Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တစ်စီးအား ခြောက်ကြိမ်မိုင်းဆွဲတို​က်ခိုက်

မတ်လ၂၈ ရက် မွန်းလွဲပိုင်းကလည်း မြင်းမူမြို့နယ်၊ ဘိုးမင်းကျီးကင်းကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သားများကို PKDF-MMUနှင့် မဟာမိတ်အဖွဲ့များက (၆၀)မမလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

(မုံရွာ - မန္တလေးလမ်းပေါ်တွင် ယမန်နှစ်ကုန်ပိုင်းက မိုင်းထိ၍ ရပ်တန့်ထားသော စစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ-LPDF)
(မုံရွာ - မန္တလေးလမ်းပေါ်တွင် ယမန်နှစ်ကုန်ပိုင်းက မိုင်းထိ၍ ရပ်တန့်ထားသော စစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ-LPDF)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကိုင်းမြို့မှထွက်လာသော စစ်ကောင်စီယာဥ်တစ်စီးအား ခြောက်ကြိမ်တိုင် မိုင်းဆွဲတို​က်ခိုက်ရာ စစ်သား ၁၃ဦးသေဆုံးကြောင်း People’s knight Defense Force Myinmu၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

ယမန်နေ့ (မတ်လ၂၉ ရက်) ည ၁၀နာရီခန့်က စစ်ကိုင်းတပ်မှ ဘိုးမင်းကျီးကင်းကျေးရွာစခန်းသို့လာသော အင်အား ၄၀ခန့်ပါ စစ်ကောင်စီယာဥ်တစ်စီးအား မြင်းမူမြို့နှင့် ဝမ်းပြည့်ကျေးရွာကြားတွင် နှစ်ကြိမ်၊ ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြားတွင်​လေးကြိမ် စုစုပေါင်း ခြောက်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း PKDF-MMU ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်သား ၁၃ ဦးသေဆုံးပြိး အများအပြားထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ၎င်းက ဆိုသည်။ သို့သော် သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

အဆိုပါယာဥ်အား ပဒေသာမိုင်းဖြင့် ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်လိုက်ရာ ယာဥ်မှာ ရပ်သွားပြီးပစ်ခတ်နေစဉ် နောက်ထပ် ထပ်မံဖောက်ခွဲလိုက်ရာ ယာဥ်အားထိမှန်ခဲ့ကြောင်း၊ ရှေ့ဆက်ပြီး မောင်းနှင်လာချိန်တွင် နောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်ခဲ့ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ တော်တော်ကိုပြန်ပစ်တယ်။ ညပိုင်းမှာကားကို ဆက်မသွားနိုင်တော့ဘဲနဲ့ သေကုန်ပြီဘာညာနဲ့အသံကြားရတယ်။ ဘယ်မှဆက်မသွားနိုင်တော့ဘဲ မြောင်လမ်းခွဲက သူတို့ခြံထဲကိုဝင်တာ။” ဟု PAFDတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးများကို People’s knight Defense Force Myinmu (PKDF-MMU) နှင့်အတူ People’s Army To Fight Dictatorship(PAFD) တပ်ခွဲ Dog Killers Defense Force Myinmu( DKPDF -MMU) ၊ D.B.B.F-MMU စသည့် မဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရဲဘော်များထိခိုက်မှုမရှိဟု အသိပေးထားသည်။

မတ်လ၂၈ ရက် မွန်းလွဲပိုင်းကလည်း မြင်းမူမြို့နယ်၊ ဘိုးမင်းကျီးကင်းကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သားများကို PKDF-MMUနှင့် မဟာမိတ်အဖွဲ့များက (၆၀)မမလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။