Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလောမြို့ တံတားထိပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

မတ်လ ၂၉ ရက် ညနေ ၃နာရီခန့်က ပုလောမြို့ တံတားထိပ်စစ်ဆေးရေးဂိတ်တွင် ပြည်သူများအား ဖမ်းဆီးစစ်ဆေးနေသော စစ်ကောင်စီတပ်ဘန်ကာအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် စစ်တပ်အရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရသွားသည်ဟု ဆိုသည်။

(ပုလောမြို့အဝင် တံတားထိပ်အနီး စစ်တပ်ဂိတ်ချစစ်ဆေးသည့်နေရာအား တွေ့ရစဥ်)
(ပုလောမြို့အဝင် တံတားထိပ်အနီး စစ်တပ်ဂိတ်ချစစ်ဆေးသည့်နေရာအား တွေ့ရစဥ်)

တနင်္သာရီတိုင်း ပုလောမြို့အနီး တံတားထိပ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Palaw Regiinal Defense Force – PRDF မှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

မတ်လ ၂၉ ရက် ညနေ ၃နာရီခန့်က ပုလောမြို့ တံတားထိပ်စစ်ဆေးရေးဂိတ်တွင် ပြည်သူများအား ဖမ်းဆီးစစ်ဆေးနေသော စစ်ကောင်စီတပ်ဘန်ကာအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် စစ်တပ်အရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရသွားသည်ဟု ဆိုသည်။

“ ကျွန်တော်တို့ တိုက်ခိုက်မယ့်အချိန်မှာ ပြည်သူတွေသွား လာနေတာရှိတော့ ပြည်သူလည်းမထိခိုက်အောင် ပစ်မှတ်လည်းထိရောက်အောင်ချရတာဖြစ်တဲ့အတွက် ထိခိုက်မှုတော့နည်းတယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ သူတို့(စစ်တပ်) အရာရှိတစ်ဦးခြေထောက်ထိသွားတယ်လို့ သိရပါတယ်” ဟု PRDF မှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ခိုက်ခံရမှုကို စစ်ကောင်စီတပ်ဘက်က အနီးကပ်လာရောက်ပစ်ခတ်သည်ဟုယူဆပြီး တံတားနှင့်မလှမ်းမကမ်းရှိ တောင်ကုန်းဘက်သို့ ရမ်းသမ်းပစ်ခတ်ရာ တောက်ကုန်းပေါ်နေရာယူထားသည့် ၎င်းတို့တပ်အချင်းချင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သော်လည်း ထိခိုက်သေဆုံးရှိ၊မရှိ မသိရသေးကြောင်း PRDF တာဝန်ရှိသူက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ပုလောမြို့အနီး တံတားထိပ်နှင့် တံတားအနီးတောင်ကုန်းများတွင် အင်အား ၁၀ဦးမှ ၂၀ခန့်အထိ ကင်းပုန်းချထားကာ နေရာယူထားကြောင်း PRDF ထံမှ သိရသည်။

ထို့အပြင် ယင်းနေ့(မတ် ၂၉)ညပိုင်းတွင် စစ်ကောင်စီတပ်က တံတားအနီးရှိ ပုလောမြို့ အမှတ် (၁)ရပ်ကွက်အတွင်း ဝင်ရောက်စစ်ဆေးမှုများလုပ်သည့်အပြင် လမ်းသွား၊လမ်းလာလူငယ်အချို့ကို ဖမ်းဆီးသွားပြီး ဖမ်းခံရသည့်လူငယ်ဦးရေအား မသိရသေးပေ။

အဆိုပါ မတ် ၂၉ ရက်ညနေပိုင်းတွင်လည်း ပုလောမြို့မရဲစခန်းရှေ့ရပ်ထားသော ယာဥ်နှစ်စီးကြားသို့ ဗုံးသီးချတိုက်ခိုက်ခဲ့သော်လည်း ချို့ယွင်းမှုဖြစ်ကာ ဗုံးပေါက်ကွဲခြင်းမရှိဘဲ တိုက်ခိုက်မှုပျက်စီးခဲ့ကြောင်း PRDF က အသိပေးသည်။