Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတွင် ဒေသခံများ​၏ ဂျုံခင်းများ မီးရှို့ဖျက်ဆီးသည့် ပျူများအားတိုက်ခိုက်

ရွှေကြွယ်ပုံကျေးရွာရှိ ပျူများသည် စစ်ကောင်စီတပ်၏ လက်နက်ချထားပေးသော ရွာတစ်ရွာဖြစ်ပြီး စစ်အုပ်စုနှင့်ပူးပေါင်းကာ အနီးဝန်းကျင်ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

(ရွှေကြွယ်ပုံရွာမှ ပျူစောထီးများအား ဗုံးသီးချတိုက်ခိုက်နေစဉ်)
(ရွှေကြွယ်ပုံရွာမှ ပျူစောထီးများအား ဗုံးသီးချတိုက်ခိုက်နေစဉ်)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ဒေသခံပြ​ည်သူများ၏ ဂျုံခင်းများ မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီလက်အောက်ခံ ပျုစောထီးများကို ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေဆုံးကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မတ်လ ၂၉ ရက် နံနက် ၁၀ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ရွှေကြွယ်ပုံရွာမှ ပျူများသည် ၎င်းတို့၏ ကြက်သွန်ခင်းများကို သိမ်းဆည်းရင်း အခြားရွာသားများပိုင် ဂျုံခင်းများကို မီးလိုက်ရှို့ခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါပျူများအား ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များပူးပေါင်းကာ ဒရုန်းဖြင့် ဗုံးသီး ခုနစ်လုံးကြဲချခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ ရွာမှာက စကစနဲ့ပျူ ၄၀ လောက်ရှိမယ်။ သူတို့စိုက်ထားတဲ့ ကြက်သွန်ခင်းကို သိမ်းရင်း တခြားရွာက ဂျုံခင်းတွေကို မီးလိုက်ရှို့နေတာ။ အဲဒါနဲ့ ဒရုန်းရော၊လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ရော သွားတိုက်ခဲ့တာ၊ အဲဒီရွှေကြွယ်ပုံဆိုတာ တစ်ရွာလုံး ပျူတွေပဲ။ စစ်ကိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ခင်မောင်မြင့်ရွာ၊ တစ်ကောင်သေပြီး သုံးကောင်ဒဏ်ရာရတယ်လို့အတွင်းသတင်းရတယ်။” ဟု အထက်ပါတာဝန်ခံက ဆိုသည်။

ယင်းတိုက်ခိုက်မှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းမြို့နယ် ပကဖ၊ Phoenix SGG ၊ Fight for Fedreal ၊ စစ်ကိုင်းခရိုင်တပ်ရင်း (၇)တပ်ခွဲ ၄ ၊ Zero Power ၊ Danger Force ။ Young Wolf အဖွဲ့တို့ပူးပေါင်တိုက်ခိုက်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိကြောင်း အသိပေးထားသည်။

ရွှေကြွယ်ပုံကျေးရွာရှိ ပျူများသည် စစ်ကောင်စီတပ်၏ လက်နက်ချထားပေးသော ရွာတစ်ရွာဖြစ်ပြီး စစ်အုပ်စုနှင့်ပူးပေါင်းကာ အနီးဝန်းကျင်ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။