Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အမှတ်(၁)စစ်​ဒေသဖြစ်​သောစစ်ကိုင်း၊ မကွေး၊မန္တလေးနှင့်ရှမ်းမြောက်၌ ဇန်နဝါရီလအတွင်းတိုက်ပွဲ ၃၆၀ကျော်ဖြစ်၊ စစ်ကောင်စီတပ်မှ၄၃၀ ဦး ကျော် သေဟု NUG ထုတ်ပြန်

စစ်ဒေသ(၁)နယ်မြေများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းတိုက်ပွဲပေါင်း (၃၆၂) ကြိမ် ဖြစ်ပွားခဲ့သည်ဟု​ဖော်ပြထားသည်။

(မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(MPDF)မှတပ်ဖွဲ့ဝင်များ နှင့် အမှတ် (၁)စစ်​ဒေသ ၂၀၂၃ ဇန်နဝါရီလ တိုက်ပွဲအ​ခြေအ​နေပြအင်ဖိုဂရပ်။ ဓါတ်ပုံ/အင်ဖိုဂရပ်-MPDF၊NUG-MOD)

▪︎တော်လှန်ရေးရဲဘော် ၂၇ဦး ကျဆုံးခဲ့ဟု အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမှတ်(၁) စစ်ဒေသ ၌ ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃၀ ကျော်သေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

စစ်ဒေသ(၁)နယ်မြေများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းတိုက်ပွဲပေါင်း (၃၆၂) ကြိမ် ဖြစ်ပွားခဲ့သည်ဟု​ဖော်ပြထားသည်။

(မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(MPDF)မှတပ်ဖွဲ့ဝင်များ နှင့် အမှတ် (၁)စစ်​ဒေသ ၂၀၂၃ ဇန်နဝါရီလ တိုက်ပွဲအ​ခြေအ​နေပြအင်ဖိုဂရပ်။ ဓါတ်ပုံ/အင်ဖိုဂရပ်-MPDF၊NUG-MOD)
(မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(MPDF)မှတပ်ဖွဲ့ဝင်များ နှင့် အမှတ် (၁)စစ်​ဒေသ ၂၀၂၃ ဇန်နဝါရီလ တိုက်ပွဲအ​ခြေအ​နေပြအင်ဖိုဂရပ်။ ဓါတ်ပုံ/အင်ဖိုဂရပ်-MPDF၊NUG-MOD)

တိုက်ပွဲ ၃၆၀ ကျော်အနက် ထိတွေ့တိုက်ပွဲ ၂၅၃ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၈၂ကြိမ်၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ၁၉ ကြိမ် ၊ စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်မှု ၈ ကြိမ် ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲများ၌ ရန်သူ (၄၃၈) ဦး သေဆုံးကာ ၅၅၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေးက ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးရဲဘော် ၂၇ဦး ကျဆုံးကာ ၄၅ ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

ရန်သူ့ထံမှလက်နက်မျိုးစုံ (၂၅)လက်အပါအဝင်ခဲယမ်းမီးကျောက် အမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း လည်းသိရသည်။

(မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(MPDF)မှတပ်ဖွဲ့ဝင်များ နှင့် အမှတ် (၁)စစ်​ဒေသ ၂၀၂၃ ဇန်နဝါရီလ တိုက်ပွဲအ​ခြေအ​နေပြအင်ဖိုဂရပ်။ ဓါတ်ပုံ/အင်ဖိုဂရပ်-MPDF၊NUG-MOD)
(မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(MPDF)မှတပ်ဖွဲ့ဝင်များ နှင့် အမှတ် (၁)စစ်​ဒေသ ၂၀၂၃ ဇန်နဝါရီလ တိုက်ပွဲအ​ခြေအ​နေပြအင်ဖိုဂရပ်။ ဓါတ်ပုံ/အင်ဖိုဂရပ်-MPDF၊NUG-MOD)

“နိုဝင်ဘာလကုန်ပိုင်းလောက်စပြီး တပ်ရင်းတွေကို ခရိုင်တပ်ရင်းတွေအဖြစ်ပြောင်းလဲပြီး စစ်ဒေသမှုးကွပ်ကဲမှုအောက်ကို ရောက်အောင်ကြိုးစားခဲ့ကြတယ်။ စွမ်းရည်မြှင့်အောင်လည်း မွမ်းမံတွေထပ်တက်လာရတယ်”ဟု ဂန့်ဂေါခရိုင်တပ်ရင်းတစ်ခုမှ တပ်ရင်းမှူးကပြောသည်.

အဆိုပါတိုက်ပွဲများကို အမှတ်(၁)စစ်ဒေသကွပ်ကဲမှအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

(မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(MPDF)မှတပ်ဖွဲ့ဝင်များ နှင့် အမှတ် (၁)စစ်​ဒေသ ၂၀၂၃ ဇန်နဝါရီလ တိုက်ပွဲအ​ခြေအ​နေပြအင်ဖိုဂရပ်။ ဓါတ်ပုံ/အင်ဖိုဂရပ်-MPDF၊NUG-MOD)
(မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(MPDF)မှတပ်ဖွဲ့ဝင်များ နှင့် အမှတ် (၁)စစ်​ဒေသ ၂၀၂၃ ဇန်နဝါရီလ တိုက်ပွဲအ​ခြေအ​နေပြအင်ဖိုဂရပ်။ ဓါတ်ပုံ/အင်ဖိုဂရပ်-MPDF၊NUG-MOD)

ဒီမတ်လထဲမှာ စစ်ကောင်စီတပ်က မကွေးတိုင်းထဲကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာတွေ လုပ်ခဲ့ပါတယ်။ မနှစ်ကလည်း ဒီအချိန်မှာပဲ သူတို့ ထိုးစစ်တွေလုပ်ခဲ့ပါတယ်။

ပခုက္ကူခရိုင်တပ်ရင်းတစ်ခုမှတပ်ရင်းမှူးတစ်ဦးကလည်း” ဒီနှစ်မှာတော့ စစ်ကောင်စီ စစ်ကြောင်းကို ရွာတွေထဲမှာ ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်ရမ်းခွင့်မရအောင် ကာကွယ်ရေးအဖွဲ့တွေက အထိုက်အလျှောက်ဟန့်တားနိုင်ခဲ့ပါတယ်။ တိုက်ပွဲတွေက ပိုမို ပြင်းထန်လာနိုင်ပြီး PDFတွေဘက်ကလည်း အရည်အသွေးမြင့်တက်လာဖို့ ပြင်ဆင်ထားတာတွေလည်းရှိပါတယ်။” ဟုပြောသည်။