Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပင်လောင်းတိုက်ပွဲ စစ်ကောင်စီတပ်အထိနာ၍ လေကြောင်းတိုက်ခိုက်

စစ်ကောင်စီပူးပေါင်းတပ် အသေအဆုံးများနေသည့် ရှမ်း-ကယား နယ်စပ်သို့ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်ကူအဖြစ် စစ်ကား ၄၀ စီးထက်မနည်း ယမန်နေ့ကစ၍ ဖြည့်တင်းနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောထားသည်။

(ယနေ့ ပင်လောင်း မြို့နယ်တိုက်ပွဲ အတွင်းတွေ့ရသည့် ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ။ ဓာတ်ပုံ - DMO Local PDF)
(ယနေ့ ပင်လောင်း မြို့နယ်တိုက်ပွဲ အတွင်းတွေ့ရသည့် ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ။ ဓာတ်ပုံ - DMO Local PDF)

▪️မိုးဗြဲPDF မှ ရဲဘော်တစ်ဦးကျဆုံး၊ တော်လှန်ရေးရဲဘော်အချို့ ဒဏ်ရာရ

ရှမ်း – ကယား(ကရင်နီ)ပြည်နယ်အစပ် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားရာ စစ်ကောင်စီတပ်သား သေဆုံးမှုများပြားကြောင်း ပြည်သူ့ကာကွယ်‌ရေးတပ်-ဒီးမော့ဆိုမြို့နယ် DMO -Local PDF က ထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၉ ရက်)က လုံးပြင်နှင့် တောင်မဲသင်းတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို DMO-Local PDF နှင့် တပ်ပေါင်းစုများတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

တိုက်ပွဲမှာ နံနက် ၁၁ နာရီခွဲမှ ညနေ ၆ ကျော်အထိ ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း အသိပေးသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရရှိမှု၊သေဆုံးမှုများပြားပြီး ဂျက်ဖိုက်တာတိုက် လေယာဉ်ဖြင့် (၂၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အသိပေးထားသည်။

(ယနေ့ ပင်လောင်း မြို့နယ်တိုက်ပွဲ အတွင်းတွေ့ရသည့် ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ။ ဓာတ်ပုံ - DMO Local PDF)
(ယနေ့ ပင်လောင်း မြို့နယ်တိုက်ပွဲ အတွင်းတွေ့ရသည့် ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ။ ဓာတ်ပုံ – DMO Local PDF)

“ ကျွန်တော်တို့ စကစ စခန်းတွေကို ဝင်စီးတာပါ။သူတို့ဘက်က အထိနာတော့ ပေါင် ၅၀၀ ဗုံးတွေတောင်သုံးတယ်။လေကြောင်းပစ်ကူများတာ​ကြောင့် ပြန်ဆုတ်ခဲ့တယ်။ မြေပြင်မှာ စစ်ကောင်စီတပ်သား အလောင်း ခုနှစ်လောင်းလောက်ကတော့ မျက်မြင်တွေ့ရှိထားခဲ့တယ်” ဟု ပင်လောင်း စစ်မျက်နှာပြင်၌ ရှိနေသည့် DMO Local PDF တာဝန်ရှိသူက လူထုနွေဦးသို့ ​ပြောသည်။

တိုက်ပွဲအတွင်း DMO Local PDFမှ ရဲဘော်နှစ်ဦးဒဏ်ရာရရှိပြီး မိတ်ဖက်တော်လှန်ရေးအင်အားစုအချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးထားသည်။

အလားတူ မိုးဗြဲ-PDF မှ ရဲဘော်တစ်ဦး ဖက်ဒရယ်ဒီမိုကရေစီအတွက် မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။

ယနေ့တိုက်ပွဲမတိုင်မီ ယမန်နေ့က ပင်လောင်းမြို့နယ်အတွင်း ၁၅ မိနစ်ခန့်ကြာ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီပူးပေါင်းတပ် အသေအဆုံးများနေသည့် ရှမ်း-ကယား နယ်စပ်သို့ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်ကူအဖြစ် စစ်ကား ၄၀ စီးထက်မနည်း ယမန်နေ့ကစ၍ ဖြည့်တင်းနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောထားသည်။

ထို့အပြင် ရှမ်း-ကယား နယ်စပ် ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်၌ ယခုလ(မတ်လ ၁၀ ရက်မှ ၂၆ ရက်အထိ)အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၆၀ကျော်သေဆုံးကြောင်း သိရသည်။