Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပဲခူးဘုရားပွဲတွင် အပျော်စီး​လှေရဟတ်ပြိုကျလူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရ

ပဲခူးမြို့ ရွှေမောဓောဘုရားပွဲကိုစစ်ကောင်စီက ဦးစီး၍ပြုလုပ်နေခြင်းဖြစ်ပြီး မတ်လ ၂၀ ရက်မှ စတင်ကာ ဧပြီလဆန်းပိုင်းအထိ ပြုလုပ်မည်ဟုသိရသည်။

ဓာတ်ပုံ - လေးလေးသန်းအောင် / Facebook
ဓာတ်ပုံ - လေးလေးသန်းအောင် / Facebook

ပဲခူးမြို့ ရွှေမော်ဓောဘုရားပွဲတွင် ယမန်နေ့ (မတ်လ ၂၆) ညပိုင်း၌ ပင်လယ်ဓားပြလှေ (အပျော်စီးလှေရဟတ်) ၏ အတက်အဆင်း လှေကားကျိုးကျ၍ လူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက​ပြောသည်။

ဓာတ်ပုံ - လေးလေးသန်းအောင် / Facebook
ဓာတ်ပုံ – လေးလေးသန်းအောင် / Facebook

ယမန်နေ့ ည ၁၀ နာရီဝန်းကျင်တွင် ပဲခူး ရွှေမော်ဓောဘုရားပွဲတွင် ပင်လယ်ဓားပြလှေ (အပျော်စီးလှေရဟတ်) အတက်အဆင်းလမ်းတွင် လူများတိုးကြိတ်ရာမှ လှေကားကျိုးကျသဖြင့် လူများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ ပရဟိတအဖွဲ့တစ်ဖွဲ့မှ ​စေတနာ့ဝန်ထမ်းတစ်ဦးက​ပြောသည်။

ဓာတ်ပုံ - လေးလေးသန်းအောင် / Facebook
ဓာတ်ပုံ – လေးလေးသန်းအောင် / Facebook

” ပင်လယ်ဓားပြလှေကို လူတွေ စုပြုံတက်ရင်း ဝိတ်မနိုင်တော့ အတက်အဆင်းလှေကား ကျိုးကျတာလို့ သိရတယ်။ ၁၀ ယောက်နီးပါးလောက် ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာများတဲ့သူ ၂၊ ၃ ယောက်လောက်ပါတယ်။ အသက်အန္တရာယ် ထိခိုက်မှုတော့ မရှိပါဘူး။ ပဲခူးဆေးရုံကို ပို့ထားပြီး ဆေးကုသမှု ခံယူနေကြပါတယ် ” ဟု ၎င်းကပြောသည်။

ပဲခူးမြို့ ရွှေမောဓောဘုရားပွဲကိုစစ်ကောင်စီက ဦးစီး၍ပြုလုပ်နေခြင်းဖြစ်ပြီး မတ်လ ၂၀ ရက်မှ စတင်ကာ ဧပြီလဆန်းပိုင်းအထိ ပြုလုပ်မည်ဟုသိရသည်။

ပဲခူးမြို့ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီက ဦးစီးပြုလုပ်သည့် ပွဲလမ်းသဘင်များ၊ သကြန်ပွဲများကို သွားရောက်ခြင်း မပြုကြရန်နှင့် ဂရုစိုက်၍ ရှောင်ကြဉ်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးဖော်ပြထားသည်။

You May Also Like

သတင်း

ပေါက်ကွဲမှုတွေဟာ မနေ့က ဖေဖော်ဝါရီ ၇ ရက် ည ၈ နာ ရီကျော်ကစပြီး ပုဏ္ဏားစု၊ ဆိုရှယ်လစ် (၉)လမ်း၊ ဆို ရှယ်လစ် (၃)လမ်း၊ မဟာစေတီဘက်ခြမ်းနဲ့ တိုင်းဘော လုံးကွင်းအနီးညစျေး စတဲ့နေရာတွေမှာ ပေါက်ကွဲမှု နေရာခြောက်ခုထက်မနည်း ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

သတင်း

ဦးကျော်ဆင့်သည် ပျူစောထီးခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး ၎င်းအား သေနတ်ဖြင့် သုံးချက်ပစ်ခတ်၍ ပြည် သူလူထု၏ဒုက္ခအား အဆုံးသတ်ပေးခဲ့ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

အဆိုပါ တိုက်ခိုက်မှုကို သြဂုတ် ၆ ရက် ည ၉ နာရီခန့်တွင် ချင်စုအထပ်သား စက်ရုံလမ်းကြား၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုအခြေအနေအား မသိရသေးပေ။

သတင်း

အဆိုပါစာသားပါ ဘန်နာကို ရန်ကုန် - မန္တလေးအမြန်လမ်းနှင့် ရထားလမ်းဆုံ သည့်နေရာရှိ သံလမ်းဂိတ်တံခါးဘောင်တွင် ချိတ်ဆွဲထားခြင်းဖြစ်သည်။