Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါး၌ မီတာခကောက်ခံပါက ပစ်ခတ်ဖမ်းဆီးမည်ဟု စစ်ကောင်စီဝန်ထမ်းများအား သတိပေး

ချင်းပြည်နယ် အကြမ်းဖက် စစ်ကောင်စီ ဝန်ကြီးချုပ်က အခုနှစ် ဧပြီမှစ၍ ဟားခါးမြို့ပေါ်တွင် မီတာခကောက်ရန် ညွှန်ကြားချက်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လုပ်ဆောင်ရန် စီစဉ်နေကြောင်း ကြာသိရ၍ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ဟားခါးမြို့အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဟားခါးမြို့အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ချင်းပြည်နယ် ဟားခါးမြို့ပေါ်၌ လျှပ်စစ်မီတာခ ကောက်ခံခြင်း၊ ပြည်သူလူထုများကို နှောက်ယှက်ခြင်းပြုလုပ်ပါက ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်မည်ဖြစ်ကြောင်း ဟားခါးမြို့ပေါ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီက ယနေ့ ကြေညာချက်ထုတ်ပြန်သည်။

ချင်းပြည်နယ် အကြမ်းဖက် စစ်ကောင်စီ ဝန်ကြီးချုပ်က အခုနှစ် ဧပြီမှစ၍ ဟားခါးမြို့ပေါ်တွင် မီတာခကောက်ရန် ညွှန်ကြားချက်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လုပ်ဆောင်ရန် စီစဉ်နေကြောင်း ကြာသိရ၍ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လျှပ်စစ်မီတာခ ကောက်ခံဆောင်ရွက်ရန် လမ်းညွှန်ချက်များပေးသော ဝန်ကြီးချုပ်အပါအဝင် ဌာနဆိုင်ရာ အကြီးအကဲများ လျှပ်စစ်ဝန်ထမ်းများမှ မီတာခ ကောက်ခံခြင်းအားဖြင့် သော်လည်းကောင်း ပြည်သူလူထုထံ လာရောက်နှောက် ယှက်ခြင်း ပြုလုပ်မှုများ တွေ့ရှိရပါက ဟားခါးမြို့ပေါ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီမှ ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းအားဖြင့် လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးပြည်သူလူထုထံ အသိပေးအကြောင်းကြားအပ်သည်ဟု ဖော်ပြသည်။

စစ်တပ်မှ ဥပဒေမဲ့ အာဏာသိမ်းယူပြီးနောက် မြန်မာနိုင်ငံတွင် ဥပဒေအားလုံးသည် ပျက်ပျယ်သွားသည်ဟုခံယူကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း တော်လှန်ရေးကာလအတွင်း ကျင့်သုံးရမည့် ဥပဒေလုပ်ထုံးလုပ်နည်းများအား တိတိကျကျ သတ်မှတ်ထားရှိရကြောင်း၊ ထိုဥပဒေ လုပ်ထုံးလုပ်နည်းအရ ဟားခါးမြို့ပေါ်ရှိ ပြည်သူများက ဟားခါးမြို့ပေါ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီ၏ အသိပေး အကြောင်းကြားခြင်းမပါရှိဘဲ မည်သည့် အခွန်အခများကိုမှ ပေးသွင်းရန် မလိုအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းစစ်တပ်မှဖွဲ့စည်းထားသည့် စစ်ကောင်စီ အစိုးရလက်အောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဟားခါးမြို့ပေါ်ရှိ ပြည်သူလူထုထံ လျှပ်စစ်မီတာခ ကောက်ခံရန် စီစဉ်ဆောင်ရွက်မှုတွင် ပါဝင်ပတ်သက်မှုမရှိစေရန်နှင့် မိတာခကို လုံး၀ ပေးသွင်းခြင်းမပြုလုပ်ရန်လည်း အသိပေးကြေညာခဲ့သည်။

ဟားခါးတွင် ချင်းဒေသကာကွယ်ရေးတပ်(CDF) နှင့် ချင်းအမျိုးသားတပ်မတော်(CNA) တို့ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

You May Also Like

သတင်း

စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိပြီး အထိနာ၍ လက်နက်ကြီးများ၊ စက်လက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးနေ၍ အုတ်ဖိုမြို့နယ်အတွင်း တာဝါတိုင်ရွာ၊ ချောင်းစောက်ရွာနှင့်ရေတာရွာတို့မှ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရသည်ဟုသတင်းရရှိသည်။

သတင်း

ဝက်လက်နယ်၌ မိုင်းဆွဲခံရသော စစ်အုပ်စုသည် ရွှေဘိုမြို့သို့ပြန်လည်ဆုတ်ခွာသွား၍ ယာယီပိတ်ထားသော ရွှေဘို-မန္တလေးလမ်းအား ပြန်လည်ဖွင့်ထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

သတင်း

ရွှေတူးဖော်သည့် ကုမ္ပဏီ ပိုင်ရှင်များက လုပ်သားများကို အောက်ပိုင်းဒေသများမှ လုပ်သားများခေါ်ယူပြီး အလုပ်ဝင်စတွင် မူးယစ်ဆေးဝါးအခကြေးငွေမယူဘဲ အလကားပေးဆောင် အလုပ်စေခိုင်းပြီး မူးယစ်ဆေးဆွဲပြီးနောက် ပိုက်ဆံမပေးဘဲ အလုပ်ဆက်လက် စေခိုင်းနေကြောင်း ဖော်ပြထားသည်။