Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လိပ်သိုနယ် ဗဟုန်းဗျူဟာတပ်စခန်းတိုက်ပွဲ စစ်ကောင်စီတပ် ၅ဦးသေ

သံတောင်ကြီးမြို့နယ် လိပ်သိုမြို့နယ်ခွဲ ဗဟုန်းကျေးရွာ၊တောင်ငူ-လိပ်သိုလ် ဗျူဟာလမ်းတွင်ရှိသည့် ဗဟုံးစစ်ကောင်စီဗျူဟာစစ်စခန်းကို ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ၅ဦးသေ၊ ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

(သံတောင်မြောက်ပိုင်းတပ်ဖွဲ့(အထူးဒေသ)မှ ရဲဘော်များအား တွေ့ရစဉ်)
(သံတောင်မြောက်ပိုင်းတပ်ဖွဲ့(အထူးဒေသ)မှ ရဲဘော်များအား တွေ့ရစဉ်)

▪️စစ်ကောင်စီက လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် တုံ့ပြန်တိုက်ခိုက်၊ တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၍ စစ်ကောင်စီနှင့် နီးကပ်စွာမနေရန် သံတောင်မြောက်ပိုင်းတပ် သတိပေး

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ ဗဟုန်းဗျူဟာစခန်းကို မတ်လ ၂၇ရက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးခဲ့ကြောင်း သံတောင်မြောက်ပိုင်းတပ်ဖွဲ့(အထူးဒေသ)က သတင်းထုတ်ပြန်သည်။

သံတောင်ကြီးမြို့နယ် လိပ်သိုမြို့နယ်ခွဲ ဗဟုန်းကျေးရွာ၊တောင်ငူ-လိပ်သိုလ် ဗျူဟာလမ်းတွင်ရှိသည့် ဗဟုံးစစ်ကောင်စီဗျူဟာစစ်စခန်းကို ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ၅ဦးသေ၊ ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

အဆိုပါတိုက်ပွဲ အတွင်းစစ်ကောင်စီတပ်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ၄ကြိမ်၊ တိုက်လေယာဉ်ဖြင့် ၁၀ကြိမ်ထက်မနည်းလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ကြီး ပစ်ကူများလည်း အလွန်အကျွံအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

သံတောင်မြောက်ပိုင်းတပ်ဖွဲ့၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင်လည်း တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီမှ တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့်လာရောက်တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကိုလည်း ဖော်ပြသည်။

ထို့ကြောင့် စစ်ကောင်စီတပ်စခန်းအတွင်းသို့ ဝင်ရောက်သိမ်းဆည်းနိုင်ရန် မဖြစ်နိုင်၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ပွဲအတွင်း သံတောင်မြောက်ပိုင်းတပ်ဖွဲ့မှ ရဲဘော် တစ်ဦး တိုက်ပွဲအတွင်း လက်လုပ်မိုင်းမတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး ဘယ်လက်လက်ကောက်ဝတ် ပြတ်ကျခဲ့ရပြီး အသက်အန္တရာယ် မစိုးရိမ်ရဟု အသိပေးသည်။

တိုက်ပွဲကြောင့် ဒေသခံရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ဆိုသည်။ တိုက်ပွဲဖြစ်ပွားရာဒေသသည် KNU တပ်မဟာ(၂)နယ်မြေဖြစ်သည်။

လက်ရှိတွင် စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းသို့ နယ်မြေကျူးကျော်လာသော စစ်ကောင်စီတပ်များနှင့် အချိန်မရွေး၊ နေရာမရွေး တိုက်ပွဲများ ဖြစ်နိုင်သောကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ထိခိုက်နစ်နာမှုများမရှိစေရေး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ၏ နီးစပ်ရာများတွင် နေထိုင်မှုမပြုကြရန် သတိပေးထားသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီနှင့် မပူးပေါင်း ရန် အထူးသတိပေးကြောင်း သံတောင်မြောက်ပိုင်းတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ တပ်ဖွဲ့မှ ထုတ်ပြန်သည့် စစ်ရေးသတင်းများကို ဂရုတစိုက် နှင့် လိုက်နာရန်လည်း မေတ္တာရပ်ခံသည်။ သံတောင်မြောက်ပိုင်း တပ်ဖွဲ့အတွက်လိုအပ်ချက် ဖြစ် သောခဲယမ်းမီးကျောက်များ ဝယ်ယူနိုင်ရေးထောက်ပို့ ကူညီပေးနိုင်ကြောင်းလည်း မေတ္တာရပ်ခံထားသည်။