဟု Bawlakhe PDF က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။