Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခိုင်မာသော တပ်ပေါင်းစုတစ်ရပ် ဖွဲ့စည်းသင့်ကြောင်း လက်နက်ကိုင်မဟာမိတ် ၈ ဖွဲ့ တိုက်တွန်း

(လူထုတော်လှန်ရေးမဟာမိတ် အင်အားစု တပ်တော်-PRA(မ​ကွေး)၏ ၂ နှစ်ပြည့် ​မွေး​နေ့အခမ်းအနားနှင့် မဟာမိတ် ၈ ဖွဲ့၏ ​ကြေညာချက် ။ ။ဓါတ်ပုံ-PRA(မ​ကွေး) )
(လူထုတော်လှန်ရေးမဟာမိတ် အင်အားစု တပ်တော်-PRA(မ​ကွေး)၏ ၂ နှစ်ပြည့် ​မွေး​နေ့အခမ်းအနားနှင့် မဟာမိတ် ၈ ဖွဲ့၏ ​ကြေညာချက် ။ ။ဓါတ်ပုံ-PRA(မ​ကွေး) )

▪︎မဟာမိတ် ၈ ဖွဲ့ ပူးတွဲ့ထုတ်ပြန်ချက်ကို NUG ပြောရေးဆိုခွင့်ရှိသူ ထောက်ခံ

တော်လှန်ရေးအောင်ပွဲရရှိရေးအတွက် နိုင်ငံရေးအရ ၊စစ်ရေးအရ ခိုင်မာညီညွတ်မှုရှိသော တပ်ပေါင်းစု တစ်ရပ်ဖွဲ့ပြီး စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရန် ​နွေဦး​တော်လှန်​ရေးနှင့်အတူ​​ပေါက်ဖွားလာ​သော လက်နက်ကိုင် ၈ဖွဲ့က ပူးတွဲကြေညာချက်ထုတ်ပြန်သည်။

တော်လှန်ရေးအင်အားစုအဖွဲ့များအကြား အပြန်အလှန်လေးစားယုံကြည်မှု၊ သဘောထားကြီးမှု၊ ရိုးသားမှုများကို သန္ဓေတည်၍ ခိုင်မာသော တပ်ပေါင်းစုတစ်ရပ် ဖွဲ့စည်းသင့်ကြောင်း၎င်းတို့က လူထုတော်လှန်ရေးမဟာမိတ် အင်အားစု တပ်တော်-PRA(မ​ကွေး)၏ ၂ နှစ်ပြည့်မွေးနေ့ မတ် ၂၈ ရက်တွင် ပူးတွဲသဘောထား ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

ထိုရှစ်ဖွဲ့မှာယင်း ၈ ဖွဲ့မှာ PRA-Magway၊ ပြည်သူ့လွတ်လပ်ရေးတပ်တော်၊ ကျောင်းသားလက်ရုံးတပ်တော်၊ အရှိုချင်းကာကွယ်ရေးတပ်၊ မိုးကြိုးပြောက်ကျားတပ်ဖွဲဲ့၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၊ ပြည်သူ့တော်လှန်ရေးအင်အားစု(အနောက်ပိုင်းဒေသ)နှင့် CDF(Asho) တို့ဖြစ်သည်။

အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများ၊ လူတန်းစားအလွှာအသီးသီးမှ ကျောင်းသားပြည်သူများ၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ စုစည်းပြီး အကျယ်ပြန့်ဆုံးသော တပ်ပေါင်းစုကြီး၏ တော်လှန်ရေးလှုပ်ရှားမှုဖြင့်သာ အောင်ပွဲရနိုင်မည်ဟု လက်နက်ကိုင်မဟာမိတ်ဖွဲ့ ၈ ဖွဲ့က ယုံကြည်ကြောင်းလည်း​ဖော်ပြထားသည်။

နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်သူ့ဘဏ္ဍာငွေဖြင့် စနစ်တကျတည်ဆောက်ခဲ့သော ဖက်ဆစ်စစ်တပ်ကို လူမျိုးစုတစ်ခုအလိုက်၊ တစ်စုတစ်ဖွဲ့အလိုက် ရင်ဆိုင်တိုက်ခိုက်ရန်မှာ မလွယ်ကူသော ကိစ္စဖြစ်ပြီး ထိုသို့ လူမျိုးစုတစ်ခုအလိုက်၊ အစုအဖွဲ့အလိုက်ဖြင့် သီးခြားတော်လှန်နေခြင်းဖြင့် အောင်ပွဲရရန် ဝေးနေဦးမည်ဟု အထက်ပါလက်နက်ကိုင် မဟာမိတ် ၈ ဖွဲ့က ယုံကြည်ကြောင်းပါရှိသည်။

