Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဗကသရဲဘော် ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီက ထောင်ဒဏ် တသက်တကျွန်း မတရားချမှတ်

ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီ ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းအမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။

ဓာတ်ပုံ - ABFSU
ဓာတ်ပုံ - ABFSU

အာဏာသိမ်း စစ်ကောင်စီ၏ ခုံရုံးမှ မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၏ မြေပြင်လှုပ်ရှားမှုရေးရာတာဝန်ခံ ကိုကောင်းဆက်ပိုင်အား ယမန်နေ့တွင် ထောင်ဒဏ် တသက်တကျွန်း မတရားအမိန့်ချလိုက်ကြောင်း ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်သည်။

ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီ ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းအမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။

“ ကိုကောင်းဆက်ပိုင်ကို မနေ့က ထောင်ဒဏ် တသက်တကျွန်း မတရား အမိန့်ချလိုက်တယ်လို့ သိရပါတယ်။ ဒီတော်လှန်ရေးမှာ ကျွန်တော်တို့ နိုင်မှလွတ်မယ့်သူ၊ ကျွန်တော်တို့ နိုင်မှကျွတ်မယ့်သူတွေ ရှိတဲ့အတွက် တော်လှန်ရေးအောင်မြင်ဖို့ ပိုကြိုးစားကြဖို့ လိုပါတယ်။ ပြည်သူတွေကိုလည်း သွေးအေးမသွားဘဲ တော်လှန်ရေးကို တတ်နိုင်တဲ့ဘက်က ကူပေးကြပါလို့ တိုက်တွန်းလိုပါတယ် “ ဟု တော်လှန်ရေးအင်အားစုမှ ကျောင်းသားလူငယ်တစ်ဦးက ဆိုသည်။

အသက် (၂၀)နှစ်အရွယ်ရှိ ဗကသရဲဘော် ကိုကောင်းဆက်ပိုင်သည် ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာ ၁ ရက်တွင် စစ်ကောင်စီတပ်၏ အကြမ်းဖက် ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ယခုကဲ့သို့ မတရားအမိန့် ချမှတ်ခံရခြင်း ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်တွင်လည်း အထက (၁) မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၏ ဒုဥက္ကဌဖြစ်သူ ကိုဟိန်းထက် (ခ) ကိုပိုပိုအား စစ်ကောင်စီ၏ ဖက်ဆစ်ခုံရုံးက ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့သေးသည်။

You May Also Like

သတင်း

မတ်လ ၈ရက်တွင် ကလေးမြို့မှ ထွက်လာသည့် တင့်ကား နှစ်စီးပါ စစ်ကောင်စီယာဉ် ၃၀ခန့်သည် ပြီးခဲ့သည့် ရက်ပိုင်းတွင် ဖလမ်းမြို့သို့ ရောက်လာခြင်းဖြစ်ပြီး ဖလမ်းမှ ဟားခါးမြို့သို့ ဆက်လက် ထွက်ခွာစဉ် ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကလည်း ကာကွယ်ရေးတာဝန်၊ စစ်ဘက်ရေးရာကိစ္စရပ်များ တာဝန်ယူထားရသည့် PDFများသည် အခွန်ကောက်ခံခွင့် ပေးမထားကြောင်း၊ အခွန်ကောက်ခံခွင့်ကို အရပ်ဘက် အုပ်ချုပ်ရေးပိုင်းက ဆောင်ရွက်ရန် စနစ်ဆောင်ရွက်နေကြောင်း အသိပေးထားသည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ ကင်းပုန်းဝပ်နေသည့်နေရာသို့ ကျရောက်ပေါက်ကွဲကာ နှစ်ဦးဒဏ်ရာအပြင်းအထန်ရသွားကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက အသိပေးသည်။

သတင်း

လက်ရှိစစ်ရေးအခြေအနေကြောင့် ဘောလခဲ-ဖားဆောင်း လမ်းမကြီးနှင့် ဘောလခဲ-ရွာသစ်လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဟု Bawlakhe PDF က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။