Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘောလခဲမြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့်ပစ်ခတ်တိုက်ခိုက်၍ ဒေသခံပြည်သူနှစ်ဦး သေဆုံး၊ သုံးဦးဒဏ်ရာရ

လက်ရှိစစ်ရေးအခြေအနေကြောင့် ဘောလခဲ-ဖားဆောင်း လမ်းမကြီးနှင့် ဘောလခဲ-ရွာသစ်လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဟု Bawlakhe PDF က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

(ဘောလခဲမြို့နယ် ရေနီပေါက်တံတားတိုက်ပွဲအပြီး ကျေးရွာများကို စစ်ကောင်စီတပ်က နေ့စဥ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးနေမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဘောလခဲမြို့နယ် ရေနီပေါက်တံတားတိုက်ပွဲအပြီး ကျေးရွာများကို စစ်ကောင်စီတပ်က နေ့စဥ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးနေမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့်ပစ်ခတ်တိုက်ခိုက်၍ ဒေသခံပြည်သူနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိ​ကြောင်း Bawlakhe PDF က အသိပေး ထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၃ ရက်) ညနေ ၄ နာရီ ခွဲခန့်တွင် ဘောလခဲခရိုင်အတွင်း ပြည်သူများ လုပ်ငန်းလုပ်ဆောင်နေသော နေရာတစ်ခုကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုတွင် ဒေသခံ ပြည်သူ နှစ်ဦးသေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးသည်။

ယခုလ ၁၆ ရက်က စစ်ကောင်စီတပ်အထိနာခဲ့သော ရေနီပေါက်ကျေးရွာအနီးဖြစ်ပွားခဲ့သောတိုက်ပွဲဖြစ်စဉ်နှင့်ပက်သက်၍ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာလျက်ရှိသည်။

(ဘောလခဲမြို့နယ် ရေနီပေါက်တံတားတိုက်ပွဲအပြီး ကျေးရွာများကို စစ်ကောင်စီတပ်က နေ့စဥ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးနေမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဘောလခဲမြို့နယ် ရေနီပေါက်တံတားတိုက်ပွဲအပြီး ကျေးရွာများကို စစ်ကောင်စီတပ်က နေ့စဥ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးနေမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

ထို့အပြင် စစ်ကောင်စီမှ ဘောလခဲမြို့အနီးရှိ ရေနီပေါက်ကျေးရွာနှင့် မိုင်းထမ်းကျေးရွားများအား လက်နက်ကြီးနှင့်နေ့စဉ် ပစ်ခတ်နေသည်။

ထိုသို့ ပစ်ခတ်မှုများကြောင်း ကျေးရွာ နှစ်ရွာမှ နေအိမ် ၂၀ ထိခိုက်ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်း တစ်ကျောင်းလည်း ထိခိုက်ပျက်စီးထားသည်။

အဆိုပါ ကျေးရွာ နှစ်ရွာရှိ ဒေသခံပြည်သူများမှာ ဘေးလွှတ်ရာသို့ ရွာလုံးကျွတ်ထွက်‌ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်အခက်ခဲများနှင့် ကြုံတွေ့နေရသည်။

(ဘောလခဲမြို့နယ် ရေနီပေါက်တံတားတိုက်ပွဲအပြီး ကျေးရွာများကို စစ်ကောင်စီတပ်က နေ့စဥ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးနေမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဘောလခဲမြို့နယ် ရေနီပေါက်တံတားတိုက်ပွဲအပြီး ကျေးရွာများကို စစ်ကောင်စီတပ်က နေ့စဥ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးနေမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

“ ရွာနှစ်ရွာက စစ်ရှောင်အရေအတွက်က လူဦးရေတစ်ထောင်လောက်ရှိနေတယ်။အခုက ဘယ်သူမှလည်း မပြန်ရဲကြသေးဘူး။လက်နက်ကြီးက တစ်နာရီ ခြားတခါလောက်ကိုပစ်နေတာ” ဟု ကရင်နီစစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲဝင်တစ်ဦးက ပြောသည်။

အလားတူ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၁၂ ရက်အထိ နှစ်ပတ်တာကာလအတွင်း ကရင်နီ ဒေသ၌ အရပ်သား ၄၁ဦးကို သတ်ဖြတ်ကာ ၁၄ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးကျူးလွန်ခဲ့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ဆိုသည်။

လက်ရှိစစ်ရေးအခြေအနေကြောင့် ဘောလခဲ-ဖားဆောင်း လမ်းမကြီးနှင့် ဘောလခဲ-ရွာသစ်လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဟု Bawlakhe PDF က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

You May Also Like

မေးမြန်းခန်း

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့်မေးမြန်းခန်း

သတင်း

ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီ ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းအမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။

သတင်း

စစ်ကောင်စီ၏ ထိုးစစ်ဆင်နေသည့်ကာလအတွင်း ကရင်နီဒေသသို့ မတ်လ ၁၅ရက်က ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်း လာရောက်ခဲ့ပြီး " တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တွေနဲ့ မဆုတ်မနစ် စစ်တိုက်ကြဖို့"ဟု မှာကြားမှုရှိသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။