အထက်ပါ ပူးတွဲထုတ်ပြန်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူက ထောက်ခံလိုက်ပြီး တော်လှန်ရေးအင်အားစုများအကြား နည်းလမ်းပေါင်းစုံ ညှိနှိုင်းဆောင်ရွက်နေကာ တိုးတက်မှုများလည်းရှိသည်ဟု မှတ်ချက်ပြုသည်။

(လူထုတော်လှန်ရေးမဟာမိတ် အင်အားစု တပ်တော်-PRA(မ​ကွေး)၏ ၂ နှစ်ပြည့် ​မွေး​နေ့အခမ်းအနားနှင့် မဟာမိတ် ၈ ဖွဲ့၏ ​ကြေညာချက် ။ ။ဓါတ်ပုံ-PRA(မ​ကွေး) )
(လူထုတော်လှန်ရေးမဟာမိတ် အင်အားစု တပ်တော်-PRA(မ​ကွေး)၏ ၂ နှစ်ပြည့် ​မွေး​နေ့အခမ်းအနားနှင့် မဟာမိတ် ၈ ဖွဲ့၏ ​ကြေညာချက် ။ ။ဓါတ်ပုံ-PRA(မ​ကွေး) )

“ဒီသဘောထားထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့ အပြည့်အဝထောက်ခံပါတယ်။မှန်လည်းမှန်ကန်တဲ့ကိစ္စဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အကြောက်ဆုံးကလည်း ဒါပါပဲ။ ဒီတော်လှန်ရေးအင်အားစုတွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပြီးဆောင်ရွက်နိုင်မယ့်အခြေအနေကို စစ်ကောင်စီအနေနဲ့ အကြောက်ဆုံးဖြစ်ပါတယ်။ အဲဒါကြောင့် သွေးခွဲရေးနည်းဗျူဟာကို နည်းလမ်း ပေါင်းစုံနဲ့ ကျင့်သုံးနေတာကို အားလုံးလည်း တွေ့မြင်ကြရလိမ့်မယ်ထင်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း ဒါကို တစိုက်မတ်မတ်ကြိုးစား ဆောင်ရွက်နေပါတယ်။ အထူးသဖြင့် တိုင်းရင်းသားအင်အားစုတွေ၊ နောက်ပြီးဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ဒါတွေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ညှိနှိုင်းဆောင်ရွက်ပြီးတော့ အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ တစိုက်မတ်မတ်ကြိုးစားနေတာ တိုးတက်မှုတွေလည်း အများကြီး ရှိနေပြီဖြစ်ပါတယ်ဗျ” ဟု NUGပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

တော်လှန်ရေးအင်အားစုများတွင် ၎င်းတို့၏ နိုင်ငံရေးရပ်တည်ချက်၊ နိုင်ငံရေးသဘောသဘာဝများရှိပြီး တစ်ဖွဲ့ချင်း၌ ရှိသည့် နိုင်ငံရေးအမြင်များကို မည်သည့်အရာများက တော်လှန်ရေးအကျိုးကျေးဇူးအတွက်၊ မည်သည့်မူဝါဒများက စုပေါင်းလုပ်ကိုင်၍ ရသည်ကို ရှာရခြင်းဖြစ်ကြောင်း မဟာမိတ် ၈ ဖွဲ့ ထုတ်ပြန်ချက်အတွက် ပြန်ကြားရေးတာ၀န်ခံ ကိုမိုးနေလက ပြောသည်။

“အခြေခံတူညီတဲ့ မူဝါဒကို အင်အားစုတွေအတွင်းမှာ ရှာဖွေပြီးတော့ တော်လှန်ရေးမှာ စစ်နိိုင်သည်အထိ ဒီမူဝါဒအပေါ်ကိို ရပ်တည်သွားပြီး တိုက်ပွဲဝင်ဖို့ပေါ့။ တကယ်လို့သာ တပ်ပေါင်းစု ကျစ်ကျစ်လစ်လစ်ခိုင်ခိုင်မာမာ ထွက်ပေါ်လာကြပြီဆိိုရင် ဒီအင်အားစုတွေ စုပေါင်းပြီးတော့ စစ်အုပ်စုကို စစ်နိုင်တဲ့အထိ တိုက်နိုင်မယ်ဆိုတာကတော့ မလွဲမသွေဖြစ်လာမယ့်ကိိစ္စဖြစ်တယ်။ ဘယ်လောက်ပဲ အခက်အခဲရှိရှိိ ကျွန်တော်တိို့ ကြိုးစားတည်ဆောက်နေတယ်။ ရှေ့ဆက်လုပ်ရမှာတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

