Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပူတာအိုတွင် စစ်ကောင်စီက PDFအမည်သုံးပြီး အခွန်ကောက်ခံနေဟု ခရိုင် PDF ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကလည်း ကာကွယ်ရေးတာဝန်၊ စစ်ဘက်ရေးရာကိစ္စရပ်များ တာဝန်ယူထားရသည့် PDFများသည် အခွန်ကောက်ခံခွင့် ပေးမထားကြောင်း၊ အခွန်ကောက်ခံခွင့်ကို အရပ်ဘက် အုပ်ချုပ်ရေးပိုင်းက ဆောင်ရွက်ရန် စနစ်ဆောင်ရွက်နေကြောင်း အသိပေးထားသည်။

(ပူတာအိုခရိုင်ပြည်သူ့ကာကာကွယ်ရေးတပ် (KPDF)မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ - KPDF)
(ပူတာအိုခရိုင်ပြည်သူ့ကာကာကွယ်ရေးတပ် (KPDF)မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ - KPDF)

▪️PDFအနေဖြင့် အခွင်ကောက်ခံခြင်း လုံး၀မပြု၊ ကောက်ယူရန်တာဝန်မရှိဟု အသိပေး

ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်း ပူတာအိုခရိုင်ပြည်သူ့ကာကာကွယ်ရေးတပ်(KPDF) အမည်သုံး ငွေကြေးအခွန်ကောက်ခံနေမှုများရှိရာ ယင်းသို့ ကောက်ယူမှုလုံး၀မရှိကြောင်း ပူတာအိုခရိုင် KPDFက အသိပေးချက်ထုတ်ပြန်သည်။

ပူတာအိုခရိုင် KPDFအမည်နှင့် ဂုဏ်သိက္ခာညိုးနွမ်းစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆိုင်ပိုင်ရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များအား တယ်လီဖုန်းဖြင့် ငွေကြေးအခွန်ဆောင်ရန် လိုက်လံဆက်သွယ်လျက်ရှိကြောင်း၊ အဆိုပါ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းသည် တယ်လီဖုန်း (၀၉၆၇၃၅၉၅၅၀၂ နှင့် ၀၉၉၈၉၂၃၅၃၆၂) စသည့် ဖုန်းနံပါတ်များဖြင့် လိမ်လည် ဆက်သွယ်တောင်းခံနေကြောင်း ဖော်ပြထားသည်။

“ ယခုကဲ့သို့ မိမိတို့ ပူတာအိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ် အမည်တပ်ကာ ငွေကြေးလိမ်လည် ဆက်သွယ်တောင်းခံနေခြင်းသည် မိမိတို့တို့ အဖွဲ့အစည်းကို ထိခိုက်နစ်နာစေလိုသော ရည်ရွယ်ချက်ဖြင့် လုပ်ကြံနေသည့် စစ်ကောင်စီ၊ ပျူစောထီးအပေါင်းအပါများ၏ ကောက်ကျစ်ယုတ်မာသော လုပ်ဆောင်ချက်များသာဖြစ်ကြောင်း ထပ်မံ အသိပေးပါသည်”ဟု ပူတာအိုခရိုင် PDFက ထုတ်ပြန်သည်။

ထိုသို့လုပ်ဆောင်နေသူများ နှင့် ပါဝင်ပတ်သက် သူများကို စုံစမ်းရှာဖွေဖော်ထုတ်ကာ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟုလည်း သတိပေးထားသည်။

ထို့အပြင် ပူတာအိုခရိုင် KPDFအနေဖြင့် မည်သည့် ငွေကြေးအကောက်အခွန်ကိစ္စရပ်များကို မဆို လုံး၀(လုံး၀) ကောက်ခံခြင်းမပြုကြောင်း၊ ကောက်ယူရန်လည်း တာဝန်လုံး၀မရှိကြောင်း အသိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကလည်း ကာကွယ်ရေးတာဝန်၊ စစ်ဘက်ရေးရာကိစ္စရပ်များ တာဝန်ယူထားရသည့် PDFများသည် အခွန်ကောက်ခံခွင့် ပေးမထားကြောင်း၊ အခွန်ကောက်ခံခွင့်ကို အရပ်ဘက် အုပ်ချုပ်ရေးပိုင်းက ဆောင်ရွက်ရန် စနစ်ဆောင်ရွက်နေကြောင်း အသိပေးထားသည်။

You May Also Like

သတင်း

မတ်လ ၈ရက်တွင် ကလေးမြို့မှ ထွက်လာသည့် တင့်ကား နှစ်စီးပါ စစ်ကောင်စီယာဉ် ၃၀ခန့်သည် ပြီးခဲ့သည့် ရက်ပိုင်းတွင် ဖလမ်းမြို့သို့ ရောက်လာခြင်းဖြစ်ပြီး ဖလမ်းမှ ဟားခါးမြို့သို့ ဆက်လက် ထွက်ခွာစဉ် ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ ကင်းပုန်းဝပ်နေသည့်နေရာသို့ ကျရောက်ပေါက်ကွဲကာ နှစ်ဦးဒဏ်ရာအပြင်းအထန်ရသွားကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက အသိပေးသည်။

သတင်း

လက်ရှိစစ်ရေးအခြေအနေကြောင့် ဘောလခဲ-ဖားဆောင်း လမ်းမကြီးနှင့် ဘောလခဲ-ရွာသစ်လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဟု Bawlakhe PDF က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

သတင်း

စစ်အုပ်စုသည် လက်ရှိအချိန်တွင် ညောင်စောက်ဘုန်းကြီးကျောင်းအတွင်း တပ်စွဲလျက်ရှိပြီး ဒဏ်ရာရစစ်သားများအား ဆေးကုသနေကြောင်းသတင်းရရှိသည်။