Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေးတံတားရှိ ကင်းစခန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ဟု ရေးဘီလူးအဖွဲ့ပြော

ရေးဘီလူးအဖွဲ့အနေဖြင့် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲရာနေရာနှင့် စစ်ကောင်စီလက်နက်ကိုင်များ ၏ ကားများ၊ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့နေရာများကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အဖွဲ့ဖြစ်သည်။

(ရေးဘီလူးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ရေးဘီလူး)
(ရေးဘီလူးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ရေးဘီလူး)

စစ်ကောင်စီတပ် သေဆုံးမှုရှိ၊ ဒရုန်းတစ်စီး ဆုံးရှုံးဟု အသိပေး

မွန်ပြည်နယ် ရေးမြို့နယ် တံတားကြီးရှိ ကင်းစခန်းတစ်ခုကို ယနေ့(မတ်လ ၂၇ရက်)နံနက်တွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

“ ဒရုန်းဗုံးသီးကျတယ်။ ထိခိုက်မှုလည်း ရှိတယ် ။ သေဆုံးမှုလည်း ရှိနိုင်မယ်လို့တော့ ထင်တယ်” ဟု ၎င်းက People’s Spring သို့ ဖြေကြားသည်။

အဆိုပါတိုက်ခိုက်မှုတွင် ဒရုန်းကို ပြန်ခေါ်၍ မရ၍ ဒရုန်းတစ်စီးဆုံးရှုံးခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။ စစ်ကောင်စီတပ်က ကြိုတင်ပြင်ဆင်မှုများ ယခင်ထက်ပြုလုပ်ထားကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။ အင်အားဖြည့်တင်းခြင်းအပြင် တပ်စခန်းအနီးနား မိုင်းထောင်ထားခြင်းများ ပြုလုပ်ထားသည်ဟု ဆိုသည်။

“သတင်းစကား ပါးချင်တာက အရင်ကလို ပွဲသေးသေးလေးတွေလုပ်လို့ အဆင်မပြေလောက်တော့ဘူး။ ပွဲကြီးတွေကရတော့မယ့်အတွက်ကြောင့် ကျနော်တို့မှာလည်း ပြည်သူလူထုတွေ ထောက်ပံ့မှု လိုအပ်တယ်။ နောက်တစ်ခုက စစ်ကောင်စီက ဘယ်လောက်ပဲ ပြင်ဆင်ထားပါစေ လုပ်လို့မရဘူး ဝင်တိုက်ခိုက်လို့ မရဘူးဆိုတဲ့ အဘိဓာန်မျိုးမရှိစေရဘူး။ ကျနော်တို့ ရအောင်ဖောက်ထွင်းမယ်။ ကျနော်တို့လိုချင်တဲ့ ပန်းတန်း ၊ ကျနော်တို့ လိုချင်တဲ့ အနာဂတ်ကို ရောက်အောင်သွားမယ်။အဲဒီအတွက်လည်း ပြည်သူလူထုကို အားပေးစကား ပြောချင်တယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ရေးဘီလူးအဖွဲ့အနေဖြင့် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲရာနေရာနှင့် စစ်ကောင်စီလက်နက်ကိုင်များ ၏ ကားများ၊ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့နေရာများကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အဖွဲ့ဖြစ်သည်။

You May Also Like

သတင်း

ဖားကန့်မြို့တွင် ပြီးခဲ့သည့် မတ်လ ၁၈ရက် ညနေကလည်း ရဲများစီးနင်လာသောယာဉ်ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ သုံးဦး သေဆုံးခဲ့သည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးနေ၍ အုတ်ဖိုမြို့နယ်အတွင်း တာဝါတိုင်ရွာ၊ ချောင်းစောက်ရွာနှင့်ရေတာရွာတို့မှ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရသည်ဟုသတင်းရရှိသည်။

သတင်း

ဝက်လက်နယ်၌ မိုင်းဆွဲခံရသော စစ်အုပ်စုသည် ရွှေဘိုမြို့သို့ပြန်လည်ဆုတ်ခွာသွား၍ ယာယီပိတ်ထားသော ရွှေဘို-မန္တလေးလမ်းအား ပြန်လည်ဖွင့်ထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မုံရွာမြို့ရောက်ရှိသည့်ရက်တွင်ဒေသတွင်းတော်လှန်ရေးအင်အားစုများကအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။