မဟာမိတ် ၈ ဖွဲ့တွင် ပါဝင်သော PRA-Magway တာ၀န်ရှိသူကလည်း “” ကျနော်တို့ တစ်ဖွဲနဲ့ တစ်ဖွဲ မူဝါဒတွေ၊ မျှော်မှန်းချက်တွေ အားလုံးထပ်တူကျနိုင်ဖိုဆိုတာကတော့ လုံးဝဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် နံပါတ် ၁ ကတော့ ဘုံရန်သူတူညီတာကနေပဲ စရမယ်လို့ ထင်တယ်။ ဒီကနေတဆင့်မှ တပ်ပေါင်းစုမှာ ဘုံလက်ခံနိုင်တဲ့ မူဝါဒ ရည်မှန်းချက် မျှော်မှန်းချက်တွေကို ကျေလည်အောင်ဆွေးနွေး ဆုံးဖြတ်ချမှတ်ပြီး လုပ်ဆောင်မယ်ဆိုရင် ဒီလို အခက်အခဲတွေကို ကျော်လွှားနိုင်မှာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ နောက်တခုကတော့ အချင်းချင်း ပြိုင်ဆိုင်တာတွေ အပြစ်တင်တာတွေ မလုပ်ဘဲ သဘောထားကြီးကြီး ရိုးသားပွင့်လင်းစွာ ချဉ်းကပ်လုပ်ဆောင်ဖို အခြေခံအားဖြင့် လိုအပ်မယ်လို ယူဆပါတယ်။ ပြဿနာကတော့ အလုပ်လုပ်ရင် တက်နိုင်ပါတယ်။ဒီပြဿနာတွေကို ဘယ်လို အကောင်းဆုံးကျော်လွှားနိုင်မလဲလို စဉ်းစားတာက အဖြေဖြစ်မယ်လို ယူဆပါတယ်” ဟု မှတ်ချက်ပြုသည်။

ထိုအပြင် ကျောင်းသားလက်ရုံးတပ်တော် SAF မှ တာဝန်ရှိသူကလည်း “ လက်ရှိမှာ SAF အနေနဲ့က တပ်ပေါင်းစု(expand) ဖြစ်ပေါ်လာဖို့ကို ဖြစ်နိုင်ချေရှိတယ်လို့ မြင်ပါတယ်။ ဖြစ်နိုင်ချေအပြင် ဖြစ်ဖို့ လိုအပ်တယ်လို့လည်း ယုံကြည်ပါတယ်။ ဘာကြောင့်ဖြစ်နိုင်လဲဆိုတော့ ကျနော်တို့ အခုချိန်မှာ တကွဲတပြားစီ တည်ရှိနေတဲ့ အဖွဲ့အသီးသီးဟာ နိုင်ငံရေးအရ ဝေးကွာတဲ့ အဖွဲ့တွေ မဟုတ်ကြပါဘူး။အားလုံးအတူတကွလျှောက်လှမ်းချင်ကြတဲ့ ပန်းတိုင်တူသူတွေဖြစ်ကြပါတယ်။ ဒါက ပထမတစ်ချက်ပါ။ ဒုတိယက တော်လှန်ရေးရဲ့ လိုအပ်ချက်ပါ။ လက်ရှိဖက်ဆစ်စစ်တပ်ကို ကျနော်တို့ ရင်ဆိုင်တိုက်ခိုက်ကြတဲ့အခါမှာ တစ်သင်းတစ်ဖွဲ့ထဲ လုပ်လို့ ကိုင်လို့ မရပါဘူး။လုပ်ရင်လည်းမဟာဗျူဟာမြောက်တိုက်ခိုက်မှုဆိုတာမျိုးလုပ်နိုင်ဖို့အခြေအနေ နည်းပါတယ်။ ဒီလို ရန်သူကို မဟာဗျူဟာမြောက်တိုက်ခိုက်ဖို့ဆိုရင်ကျနော်တို့ တကွဲတပြားစီ လှုပ်ရှားနေကြတဲ့ အဖွဲ့တွေအားလုံး စုစည်းညီညွှတ်စွာ စုဖွဲ့မှုတစ်ရပ် လိုအပ်ပါတယ်” ဟု People’s Spring သို့ ပြောသည်။

ထို့အပြင် စစ်ရေးကဏ္ဍတွင်လည်း အမိန့်ပေးကွပ်ကဲမှု စနစ်မှစ၍ တစ်ခုထဲကနေ စီးဆင်းသည်မျိုးလိုအပ်ပြီးနိုင်ငံရေးကဏ္ဍတွင်လည်း ခိုင်မာအားကောင်းမှန်ကန်သည့်ဘုံ ရပ်တည်ချက်ရှိနေဖို့ လိုအပ်သောကြောင့် တပ်ပေါင်းစုဖွဲ့စည်းရန်ဖြစ်နိုင်သညဟုယုံကြည်ကြောင်း SAF တာဝန်ရှိသူက ဆက်ပြောသည်။