Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကူတွင် စစ်ကောင်စီတပ်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ နေအိမ်အချို့ ပျက်စီး

ရွှေကူနယ်တိုက်ပွဲသတင်းကို KIA သတင်းပြန် ကြားရေးကဖော်ပြထားရာ မတ်လ ၂၄ရက်က ရွှေကူမြို့နယ် ငှက်တံတားရွာ တိုက်ပွဲ၌စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း အသိပေးထားသည်။

(စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေကူနယ်ရှိ စီသောင်ကျေးရွာမှ နေအိမ်တစ်လုံး မီးလောင်ပျက်စီးနေစဉ်။ ဓာတ်ပုံ - ရွှေကူ PDF)
(စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေကူနယ်ရှိ စီသောင်ကျေးရွာမှ နေအိမ်တစ်လုံး မီးလောင်ပျက်စီးနေစဉ်။ ဓာတ်ပုံ - ရွှေကူ PDF)

▪️မြေပြင်တိုက်ပွဲအထိနာသည့် စစ်ကောင်စီတပ် လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်ရုန်းကန်နေရဟု ရွှေကူ PDF ပြော

ကချင်ပြည်နယ် ရွှေကူမြို့နယ်တိုက်ပွဲ၌ အရာရှိအပါအဝင် စစ်ကောင်စီတပ်များ သေဆုံးထိခိုက် မှုများရှိခဲ့ပြီးနောက် လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်ရာ ပြည်သူလူထုနေအိမ် အချို့ပျက်စီးပြီး နွား ၅ကောင်သေဆုံးခဲ့ကြောင်း ရွှေကူပြည်သူ့ကာ ကွယ်ရေးတပ်(KPDF)က ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

မတ်လ ၂၃ရက်တွင် ရွှေကူနယ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရွှေကူ KPDF၊ ဒေသခံကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိ ဒုစစ်ကြောင်းမှူးအပါအဝင် သေဆုံးထိခိုက် များခဲ့သည်ဟု ဒေသခံက ပြောသည်။

ထို့ကြောင့် ယမန်နေ့မွန်းလွဲပိုင်းက ရွှေကူနယ်ရှိ မံဝန်း၊ စီသောင်ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲခဲ့ရာ နေအိမ်အချို့ ပျက်စီးပြီး အိမ်မွေးတိရိစ္ဆာန် များ သေဆုံးခဲ့ခြင်းဖြစ်သည်။ မံဝန်းကျေးရွာလူထု အခြေပြုခန်းမလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ရွှေကူ PDFက အသိပေးသည်။

သို့သော် ပြည်သူ့ရဲဘော်များ အားလုံးဘေးကင်းလုံခြုံလျက်ရှိကြောင်း ရွှေကူ PDFက ထုတ်ပြန်သည်။

” အကြမ်းဖက်စစ်တပ်သည် မြေပြင်အနေအထားအရ ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း မရှိတော့သည့်အတွက် ဝေဟင်မှ ပစ်ခတ်ကူညီကာ အသဲအသန် ရုန်းကန်နေကြရပြီဖြစ်သည်” ဟု ရွှေကူ PDFက ထုတ်ပြန်သည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ် အမြစ်ပြတ်ရေးအတွက် အာဏာလုစစ်အုပ်စုကို အခွန်မဆောင်ကြခြင်း၊ စစ်တပ်လှုပ်ရှားမှု သတင်းများကို တော်လှန်ရေးအင်အားစုများထံ သတင်းပေးခြင်းဖြင့် တော်လှန်ကြရန်လည်း တိုက်တွန်းထားသည်။

ရွှေကူနယ်တိုက်ပွဲသတင်းကို KIA သတင်းပြန် ကြားရေးကဖော်ပြထားရာ မတ်လ ၂၄ရက်က ရွှေကူမြို့နယ် ငှက်တံတားရွာ တိုက်ပွဲ၌စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း အသိပေးထားသည်။

ရွှေကူဒေသခံ တစ်ဦးကလည်း “ ဒုစစ်ကြောင်းမှူးကျတယ်ကြားတယ်။ ဆင့်ကဲဆင့်ကဲကြားရတဲ့ သတင်းကတော့ သူတို့ မနေ့က သင်္ဂြိုလ်ပွဲလုပ်တယ်လို့ ကြားရတယ်။ ဒုစစ်ကြောင်းမှူး ဆိုရင်တော့ ဗိုလ်မှူးအဆင့်တောရှိမှာပေါ့။ တပ်ရင်းမှူးတွေက ဒုဗိုလ်မှူးကြီးတွေ ပေးလေ့ရှိတယ်။ သူတို့ကလည်း သူတို့ အရာရှိတွေ ထိပြီဆို လေကြောင်းသုံးလေရှိတယ်” ဟု မတ်လ ၂၅ရက်တွင် People’s Spring သို့ ဖြေကြားထားသည်။

You May Also Like

ဆောင်းပါး

ကရင်နီ(ကယား)ပြည်နယ်ရှိ လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို နှင့် ဘောလခဲ မြို့နယ်လေးခုပေါ်ရှိ ဆက်သွယ်ရေးလမ်းမပေါ်၌ "ဒေါတမကြီး" ရွာ တည်ရှိသည်။

သတင်း

တိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်မှု​ကြောင့် အရပ်သားများလည်း ထိခိုက်သေဆုံးမှုရှိသလို ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဂဠုန်စစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း

အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း သင်္ကြန်ကာလနှစ်ကြိမ်၌ စစ်ကောင်စီက လမ်းလျှောက်ရေပက်ခံနေရာများနှင့် ၎င်းတို့ စီစဥ်ခဲ့သည့် ရေပက်ခံကားအချို့ဖြင့် စည်ကားစေရန် ပုံဖော်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

သတင်း

စစ်ကောင်စီတပ်သည် ကသာ-ထီးချိုင့်လမ်းပိုင်းကို ကင်းပုန်းများချထားပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ထီးချိုင့်မြို့အဝင် ရင်ကွဲတောင်မှစောင့်၍ မတ်၂၅ ​နေခင်းပိုင်းတွင်မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။