Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုနှင့် ပေါက်မြို့ရှိ စစ်ဆေးရေးဂိတ်နှင့် စစ်အုပ်စုအား ဒေသကာကွယ်ရေးများ တိုက်ခိုက်

စစ်အုပ်စုသည် လက်ရှိအချိန်တွင် ညောင်စောက်ဘုန်းကြီးကျောင်းအတွင်း တပ်စွဲလျက်ရှိပြီး ဒဏ်ရာရစစ်သားများအား ဆေးကုသနေကြောင်းသတင်းရရှိသည်။

(မြိုင်မြို့ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အား RPG ဖြင့် ပတ်ခတ်တိုက်ခိုက်ရန် ချိန်ရွယ်နေစဥ်)
(မြိုင်မြို့ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အား RPG ဖြင့် ပတ်ခတ်တိုက်ခိုက်ရန် ချိန်ရွယ်နေစဥ်)

▪️စစ်အုပ်စု ထိခိုက်သေဆုံးမှုများရှိ

မကွေးတိုင်း၊ ရေစကြိုနှင့် ပေါက်မြို့နယ်တို့တွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်၊ ပျူစခန်းနှင့် စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့ (မတ်လ ၂၂ ရက်) မွန်းလွဲ ၁၂ နာရီ ၁၅မိနစ်ခန့်က ပေါက်မြို့အဝင် အိမ်တွင်းမှုကျောင်းတွင် တပ်စွဲပြီး စစ်ဆေးရေးဂိတ်ပြုလုပ်ထားသော စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီးများအား အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ငါးဦး ပြင်းထန်ဒဏ်ရာရပြီး သေဆုံးမှုရှိနိုင်ကြောင်း မြိုင်(ပကဖ) ခေါင်းဆောင် ဗိုလ်လယျာ်က ပြောသည်။

ပြည်သူလူထုအား ခရီးသွားလာရာတွင် တားဆီးစစ်ဆေး ငွေညှစ်တောင်းခံခြင်းများ ပြုလုပ်နေ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ဆင်ရေးအား ပေါက်ကာကွယ်ရေး ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များနှင့် မြိုင်(ပကဖ) ရင်း (၁) ခွဲ (၃) စိတ် (၄)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က ပြောသည်။

ထို့အပြင် ယမန်နေ့ (မတ်လ၂၂ရက်)က စစ်ကောင်စီတပ်သည် ရေစကြိုမြိုနယ် ကံသစ်ကျေးရွာဘက်မှ စစ်ကြောင်းထိုးလာရာ တောင်အိုတာတိုင်ကျေးရွာအနီးရှိ ကိုရှိန်းဆီဆိုင်အနီး အရောက်တွင် ဒရုန်းဖြင့် အီနာဂါဗုံးသီးများချကာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ရေစကြို(ပကဖ)အဖွဲ့တာဝန်ရှိသူက ပြောသည်။

ထိခိုက်သွားသည့် စစ်သားများအား ကျောက်လှေကားရွာအနီးရှိ GTCကျောင်းတွင်းသို့ခေါ်ဆောင်သွားကြောင်း၊ စစ်အုပ်စုက လက်နက်ငယ်နှင့်(၄၀) မမများဖြင့် ပြန်ပစ်သော်လည်း အထိအခိုက်မရှိဟု ပကဖအဖွဲ့က ဆိုသည်။

“ သူတို့က ကံသစ်နဲ့ ကျီးကန်ကြားမှာ တစ်ညအိပ်တယ်။ မနက်လင်းတော့ ကားလမ်းတလျှောက် စစ်ကြောင်းထိုးလာပြီး ကိုရှိန်းဆီဆိုင်နားအရောက်မှာ မစ်ရှင်ဖော်ခဲ့တာ။ ဒရုန်းနဲ့အီနာဂါ သုံးလုံးချတယ်။ ချတဲ့အချိန်မှာ သူတို့တွေအထိအခိုက်များတယ်။ ငါးယောက်ကတော့တော်တော်လေးပြင်းပြင်းထန်ထန်ထိခိုက်တယ်။” ဟု ရေစကြို(ပကဖ)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ည ၁၀ နာရီခန့်ကလည်း ရေစကြိုမြို့နယ် ဇီးတောကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူအထိုင်စခန်းအား လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးဟု ရေစကြို(ပကဖ)အဖွဲ့က ပြောသည်။

ဇီးတောပျူကျေးရွာနှင့် ခလရ (၂၅၇)အတွင်းမှ စက်ကလေးများ၊ (၆၀) မမများဖြင့်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိခိုက်မရှိ ပြန်ဆုတ်ခဲ့သည်ဟု ရေစကြို(ပကဖ)အဖွဲ့တာဝန်ရှိသူက ဆိုသည်။

ယနေ့ (မတ်လ၂၃ရက်) နံနက်ပိုင်းကလည်း ရေစကြိုမြို့နယ် တောင်အိုတာတောင်ကျေးရွာမှ

သမန္တပို့ကျေးရွာဘက်သို့ ခွဲထွက်လာသော စစ်ကောင်စီတပ်၏ အင်အား ၃၀ဦးခန့်သည် သမန္တပို့တောင်ရွာအားဝင်ရောက် မွှေနှောက်ခဲ့သည်။

နံနက်၁၀နာရီခွဲခန့်တွင် သမန္တပို့အလယ်ရွာအကူး၌ ​ရှေ့ပြေးကင်း ငါးဦးအား မီတာ ၅၀အတွင်း အနီးကပ်ပစ်ခတ်ခဲ့ရာ ​ငါးဦးလုံး ပွဲခြင်းပြီးသေဆုံးခဲ့ကာ ကျန်စစ်သားများလည်း အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ရေစကြို(ပကဖ)က အသိပေးသည်။

“ ငါးကောင်နဲ့နောက်ကအဖွဲ့တွေက နဲနဲပဲကွာတယ်။ ​ရှေ့ပြေးအရင် လွှတ်တဲ့ကင်းနဲ့အရင်တွေ့တာ။” ဟု ရေစကြို(ပကဖ)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် မိနစ်၃၀ကြာထိတွေ့မှုဖြစ်ပွားခဲ့ပြီး ပြည်သူကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိကြောင်း၊ စစ်သားအလောင်းများအား လာရောက်ထမ်းသယ်သွားကြောင်းသိရသည်။

စစ်အုပ်စုသည် လက်ရှိအချိန်တွင် ညောင်စောက်ဘုန်းကြီးကျောင်းအတွင်း တပ်စွဲလျက်ရှိပြီး ဒဏ်ရာရစစ်သားများအား ဆေးကုသနေကြောင်းသတင်းရရှိသည်။

You May Also Like

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ ကင်းပုန်းဝပ်နေသည့်နေရာသို့ ကျရောက်ပေါက်ကွဲကာ နှစ်ဦးဒဏ်ရာအပြင်းအထန်ရသွားကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက အသိပေးသည်။

မေးမြန်းခန်း

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့်မေးမြန်းခန်း

သတင်း

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

သတင်း

ယနေ့ညနေ နောက်ဆုံးရရှိသောသတင်းများအရ စစ်ကောင်စီ၏လေကြောင်းရန်ကိုကြောက်လန့်၍ ဒေသခံများ ဘေးလွှတ်ရာထက်​ပြေးတိမ်းရှောင်နေရကြောင်း ​ဒေသခံအချို့က​ပြောသည်။