Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခွာဖိုရွာ အရပ်သားပြည်သူများအား ဗုံးကြဲတိုက်ခိုက် သည့် စစ်ကောင်စီ၏ စက်ဆုပ်ဖွယ်လုပ်ရပ် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဟု CNF ထုတ်ပြန်

စစ်ကောင်စီတပ်သည် ခွာဖိုရွာကို မတ်လ ၃၀ရက် က လေကြောင်းမှ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ငါးဦး အပါအဝင် အရပ်သား ရှစ်ဦး သေဆုံးခဲ့ပြီး ၁၁ဦးဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။ သေဆုံးထိခိုက်ခဲ့သူများအနက် ကလေးငယ်များလည်း ပါဝင်သည်။

(ခွာဖိုရွာ အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် သေဆုံးသူများအား သဂြိုလ်နေစဥ်။ ဓာတ်ပုံ -Salai Tial Hram Ling)
(ခွာဖိုရွာ အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် သေဆုံးသူများအား သဂြိုလ်နေစဥ်။ ဓာတ်ပုံ -Salai Tial Hram Ling)

▪️နိုင်ငံတကာမှ ဝိုင်းဝန်းအရေးယူ အပြစ်ပေးမှု ပြုလုပ်ရန် တောင်းဆို

အကြမ်းဖက် စစ်ကောင်စီတပ်က ချင်းပြည်နယ် ထန်တလန်မြို့နယ် ခွာဖိုရွာ ပြည်သူများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယင်းလုပ်ရပ်သည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ထုတ်ပြန်ကြေညာခဲ့ပြီး နိုင်ငံတကာ မိသားစုမှ ဝိုင်းဝန်းအရေးယူ အပြစ်ပေးမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

စစ်ကောင်စီတပ်သည် ခွာဖိုရွာကို မတ်လ ၃၀ရက် က လေကြောင်းမှ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ငါးဦး အပါအဝင် အရပ်သား ရှစ်ဦး သေဆုံးခဲ့ပြီး ၁၁ဦးဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။ သေဆုံးထိခိုက်ခဲ့သူများအနက် ကလေးငယ်များလည်း ပါဝင်သည်။

ထို့ပြင် လူနေအိမ်ခြေ ၁၃လုံး မီးလောင် ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

ခွာဖိုရွာ အကြမ်းဖက်မှုအတွင်း အသက်ဆုံးရှုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူများ၏ မိသားစုများ ရပ်ဆွေရပ်မျိုးများနှင့်အတူ ဝမ်းနည်းကြောင်း CNF က ဖော်ပြခဲ့ပြီး ဘုရားရှင်ထံ စိတ်နှလုံး ငြိမ်သက်ခြင်း သက်ရောက်စေကြောင်း ဆုတောင်းမေတ္တာပို့ခဲ့သည်။

Public Service Announcement
Public Service Announcement

အကြမ်းဖက် စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူများအပေါ် လူမဆန်စွာ အကြမ်းဖက် ဗုံးကြဲ သတ်ဖြတ်သည့် စက်ဆုပ်ဖွယ် လုပ်ရပ်သည် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ချိုးဖောက်ခြင်း ဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိဖြင့် လူမျိုးသုဉ်း သတ်ဖြတ်ခြင်းဖြစ်၍ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်း CNFက ထုတ်ပြန်သည်။

CNF/CNA(ချင်းအမျိုးသားတပ်မတော်) အနေဖြင့် စစ်ကောင်စီအား နည်းပေါင်းစုံဖြင့် တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်ကြောင်း အသိပေးခဲ့ပြီး နိုင်ငံရေး ခံယူချက်၊ ဦးတည်ချက် တူသည့် တိုင်းရင်းသားညီနောင် မဟာမိတ်များ၊ NUG အစိုးရ၊ နွေဦးတော်လှန်ရေး လက်နက်ကိုင်အင်အားစုများနှင့်အတူ စစ်အာဏာရှင် စနစ် ကျဆုံးသည်အထိ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။