Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆောမြို့နယ်တွင် စစ်ကောင်စီတပ်က သံဃာတော်တစ်ပါးနှင့် စစ်ရှောင်အမျိုးသမီးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်

ဆောမြို့နယ် ဒေသခံတစ်ဦးသို့ ဆက်သွယ်မေးမြန်းရာ စံရွာမှ ဘုန်းတော်ကြီးနှင့် စစ်ရှောင်တစ်ဦး ဖမ်းဆီးခံရသည်မှာ မှန်ကန်ကြောင်း ပြောသည်။

(ဆောမြို့နယ်ရှိ စံကျေးရွာအနီးဖြတ်သန်းသွားလာနေသော စစ်ကောင်စီတပ်သားများအား မတ်လ၂၄ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mindat)
(ဆောမြို့နယ်ရှိ စံကျေးရွာအနီးဖြတ်သန်းသွားလာနေသော စစ်ကောင်စီတပ်သားများအား မတ်လ၂၄ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mindat)

မကွေးတိုင်း ဆောမြို့နယ်ရှိ စံကျေးရွာမှ သံဃာတော် တစ်ပါးနှင့် စစ်ရှောင်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။

ဆောမြို့နယ် ပန်းဆန်ကျေးရွာမှထွက်လာသည့် စစ်ကောင်စီတပ်များသည် တေးကျေးရွာသို့ ယနေ့ ရောက်ရှိပြီး ဘုန်းကြီးကျောင်းနှင့် ပြည်သူ့နေအိမ်များ၌ တပ်စွဲထားကြောင်း၊ စံရွာ၌ ရောက်နေသည့် စစ်ကောင်စီတပ် အင်အား ၈၀ခန့်သည် ယနေ့နံနက်တွင် ရွာတောင်ဘက် စံတောင်ရိုးဘက်သို့ ဦးတည်ထွက်ခွာသွားကြောင်း ဒေသခံတစ်ဦးက အသိပေးထားသည်။

“ ရွာဦး ဘုန်းကြီးနှင့် စစ်ဘေးရှောင် ချင်းအမျိုးသမီး တစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြ။ လူသားဒိုင်းအဖြစ် ရှေ့ကနေ သွားခိုင်းတယ်လို့ ကြားသိရပါတယ်။”ဟု ဒေသခံက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားအသိပေးသည်။

Public Service Announcement
Public Service Announcement

ဆောမြို့နယ် ဒေသခံတစ်ဦးသို့ ဆက်သွယ်မေးမြန်းရာ စံရွာမှ ဘုန်းတော်ကြီးနှင့် စစ်ရှောင်တစ်ဦး ဖမ်းဆီးခံရသည်မှာ မှန်ကန်ကြောင်း ပြောသည်။

“ သူတို့ကတော့ PDF တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းတာပေါ့။ စစ်ဘေးရှောင်က ခေါင်းဆောင်ကိုလည်း ဖမ်းသွားတယ်။ ၂ဦး ဖမ်းခံရတာသိတယ်။ ဒါပဲ သိရသေးတယ်” ဟု ဒေသခံက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရကြောင်းလည်း ၎င်းက ဆိုသည်။

“ စစ်ကြောင်းတွေကတော့ ဒီလိုပဲ တစ်ရွာပြီးတစ်ရွာသွားနေတာ။ စစ်ကြောင်းနှစ်ကြောင်းနဲ့။ ရွာတွေကတော့ ပြေးလွှားနေကြရတော့တာပေါ့”ဟု ဒေသခံက ပြောသည်။

လတ်တလောတွင် တိုက်ပွဲဖြစ်ပွားမှုမရှိသေးကြောင်း ဒေသခံက ပြောသည်။